ဒီတစ်ခေါက်မှာတော့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေထဲက ပရိသတ်တွေ သိပ်မသိခဲ့ကြတဲ့ လျှိူ့ဝှက်ချက်လေးတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ပုံထဲက ဇာတ်ကားတွေဟာ ကမ္ဘာ့ရုပ်ရှင် ပိတ်ကားထက်မှာ သောက်သောက်လဲ ဝင်ငွေရခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်တာကြောင့် ဘယ်လို လျှို့ဝှက်ချက်တွေပါမလဲဆိုတာကတော့ စိတ်ဝင်စရားပါပဲ။ ဒါ့ကြောင့် တစ်ပုံချင်းစီကို အတူကြည့်လိုက်ရအောင်နော်…. shwekhitonlinetv.com

၁။ နာမည်ကြီး Boxing ဇာတ်ကားဖြစ်တဲ့ Rocky ကိုတော့ လူတိုင်းသိကြမှာပါ။ ကြည့်မိသူတိုင်းကို မရိုးစေတဲ့ အပြင် စိတ်ဓာတ်ခွန်အားတွေပေးတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ Rocky ဇာတ်ကားထဲမှာ ပါတဲ့ လိပ်ကလေးတွေဟာဆိုရင် အသက် ၄၄ နှစ် ရှိနေကြပြီဖြစ်ပြီး Rocky ရဲ့ ဇာတ်လမ်းအဆက်ဖြစ်တဲ့ Creed 2 ရိုက်ကူးတဲ့အခါမှာ ပြန်လည်ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ နာမည်ကြီး Marvel Unoverse ထဲက ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Doctor Strange ဟာဆိုရင်လည်း ပရိသတ်တွေအတွက် မစိမ်းတဲ့ ဇာတ်ကောင်ပဲဖြစ်ပါတယ်။ အခုပုံထဲမှာဆိုရင်လည်း Doctor Strange ရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Benedict Cumberbatch တစ်ယောက် Avenger Series ဖြစ်တဲ့ Infinity War ကို ရိုက်ကူးနေစဉ်အတွင်းမှာတောင် Doctor Strange Comic ကို ထိုင်ဖတ်နေတဲ့ပုံပဲဖြစ်ပါတယ်။ Character တစ်ခုကို စီးမျောနေအောင် ဖန်တီးနေတဲ့ Benedictရဲ့ကြိုးစားမှုကတော့ တစ်ကယ့်ကို လေးစားစရာပါ။ shwekhitonlinetv.com

၃။ အခုမြင်နေရတဲ့ ပုံကတော့ နာမည်ကြီး ဇာတ်ကားတစ်ခုဖြစ်တဲ့ Jaws ရုပ်ရှင် ဇာတ်ကားရဲ့ ရိုက်ကူးရေး မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါတုန်းက ရိုက်ကူးနည်းပညာတွေ သိပ်မထွန်းကားပေမယ့်လည်း တစ်ကယ့်ကို အစစ်နဲ့တူအောင် ကြိုးစားပမ်းစားရိုက်ကူးနေကြတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၄။ Tom Cruise ဟောလိ၀ုဒ်စတားတွေထဲက တစ်ယောက်ဆိုတာအပြင် စတန့်တွေလုပ်တဲ့ အခါမှာလည်း လူစားမထိုးပဲ ကိုယ်တိုင်ကြိုးစားပမ်းစား သရုပ်ဆောင်တဲ့ မင်းသားအဖြစ် လူတိုင်းက အသိမှတ်ပြုထားကြပါတယ်။ အခုပုံမှာဆိုရင်လည်း Tom Cruise တစ်ယောက် Mission Impossible: Ghost Protocol (2011) ကို ရိုက်ကူးရေးအပြီး ဒူဘိုင်းမြို့က Burj Khalifa ဆိုတဲ့ အဆောက်အဦးပေါ်မှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Marvel Universe ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Avengers Infinity War ဇာတ်ကားကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာ ရရှိထားတဲ့ ကားလည်း ဖြစ်ပါတယ်။ ဒီပုံကတော့ Gamora နဲ့ Gamora ကလေးဘ၀ အဖြစ် သရုပ်ဆောင်ထားတဲ့ Zoë Saldana နဲ့ ကလေးသရုပ်ဆောင် ကောင်မလေးတို့ဟာ Shooting မှာ ဇာတ်ဆောင်တွေအတွက်ပေးထားတဲ့ ဘယ်သူ ထိုင်မလဲဆိုတာ ဆုံးဖြတ်နေတဲ့ပုံကို အပြောင်သဘောနဲ့ ရိုက်ကူးထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ နာမည်ကြီး ဇာတ်ကားဖြစ်တဲ့ Pirates of the Caribbean ဇာတ်ကားေတွကတော့ ဘယ်အချိန်ကြည့်ကြည့်ကို မရိုးသွားစေတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အခုပုံလေးကတော့ Pirates of the Caribbean ရဲ့ Series တစ်ခုဖြစ်တဲ့ စီးရီးတစ်ခုဖြစ်တဲ့ At World’s End ဆိုတဲ့ ဇာတ်ကားထဲမှာ ဒေစီဂျုန်းစ်နဲ့ သူ့အဖွဲ့သားတွေကို ဘယ်လို ဖန်တီးပြီး ရိုက်ကူးထားလဲဆိုတာ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒီပုံကတော့ Ninja Turtles ဇာတ်ကားရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတစ်ပုံ ပဲ ဖြစ်ပါတယ်။ Ninja Turtle ရဲ့ ဝတ်စုံတွေကို ဝတ်ပြီး သရုပ်ဆောင်ရတဲ့ ဇာတ်ဆောင်တွေဟာ ဝတ်စုံရဲ့ လေးလံမှုတွေကြောင့် ရိုက်ကူးရေးအပြီး ခြေကုန်လက်ပန်းကျပြီး မောပန်းနေကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Forrest Gump ဇာတ်ကားကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့အချိန်အထိ စွဲစွဲမြဲမြဲ နေရာယူထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကိုတော့ ၁၉၉၃ ခုနှစ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကွင်းရဲ့ ပထမဆုံး နေ့မှာ သရုပ်ဆောင် Tom Hank ကို အမှတ်တရ ရိုက်ပေးထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ နာမည်ကြီး Horror ဇာတ်ကားအမျိုးအစားဖြစ်တဲ့ It ဟာဆိုရင်လည်း ပထမဆုံး ဇာတ်ကားထဲက ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိထားခဲ့တာဆိုရင် နောက်ပိုင်းထွက်ရှိခဲ့တဲ့ It ဇာတ်ကား အဆက်တွေ အထိပါပဲ။ အခုပုံကတော့ 1990 ခုနှစ်က ရိုက်ကူးခဲ့တဲ့ It ဇာတ်ကားထဲက အဓိက သရုပ်ဆောင်ဖြစ်တဲ့ Tim Curry တစ်ယောက် ရိုက်ကူးရေး ခဏနားနေတဲ့ အချိန်အတွင်း စီးကရက် သောက်နေတဲ့ ပုံကို ရိုက်ထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးထားတဲ့ အကြောင်းအရာတွေကတော့ နာမည်ကြီးဇာတ်ကားတွေရဲ့ နောက်ကွယ်က ပရိသတ်တွေ မသိသေးတဲ့ အကြောင်းတွေကို စုစည်းပြီးဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို အကြောင်းအရာလေးတွေကို ရှာဖွေစုစည်းပြီး ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။