ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က တန်ဖိုး အရှိဆုံး သွားပိုင်ရှင်တစ်ယောက် အကြောင်းပြောပြပေးချင်ပါတယ်။ နဂိုရှိရှင်းစွဲ သွားလေးတွေကိုမှ ဘယ်လို လုပ်လိုက်လို့ တန်ဖိုး အရှိဆုံး ဖြစ်လာရတာလဲ နဲ့ အဲ့ဒီပိုင်ရှင်က ဘယ်သူလဲဆိုတာကိုတော့ အောက်မှာ ဆက်ပြီး ဖတ်လိုက်ပါဦးနော်… shwekhitonlinetv.com

ကမ္ဘာ့တန်ဖိုးအကြီးဆုံးသွားကို ပိုင်ဆိုင်ထားတဲ့သူကတော့ တစ်ခြားသူ မဟုတ်ပါဘူး ။ နာမည်ကျော် Cele တစ်ဦးဖြစ်တဲ့ Katy Perry ပဲ ဖြစ်ပါတယ်။ Katy ရဲ့ သွားကို တန်ဆာဆင်ထားတဲ့ တန်ကြေးဟာ ဒေါ်လာ ( ၁၀ ) သိမ်းကျော် တန်ဖိုးရှိလို့ ဂရင်းနစ် စံချိန်မှာတောင် တန်ဖိုး အကြီးဆုံးသွား အဖြစ် စာရင်းဝင်ခဲ့ပါတယ်။ Katy ဟာ အခုလို ရတနာတွေစီခြယ်ထားတဲ့ သွားတွေကို သူမရဲ့ နာမည်ကြီး Mtv တစ်ခုဖြစ်တဲ့ Dark House ဆိုတဲ့ သီချင်းထဲမှာ ထည့်သွင်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အစောပိုင်း ရိုက်ကူးရေးတွေ မစခင်တုန်းကတော့ အခုလိုမျိုး သွားကို တန်ဆာဆင်ခြယ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူးတဲ့…ဒါပေမယ့် ရိုက်ကူးရေး မစခင်မှာ Dr. Dorfman ဆိုသူဟာ Katy ရဲ့ မိတ်ကပ် Artist ဖြစ်တဲ့ Johnny Wujek နဲ့ တွေ့ဆုံခဲ့ပြီး Katy ရဲ့ သွားကို Mtv ရိုက်ကူးတဲ့အခါ ရတနာတွေနဲ့ စီခြယ်ပေးချင်တယ်လို့ ခွင့်တောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း ရတနာတွေဟာ ကြီးလွန်းတယ်လို့ ထင်ရပေမယ့် Katy ရဲ့ သွားမှာ တပ်လိုက်တဲ့အခါ ကွက်တိဖြစ်နေခဲ့ပါတယ်။ shwekhitonlinetv.com

စီခြယ်ထားတဲ့ ရတနာတွေကတော့ စိန်တွေအပြင် တန်ဖိုးကြီး ကျောက်မျက်ရတနာတွေနဲ့ ထည့်သွင်းအလှဆင်ထားတာ ဖြစ်လို့ အခုလို ကမ္ဘာ့တန်ဖိုးအကြီးဆုံးအဖြစ် စာရင်းဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုရတနာတွေကို ဖန်တီးတဲ့အခါမှာ Dr. Dorfman အပြင် DaVinici Labs ကုမ္ပဏီနဲ့ XVI Karat Jewelers တို့က ပူးတွဲ ပါဝင်ဒီဇိုင်းဆွဲပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးတာကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး သွားကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
