အခုဖော်ပြပေးချင်တာကတော့ သာမန်အကောင်တွေလိုမျိုး မဟုတ်ပဲ ထူးဆန်းစွာအရောင်ကွဲထွက်နေတဲ့ အကောင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကောင်လေးတွေဟာ မွေးကတည်းက သဘာ၀အတိုင်း ထူးထူးခြားခြား အရောင်တွေပါလာလို့ ဘယ်လို အကောင်လေးတွေ ပါမလဲဆိုတာ တစ်ပုံချင်းစီ ကြည့်လိုက်ပါ ဦးနော်… shwekhitonlinetv.com




အခုမြင်နေရတဲ့ အကောင်လေးတွေဟာဆိုရင် သူတို့နဲ့ မျိုးရင်းတူ အကောင်တွေထဲက ထူးထူးခြားခြား အရောင်ကွဲထွက်နေကြတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဒါဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို ကိုယ်တွင်းရှိ ဆဲလ်ပြောင်းလဲမှုတွေနဲ့ လည်း ဆိုင်ပါတယ်။ လူတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် အသားအရောင်တွေ ကွဲပြားကြငလို မျက်လုံးအရောင်လည်း မတူကြပါဘူး။ ဒါဟာ ဘယ်သက်ရှိတိုင်းမှာမဆို တွေ့ရနိုင်တဲ့ မျိုးရိုးဗီဇမတူညီမှု ကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com




ပုံမှာ မြင်နေရတဲ့ တစ်ချို့အကောင်လေးတွေဟာဆိုရင် ဖိုတိုရှော့နဲ့ ပြုုပြင်ထားသလားလို့ ထင်ရလောက်အောင် သူ့နေရာနဲ့သူ အရောင်လေးတွေက ကြည့်ကောင်းနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အကောင်လေးတွေ ကျပြန်တော့လည်း လူတွေမှာဖြစ်တတ်တဲ့ Albino ဆိုတဲ့ ရောဂါကြောင့် အရောင်ပြောင်းလဲတာမျိုးလည်း ရှိပါတယ်။ ဒီရောဂါရှိတဲ့ အကောင်လေးတွေဟာဆိုရင် အမွှေးတွေ ၊ အသားအရောင်တွေဟာ တစ်ခြားအကောင်တွေနဲ့ မတူပဲ ဖြူနေတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာရင်တော့ အမွှေးတွေ ကျွတ်လာပြီး အသားရေ ကင်ဆာရောဂါ ဖြစ်သွားကြပါတယ်။ shwekhitonlinetv.com



ဒီလို ထူးခြားတဲ့ အရောင်ရှိလို့ Social Media ပေါ်မှာ ဓာတ်ပုံအရိုက်ခံပြီး နာမည်ကြီးနေတဲ့ အကောင်လေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာတော့ လွဲမှားတဲ့အယူအဆတွေကြောင့် ထူးထူးခြားခြား အကောင်လေးတွေဟာ လာဘ်ဝင်စေတယ်ဆိုပြီး သတ်ဖြတ်ကာ မှောင်ခို စျေးကွက်ပေါ်မှာ ရောင်းချနေတာတွေလည်း ရှိပါတယ်။ ယနေ့အချိန်အထိ ဒီလိုအယူအဆတွေ ရှိနေသေးတာကြောင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေအနေနဲ့ ပညာပေးအစီစဉ်တွေလုပ်ပြီး ရှားပါးအရောင်နဲ့အကောင်လေးတွေကို ကာကွယ်ပေးလာကြရပါတယ်။ shwekhitonlinetv.com



အခုဖော်ပြပေးထားတာတွေကတော့ သာမန်အကောင်မျိုးစိတ်တွေကနေ ခွဲထွက်ကာ ထူးထူးခြားခြား အရောင်အသွေး ရှိတဲ့ အကောင်လေးတွေကို စုစည်း ဖော်ပြပေးထားပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ဒီလို အကောင်လေးတွေကို စုစည်းဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…… shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။