အခုတစ်ခေါက်မှာတော့ ယူနက်စကို (UNESCO) အဖွဲ့အစည်းကြီးက ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းထားတဲ့ နေရာတွေထဲကမှ ပရိသတ်တွေစိတ်ဝင်စားလောက်မယ့် ကမ္ဘာ့အမွေအနှစ်နေရာ (၁၀) ခုကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုနေရာတွေဖြစ်မယ်ဆိုတာကို အတူတကွ လေ့လာကြည့်လိုက်ကြရအောင်နော် …. ။ shwekhitonlinetv.com
၁။ Bagan , Myanmar

ပထမဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ နေရာလေးကတော့ မြန်မာနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူစရာ ဖြစ်မယ်ထင်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ရဲ့ မင်းနေပြည်တော်ဖြစ်တဲ့ ပုဂံကတော့ လှပတဲ့ရှုခင်းတွေ၊ (၁၀) ရာစုက ဘုရားပုထိုးစေတီလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်ပါတယ်။ ပုဂံရဲ့ နေဝင်ဆည်းဆာအလှဟာလည်း အင်မတန်ကိုမှ နာမည်ကျော်ကြားပါတယ်။ ကမ္ဘာ့အမွေအနှစ်တွေထဲက တစ်ခုဖြစ်တဲ့ ပုဂံကတော့ မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ သွားရောက်သင့်တဲ့နေရာတစ်ခုပါပဲ။ shwekhitonlinetv.com
၂။ Galapagos Islands, Ecuador

ပင်လယ်ရေစီးကြောင်းသုံးခုဆုံရာနေရာကို ဖြန့်ကျက်ထားတဲ့ ဒီကျွန်းအနီးတစ်ဝိုက်မှာတော့ မျိုးမတူတဲ့ ရေသတ္တဝါမျိုးစိတ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့တာဟာ ရာစုနှစ်ပေါင်းများစွာ တိုင်ခဲ့ပါပြီ။ ဒီကျွန်းဟာ UNESCO ရဲ့ (၁၉၇၀) ခုနှစ်တွေမှာ ကမ္ဘာ့အမွေအနှစ်အဖြစ် ပထမဆုံး သတ်မှတ်ခဲ့တာနေရာအနည်းငယ်ထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Goreme National Park, Turkey

Turkey နိုင်ငံရဲ့ Cappadocia မြို့မှာတည်ရှိတဲ့ Goreme National Park က နတ်သမီးပုံပြင်ထဲကလိုမျိုး ကျောက်တောင်တွေတည်ရှိတဲ့နေရာတစ်ခုပါ။ တောင်ကြားလမ်းထဲက ကျောက်တုံးတွေဟာ Byzantine အနုပညာလက်ရာတွေရဲ့ သက်သေအထောက်အထားများအဖြစ်နဲ့ ယနေ့တိုင်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Pyramids of Giza, Egypt

ဒီပိရမစ်ကြီးတွေကတော့ မမ်မီကားတွေကြည့်ဖူးသူတွေအတွက် စိမ်းလောက်မယ်မထင်ပါဘူး။ အီဂျစ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံးပိရမစ်တွေက Cairo မြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ Gaica မှာရှိပါတယ်။ Khufu ဘုရင်ရဲ့ ပိရမစ်ကြီးကတော့ အကြီးဆုံးပိရမစ်ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်ခုနှစ်ခုစာရင်းဝင်လဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Rapa Nui, Chile

Pacific သမုဒ္ဓရာထဲမှာရှိတဲ့ Easter ကျွန်းမှာ ကျောက်တုံးရုပ်ထုအကြီးကြီးတွေ အခု (၈၀၀) လောက်တည်ရှိပါတယ်။ အဲဒီ့ရုပ်ထုကြီးတွေဟာဆိုရင်တော့ (၁၃) ရာစုနဲ့ (၁၆) ရာစုကြား ကာလတွေမှာ အင်မတန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို ထွင်းထုပြုလုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒေသခံတွေကတော့ မွိုင် (Moai) လို့ခေါ်ကြတဲ့ ဒီရုပ်တုံးကြီးတွေက ကျွန်းတစ်လျှောက်လုံးမှာ ရှိနေပြီးတော့ (၃၀၀) ADလောက်တုန်းက အဲဒီ့ကျွန်းမှာ အခြေချနေထိုင်ခဲ့တဲ့ Polynesian လူမျိုးတွေရဲ့ သမိုင်းအမွေတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Angkor, Cambodia

