ဒီနေ့ခေတ်မှာတော့ လူတိုင်းနီးပါး အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာနဲ့ အညီ အင်တာနက်ပေါ်မှာ ကျူးလွန်လာတဲ့ ရာဇဝတ်မှုတွေကလဲ ပိုမိုများပြားလာလို့နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လူပြောအများဆုံးအကြောင်းအရာတစ်ခုကတော့ Dark Web ဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးမယ့်အကြောင်အရာလေးကတော့ Dark Web နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ချို့ပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော် …. shwekhitonlinetv.com

Dark Web ဆိုတာ ဘာလဲ
အင်တာနက်ကို မျက်နှာပြင်ကွန်ယက်(the surface web) နက်ရှိုင်းသောကွန်ယက်(the deep web)၊ လျှို့ဝှက်သောကွန်ယက်(the dark web) စတဲ့ အလွှာ ၃ လွှာနဲ့ ဖွဲ့စည်းထားတယ်လို့ဆိုနိုင်ပါတယ်။ အထူးဆော့ဖ်ဝဲကိုအသုံးပြုမှ ဝင်ရောက်နိုင်တဲ့ Dark Web ဟာ အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းက ဥပဒေစိုးမိုးရေးဆိုင်ရာ ဌာနတွေအတွက် အဓိကပြဿနာကြီးတစ်ခု ဖြစ်လာနေပါပြီ။ shwekhitonlinetv.com

ထိပ်ဆုံးအလွှာဖြစ်တဲ့ Surface Web မှာဆိုရင်တော့ ရှာဖွေရေးအင်ဂျင် (Search Engine) တွေဖြစ်တဲ့ Google လိုမျိုး စာမျက်နှာတွေပါဝင်ပြီး Deep Web မှာတော့ ရှာဖွေရေးအင်ဂျင်တွေ မဝင်ရောက်နိုင်ဘဲ ကုဒ်နံပါတ်တွေ ခွင့်ပြုချက်တွေနဲ့မှ ဝင်ရောက်နိုင်တဲ့ လျှို့ဝှက်ထားသော အင်တာနက်စာမျက်နှာတွေ ပါဝင်ပါတယ်။ Deep Web ထဲကို ဝင်ရောက်ပြီး အကောင့်ဖွင့်တဲ့အချိန်တိုင်း အဲဒီစာမျက်နှာဟာ ရှာဖွေရေးအင်ဂျင်တွေပေါ်မှာ ပေါ်လာမှာမဟုတ်ပါဘူး။ ရံဖန်ရံခါမှ အဲ့ Web စာမျက်နှာကျလာမှာဖြစ်ပါတယ်။ Work Intranets ၊ အွန်လိုင်းဘဏ်လုပ်ငန်းတွေရဲ့ လျှို့ဝှက်ကုဒ်နဲ့ ကာကွယ်ထားတဲ့ နေရာတွေ၊ မူကြမ်းဘလော့ဂ်စာတွေအားလုံးကို Deep Web ထဲမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်ယောက်ယောက်က သင့်နာမည်ကို Google မှာ ရှာဖွေရင်တောင် သင့်ရဲ့ဘဏ်အချက် အလက်တွေ သို့မဟုတ် အမေဇုန်ပစ္စည်းစာရင်းတွေဟာ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com
Dark Web ဆိုတာကတော့ အင်တာနက်ပေါ်က ခြေရာခံလို့မရတဲ့ လှုပ်ရှားမှုတွေနဲ့ ဝက်ဘ်ဆိုဒ် တွေဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေနဲ့ ဝက်ဘ်ဆိုဒ် တွေကို ရှာဖွေရေးအင်ဂျင်တွေ အသုံးပြုပြီး ရှာလို့မရသလို ဝင်ရောက်ဖို့အတွက် ထူးခြားတဲ့ ဆော့ဖ်ဝဲ၊ စနစ်တွေနဲ့ ခွင့်ပြုချက်တွေလိုအပ်ပါတယ်။ အဲဒီဝက်ဘ်ဆိုဒ်တွေကို လူတော်တော်များများက ၎င်းတို့ရဲ့ အင်တာနက်လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့ အသုံးပြုကြပါတယ်လို့ အကြမ်းဖျဥ်းမှတ်သားနိုင်ပါတယ်။ shwekhitonlinetv.com
Dark Web ဘယ်လိုဖြစ်ပေါ်လာသလဲ

