ခွေးဆိုတာ ညဏ်ရည်မြင့်မားတဲ့ သတ္တဝါမျိုးစိတ်တွေထဲမှာအပါအဝင်ဖြစ်ပါတယ်။ သူတို့မှာ သဘာဝကပေးထားတဲ့ ထူးခြားတဲ့စွမ်းရည်တွေအပြင်ကို သင်လွယ်တက်လွယ်တဲ့ ဦးနှောက်လည်း ရှိကြပါတယ်။ ဒါကြောင့် ခွေးလိမ္မာတော်တော်များများကို စစ်ဘက်၊ ရဲဘက်လို နေရာတွေမှာ အသုံးချလာခဲ့ကြတာကတော့ အားလုံးလဲသိပြီးဖြစ်ကြမှာပါ။ shwekhitonlinetv.com
ဒါပေမယ့်ဒီနေ့တင်ဆက်ပေးမယ့် ခွေးလေးတွေကတော့ချစ်စဖွယ်အမူအရာနဲ့ ကွဲပြားတဲ့လုပ်ငန်းတာဝန် တွေကိုတရားဝင်ထမ်းဆောင်နေကြတဲ့ ချစ်စဖွယ်ခွေးလိမ္မာလေးတွေရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုနေရာတွေမှာ သူတို့တွေက တာဝန်ထမ်းဆောင်နေကြသလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်နော် ……… shwekhitonlinetv.com

၁။ ဒီခွေးလေးကတော့ တိရိစ္ဆာန်ဆေးကုခန်းတစ်ခုရဲ့ ဧည့်ကြိုကောင်တာမှာ မတ်တပ်ရပ်ပြီး အကူအညီပေးဖို့အသင့်ရှိနေတဲ့ ခွေးလိမ္မာလေးပဲဖြစ်ပါတယ်။ သူ့ပုံစံကတော့ ခပ်တည်တည်ပဲနော် … shwekhitonlinetv.com

၂။ ဒါကတော့ တရားရုံးမှာ ကလေးတွေကို အမှုအခင်းကိစ္စရပ်တွေအတွက် သက်သေထွက်ဆိုပေးဖို့ အကူအညီပေးနေတဲ့ ခွေးလိမ္မာလေးပါ။ သူ့ရာထူးကတော့ နည်းနည်းအထင်ကြီးလောက်စရာပါပဲ။ shwekhitonlinetv.com

၃။ ဒီကောင်လေးတွေကတော့ ခရိုအေးရှားနိုင်ငံရဲ့ ကမ်းခြေတစ်ခုမှာ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ကိုလုပ်ဆောင်ဖို့ အသင့်ရှိနေတဲ့ ခွေးလိမ္မာလေးတွေပဲဖြစ်ပါတယ်။ လူ့အသက်ကို ပြန်ပြီးကယ်ဆယ်ပေးမယ့် တိရိစ္တာန်လေးတွေဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

၄။ သူကတော့ ကုန်မာဆိုင်တစ်ခုက ဝန်ထမ်းလေးဖြစ်ပါတယ်။ သူ့အလုပ်ကတော့ Customer တွေက ဝယ်မယ့်ပစ္စည်းလေးတွေ ပေးရင် ငွေရှင်းကောင်တာပေါ်ကိုသွားထားပေးတာဖြစ်ပါတယ်။ အတော်ကိုလည်တဲ့ ခွေးလေးပဲနော် …….. shwekhitonlinetv.com

၅။ ခပ်လန်းလန်းစတိုင်နဲ့ အထာကျနေတဲ့ ဒီခွေးလေးကတော့ ရှားပါးတဲ့ ပင်လယ်လိပ်တွေရဲ့ အသိုက်တွေကို စောင့်ရှောက်ပေးပြီး သူတို့ရဲ့ဥတွေကို ကောင်းမွန်စွာ ပေါက်ဖွားလာအောင် စောင့်ရှောက်ပေးပါသတဲ့။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ထမ်းလေးပေါ့ …….. shwekhitonlinetv.com

၆။ Jax လို့မည်ရတဲ့ ဒီခွေးလေးကတော့ စာတိုက်မှာ တံဆိပ်ခေါင်းတွေကို အဆင်သင့်ကပ်နိုင်အောင် လျာနဲ့လျက်ပေးတဲ့ ကောင်လေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒီခွေးလေးလည်း ဗီဒီယိုဂိမ်း ရေးဆွဲတဲ့သူတစ်ယောက်နီးပါး အလုပ်ကိုကြိုးစားတယ်လို့ သိရတဲ့ခွေးလေးဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ကနေဒါနိုင်ငံ ဗန်ကူးဗားလေဆိပ်မှာ တာဝန်ထမ်းဆောင်တဲ့ ဒီခွေးလေးရဲ့ အလုပ်ကတော့ လေယာဉ်ကွင်းကလေယာဉ်တွေ အတက်အဆင်းပြုလုပ်တဲ့ အခါ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ငှက်တွေကို ခြောက်လှန့်မောင်းထုတ်ပေးရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အရက်ဘားခေါင်မိုးပေါ်ကနေ အခြေအနေကို အကဲခတ်နေတဲ့ ဒီခွေးလိမ္မာလေးရဲ့ အမည်က Stella ဖြစ်ပါတယ်။ သူက ဒီအရက်ဘားမှာ လုံခြုံလေးနဲ့ ဧည့်ကြိုတာဝန်ကို ယူထားတယ်လေ။ shwekhitonlinetv.com

၁၀။ ဒါကတော့ စက်မှုလုပ်ငန်းခွင် တစ်ခုက အလုပ်သင်မက္ကင်းနစ်လေး ဖြစ်ပါတယ်။ သူက သူ့ဆရာသမား တွေအတွက် လိုအပ်တဲ့ ဂွ ဆိုဒ်စုံကို အသင့်ဆောင်ထားတယ်လေ။ shwekhitonlinetv.com
အခုဖော်ပြပေးခဲ့တာကတော့ ရယ်ရွှင်ဖွယ်အကြောင်းအရာလေးတစ်ခုလို့ ဆိုနိုင်ပေမယ့် တိရိစ္ဆာန်ဖြစ်တဲ့ အားလျော်စွာ သူတို့တက်စွမ်းသလောက် တစ်ထောင့်တစ်နေရာကနေ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ကမ္ဘာကြီးကို အကျိုးပြုနေတာကတော့ အံ့သြအတုယူဖွယ်ဟုတ်ပါလား ပရိသတ်ကြီးရေ …. နောက်ထပ်လည်းဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေ ဝေမျှပေးသွားဦးမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။