စတုရန်းကီလိုမီတာ (၄၀၀) ကျော်ကျယ်ဝန်းတဲ့ Angkor Archaeological Park ကြီးက (၉) ရာစုကနေ (၁၅) ရာစုကြား ခမာဘုရင်တွေလက်ထက်တုန်းက မြို့တော်ပေါင်းများစွာရဲ့အကြွင်းအကျန်တွေအပြည့်နဲ့နေရာ တစ်ခုဖြစ်တဲ့အပြင် စက်မှုခေတ်မတိုင်ခင်က ကမ္ဘာ့အကြီးဆုံးမြို့တစ်ခုလဲ ဖြစ်ခဲ့ပါသေးတယ်။ နာမည်အကြီးဆုံးကတော့ Angkor Wat ဘုရားကျောင်းနဲ့ Angkor Thom က Bayon Temple တို့ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှက အရေးအပါဆုံး ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုလဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Mont-Saint-Michel, France

ပင်လယ်ဒီရေမြင့်တက်ချိန်တွေမှာသာ Mont-Saint-Michael ကိုမြင်လိုက်ရရင်တော့ ဒီခံတပ်မြို့ဟောင်းကြီးက ရေပေါ်မှာတည်ဆောက်ထားသလားလို့တောင် ထင်သွားရနိုင်ပါတယ်။ အမြင်အားဖြင့်တော့ သူ့ရဲ့သဲသောင်ခုံတွေက အခြေအနေမကောင်းဘူးထင်ရနိုင်ပေမယ့် ဒီမျက်စိပသာဒရှိတဲ့ မြို့ငယ်လေးက (၁၁) ရာစုနှစ်ကတည်းကနေ အခုချိန်ထိ ရှင်သန်နေဆဲပါ။ shwekhitonlinetv.com
၈။ Yellowstone National Park, United States

ကမ္ဘာ့ပထမဦးဆုံးသော National park ဖြစ်တဲ့ ဒီ Yellowstone National Park ကတော့ စတုရန်းကီလိုမီတာ (၉၀၀၀) ကျော်ကျယ်ဝန်းပြီး grizzlies, မြေခွေးနှင့် အမွှေးရှည်နွားရိုင်းတွေအပါအဝင် အခြားသားရဲတိရိစ္ဆာန်ပေါင်းများစွာတို့ နေထိုင်ရာအရပ်ဒေသတစ်ခုလဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Acropolis, Greece

အေသင်မြို့ပြနိုင်ငံတော်ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ Athenian Acropolis ကတော့ အခြားမြို့တွေကို အပေါ်စီးကနေလှမ်းမြင်နိုင်တဲ့ကုန်းမြင့်ပေါ်မှာတည်ရှိနေတာပဲဖြစ်ပြီးတော့ ရှေးဟောင်းဂရိခေတ်ရဲ့ ဗိသုကာလက်ရာတွေ ပြည့်နှက်နေတဲ့မြို့တစ်ခုပါ။ နာမည်အကြီးဆုံးကတော့ Parthenon နတ်ဘုရားကျောင်းပဲဖြစ်ပါတယ်။ Byzantines နှင့် Venetians လူတွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကို ခံထားခဲ့ရပေမယ့် Acropolis ကတော့ ဂရိဒဏ္ဍာရီတွေနဲ့ပါတ်သတ်လာရင် အရေးကြီးအခန်းကဏ္ဍကနေ ပါဝင်နေသေးတုန်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Machu Picchu, Peru

ဒီမြို့ဟောင်းကြီးက အံ့အားသင့်ဖို့ကောင်းတယ်ဆိုတာကို ထပ်ဆောင်းပြောပြဖို့တောင် လိုတော့မယ်မထင်ပါဘူး။ ဒါပေမယ့် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂၄၃၀) အမြင့်မှာရှိတဲ့ ဒီမြို့ဟောင်းကြီးနဲ့ အောက်ဘက်က သစ်တောတွေအပေါ်ကို ဖြာကျလာတဲ့ မနက်ခင်းဆည်းဆာတက်ချိန်ကိုကြည့်ရတာကတော့ ဘာနဲ့မှမလဲနိုင်တဲ့ အင်မတန်လှပတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com
ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တဲ့ ကမ္ဘာ့အမွေအနှစ်နေရာ ဒေသလေးတွေအကြောင်းဖတ်ရှုပြီး အားလုံးကျေနပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်စား အားပေးကြပါဦးနော် … shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။