အမှန်တကယ်တော့ အမေရိကန်အစိုးရက အရေးကြီးတဲ့ ထိပ်တန်း သတင်းအချက်အလက်တွေကို သူလျှိုတွေနဲ့ လျှို့ဝှက်စွာဖလှယ်နိုင်ဖို့ Dark Web ကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန် စစ်ဘက်ဆိုင်ရာ သုတေသနပညာရှင်တွေက Tor (The Onion Router) ဆိုတဲ့ နည်းပညာကို ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ တီထွင်လိုက်ပြီး အားလုံးအသုံးပြုနိုင်အောင် ပြည်သူလူထုထဲကို ချပေးခဲ့ပါတယ်။ ဒီလို လူထုထဲချပေးရတဲ့အကြောင်းကတော့ စနစ်ကိုအသုံးပြုနေတဲ့ ထောင်ပေါင်းများစွာသော လူတွေကြားမှာ သူလျှိုတွေနဲ့ အစိုးရတွေရဲ့ သတင်းစကားတွေကို ခွဲခြားရခက်ခဲစေဖို့ဖြစ်ပြီး ဒီလိုနည်းလမ်းနဲ့ သတင်းစကားတွေကို အမည်မဖော်နိုင်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ The Onion Router လို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့ ကြက်သွန်နီတစ်လုံးရဲ့ ရှုပ်ထွေးတဲ့ တည်ဆောက်ပုံကို စံပြုထားတဲ့ နည်းပညာကို အသုံးပြုထားလို့ပါပဲ။ ဒီနည်းပညာဟာ လျှို့ဝှက်ကုဒ်တွေနဲ့ အချက်ပြအလွှာများစွာကို ဖြတ်ပြီး ဝက်ဘ်ဆိုဒ်ကို ထင်ရှားပေါ်လွင်မှုမရှိအောင် ပြုလုပ်ပေးပါတယ်။ ဝက်ဘ်ဆိုဒ်အများစုဟာ .onion domain ပေါ်မှာ ရှိကြပါတယ်။ shwekhitonlinetv.com
Dark Web ဘယ်လိုအလုပ်လုပ်သလဲ

ဥပမာပြောရမယ်ဆိုရင် Google ဆိုတာက မြို့ထဲရွာထဲကလူတွေနဲ့ ဆင်တူပါတယ်။ သင့်အနေနဲ့ သွားချင်နဲ့နေရာရှိရင် တစ်ယောက်မဟုတ်တစ်ယောက် အဆင့်ဆင့်မေးရင်းကနေ လိုရာလိပ်စာကိုရရှိနိုင်ပါတယ်။ Dark Web ကတော့ ဒီလိုမဟုတ်ပါဘူး ရှုပ်ထွေးလွန်းတဲ့ ဝင်္ကဘာလမ်းတွေရှိနေတဲ့ တောအုပ်ကြီးထဲက ရတနာသေတ္တာ တစ်လုံးကိုရှာရသလိုပါပဲ။ သင့်အနေနဲ့ တိကျတဲ့ လမ်းညွှန်ချက်တွေပါတဲ့ ရတနာမြေပုံသာမရှိရင် ဘယ်တော့မှ လိုရာခရီးကို ရောက်မှာမဟုတ်ပါဘူး။ shwekhitonlinetv.com
ဒါဟာ Dark Web ရဲ့ အလုပ်လုပ်ပုံကိုမြင်သာအောင်လို့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ဥပမာ ပေးထားတာဖြစ်ပါပဲ။ ဒီနာမည်ဟာ အခြေခံအားဖြင့် အင်တာနက်ပေါ်က လျှို့ဝှက်ဖုံးကွယ်ထားတဲ့ နေရာတွေအားလုံးကို ခေါ်ဆိုတာပါ။ Dark Web ဟာ တောအုပ်ကြီးတစ်ခုလို အချက်အလက်တွေကို ကောင်းကောင်းဖုံးကွယ်ထားပါတယ်။ လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားသလို ကိုယ်ရေးအချက်အလက်တွေကိုလည်း ဖုံးကွယ်ထားပါတယ်။ Dark Web ဟာ သင်ဘယ်သူဖြစ်တယ်၊ ဘာတွေလုပ်နေတယ်၊ ဘယ်မှာလုပ်နေတယ်ဆိုတာတွေကိုလည်း လူတွေမသိအောင် ကာကွယ်တားဆီးပေးပါတယ်။ shwekhitonlinetv.com
Dark web ကို ဘယ်သူတွေက ဘာကြောင့်သုံးသလဲ

