အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ သေသေချာချာ ကြည့်မှ သဘောပေါက်သွားစေမယ့် ဓာတ်ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ လျှပ်တပြက်အချိန်လေးအတွင်းမှာ အမိအရ ရိုက်ကူးမိသွားတဲ့ ပုံလေးတွေလည်း ဒီအထဲမှာပါဝင်လို့နေပါတယ်။ ဘယ်လိုပုံတွေ ဖြစ်မလဲဆိုတာကတော့ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com
၁။ Comfort Zone ထဲမှာပဲ နေပျော်နေသောအခါ

အခုပုံလေးထဲက အမျိုးသမီးကတော့ါ အများသူငါတွေနဲ့ တစ်မူခွဲခြားစွာ နေထိုင်ချင်တဲ့ သူဖြစ်မယ့်ပုံပါ။ လူသွားလူလာများတဲ့ လမ်းပေါ်မှာတောင် ရေချိုးခါနီးဝတ်တဲ့ Shower နဲ့ ခေါင်းမှာ သဘက်ပတ်ပြီး ခပ်တည်တည်နဲ့ လမ်းလျှောက်နေတဲ့ပုံကတော့ တစ်ကယ့်ကို အံ့အားသင့်စရာပါပဲ ။ shwekhitonlinetv.com
၂။ Selfie ရိုက်တာကို သဘောကျနေတဲ့ ခိုလေး

ဒီခိုလေးကတော့ Selfie ရိုက်တာကို အတော်လေး သဘောကျနေတဲ့ ပုံပါပဲ ။ အကြောင်းကတော့ အနောက်မှာ လူရှိနေတာတောင် ကြောက်လန့်တာမျိုး မဖြစ်ပဲ Camera ကို စူးစူးစမ်းစမ်း ကြည့်နေတာလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ နှစ်ခါပြန်ကြည့်မှ သဘောကျမယ့်ပုံ

အခုမြင်နေရတဲ့ ပုံကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ မျက်လုံးပြူးသွားစေမှာ အသေအချာပါပဲ ။ တစ်ကယ်က အနောက်ဘက် မှန်နံရံကို ကျောမှီပြီး ရိုက်ထားတာပဲ ဖြစ်ပါတယ်နော်…. shwekhitonlinetv.com
၄။ ကမ္ဘာ့အသေးဆုံး ပန်းခြံ

စကော့တလန်မှာ ရှိတဲ့ ဒီပန်းခြံလေးကတော့ ကမ္ဘာ့အသေးဆုံး ပန်းခြံအဖြစ် စာရင်းဝင်ထားပါတယ်။ ဘယ်လိုအကြောင်းကြောင့် အခုလို ပန်းခြံအဖြစ်နာမည်ပေးထားတာလဲဆိုတာ မသိရပေမယ့်လည်း အတော်လေးကို ထူးဆန်းလှပါတယ်။ shwekhitonlinetv.com
၅။ တစ်ကယ့်ခြင်္သေ့အစစ်လား ၊ မျိုးစပ်ထားတာလား မသဲကွဲဘူး

အခုမြင်နေရတဲ့ ပုံထဲမှာတော့ ပြတင်းပေါက်ဘက်ကို ကြည့်လိုက်ရင် ခြင်္သေ့နဲ့အတော်လေးကို ဆင်တူတဲ့ အကောင်တစ်ကောင်ကို တွေ့ရမှာပါ။ မျိုးစပ်ထားတာလား ၊ တစ်ကယ့်ခြင်္သေ့လားဆိုတာကတော့ စဉ်းစားစရာပါပဲ ။ ခြင်္သေ့အစစ်ဆိုရင်တော့ အခုလိုမျိုး အိမ်ထဲမှာမွေးတာက တရားမဝင်တဲ့အပြင် အတော်လေးလည်း အန္တရာယ်များလှပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာတွေကတော့ သေချာကြည့်မှ ရှင်းရှင်းလင်းလင်း မြင်ပြီး သဘောပေါက်မယ့် ပုံလေးတွေကို စုစည်းပြီး ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ပုံလေးတွေကို ရှာဖွေ ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးပါဦးနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။