Dark web ကို လူအမျိုးမျိုးက အကြောင်းအမျိုးမျိုးကြောင့် သုံးကြပါတယ်။ ဥပဒေနဲ့မညီတဲ့ ကိစ္စတွေအတွက် အသုံးပြုတာလည်း အံ့သြစရာမရှိပါဘူး။ ၂၀၁၄ ခုနှစ်က Portsmouth တက္ကသိုလ်ရဲ့ လေ့လာချက်အရ Tor ပေါ်မှ အလိုအရှိဆုံး အကြောင်းအရာအမျိုးအစားဟာ ကလေးသူငယ်အပြာရုပ်ရှင်ဖြစ်ပြီး သူ့နောက်မှာတော့ မူးယစ်ဆေး၊ ကိုယ်ရေးအချက်အလက်အသေးစိတ်နဲ့ သေနတ်တွေအတွက် မှောင်ခိုစျေးကွက်တွေဖြစ်ပါတယ်။ ဒီလိုဝက်ဘ်ဆိုဒ်တွေကို ရဲတွေကဝင်စီးကြပေမဲ့ အသုံးပြုသူတွေဆီ ဗိုင်းရပ်စ်တွေနဲ့ ဖျက်ဆီးရေးဆော့ဖ်ဝဲတွေကို ဖြန့်လိုက်တာကြောင့် လက်လျှော့လိုက်ရပါတယ်။ Dark Web ကို ဘဏ္ဍာရေး၊ အစွန်းရောက်ဝါဒီ၊ လက်နက်၊ Hacking၊ နှိပ်စက်ညှဉ်းပန်းမှု၊ လိမ်လည်မှု စတာတွေကို ဖုံးကွယ်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။ shwekhitonlinetv.com
ဒါပေမယ့်လည်း အချို့ကတော့ dark web ကို အပြုသဘောအနေနဲ့ အသုံးပြုကြပါတယ်။ ဥပမာ- နိုင်ငံတော် firewall ကို ရှောင်ကြဉ်ဖို့အတွက် အသုံးပြုတာမျိုးဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် တရုတ်နိုင်ငံမှာ အင်တာနက်အသုံးပြုသူတွေဟာ လျှို့ဝှက်ဆိုဒ်တွေကို ဝင်ရောက်ဖို့ တားဆီးပိတ်ပင်ခြင်းခံထားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာကျွမ်းကျင်သူတွေက Dark Web ကိုအသုံးပြုကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် Dark Web ကို ခရာမှုတ်ခြင်း (ဖွင့်ချ၊ ဖော်ထုတ်ခြင်း) အတွက်လည်း အသုံးပြုကြပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ WikiLeaks ဟာ Dark Web မှာရှိနေပြီး ခရာမှုတ်သူတွေအား တားမြစ်ပိတ်ပင်ထားတဲ့ အချက်အလက်တွေကို စာနယ်ဇင်းတွေပေါ်မှာ လျှို့ဝှက်စွာတင်ဖို့ ခွင့်ပြုပေးထားပါတယ်။ shwekhitonlinetv.com
ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တာကတော့ Dark Web အကြောင်း အနည်းငယ်လောက်သာ သိရှိထားတာကို ရွှေခေတ်ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးတာပဲဖြစ်ပါတယ်။ နောက်ထပ်ဘယ်လိုမျိုး စိတ်ဝင်စားစရာတွေကို ဆက်လက်ဖော်ပြပေးသွားမလဲဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော် ……shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။