အခုတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို အပျင်းပြေ ကြည့်ရှုနိုင်စေဖို့အတွက် ပင်လယ်ရေအောက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကြောက်မက်ဖွယ်အရာတစ်ချို့ကို ပြောပြပေးချင်ပါတယ် ။ ဒီပုံတွေထဲမှာဆိုရင် တစ်ခါမှ မမြင်ဖူးသေးတဲ့ ထူးထူးဆန်းဆန်း ပုံတွေလည်း ပါလို့ တစ်ပုံချင်းစီကို ကြည့်ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com

၁။ အခုမြင်တွေ့ရတာကတော့ ပင်လယ်ရေအောက်မှာ ရှင်သန် ကျက်စားနေထိုင်တဲ့ ဧရာမ ဂျယ်လီငါးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ သာမန် အရွယ်အစားရှိတဲ့ ဂျယ်လီငါးတစ်ကောင်မှ လူတစ်ယောက်ကို ပြင်းထန်တဲ့ အဆိပ်နဲ့ အန္တရာယ်ပေးနိုင်ပြီး ဒီလိုမျိုး ကြီးမားတဲ့ ဂျယ်လီငါးဆိုရင်တော့ လုံး၀ကို မတွေးရဲစရာပါပဲ ။ shwekhitonlinetv.com

၂။ ဝေလငါးမန်း မျိုးစိတ် တွေဟာ လှုပ်ရှားမှု အလွန်နှေးကွေးပေမယ့်လည်း အမဲလိုက်စွမ်းရည်ကတော့ တစ်ကယ့်ကို အံ့မခန်းပါပဲ ။ နောက်ပြီး ဝေလငါးမန်းတွေဟာ ကမ္ဘာ့အကြီးဆုံး ငါးမျိုးစိတ်တွေထဲက တစ်ခုဖြစ်ပြီး ပုံထဲမှာ မြင်ရတဲ့အတိုင်း သူနဲ့ အနီးကပ်ဓာတ်ပုံရိုက်နေတဲ့သူအဖို့ကတော့ တစ်ကယ့်ကို အသည်းယားစရာ ကောင်းလွန်းလှပါတယ်။ shwekhitonlinetv.com

၃။ ဒီပုံထဲမှာဆိုရင်တော့ ငါးမန်းတစ်ကောင်ဟာ ရိုက်ကူးရေး အဖွဲ့ရဲ့ စက်လှေကို တိုက်ခိုက်နေတဲ့ မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ငါးမန်းတွေရဲ့ မေးရိုးစာ ခိုင်မာလွန်းတာကြောင့် သာမန်ကိုယ်ထည်ရှိတဲ့ စက်လှေမျိုးဆို ပဲ့ထွက်သွားအောင် ကိုက်နိုင်ပါတယ်။ shwekhitonlinetv.com

၄။ တော်တော်များများက ဒီပုံလေးကို Photoshop နဲ့ လုပ်ထားတယ်လို့ပဲ ထင်ကြတာပါ ။ တစ်ကယ်တမ်းမှာတော့ ရေတွေကြီးနေတုန်း ရေစီးနဲ့အတူမျောပါလာတဲ့ မြွေကြီးတစ်ကောင်ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် ပင်လယ်လှိုင်းလုံးတွေနဲ့အတူ အကောင်ကြီး တစ်ကောင် ပါလာတယ်ဆိုပြီး လန့်သွားနိုင်မှာပါ။ အမှန်ကတော့ ပင်လယ်ရေမှော်တွေစာ လှိုင်းလုံးနဲ့အတူ မျောပါလာနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အခုမြင်နေရတဲ့ ပုံကတော့ သမုဒ္ဒရာရဲ့ အောက်ခြေမှာ တည်ရှိနေတဲ့ တွင်းနက်ကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတွင်းနက်ကြီးဟာဆိုရင် ထုံးကျောက်တွေနဲ့ ဖွဲ့စည်းထားကာ ပုံမှာ မြင်ရသလိုမျိုး သမုဒ္ဒရာ အောက်မှာ စီးဆင်းနေတဲ့ မြစ်တစ်စင်းလို ပုံစံမျိုး ဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၇။ João Lara Mesquita လို့အမည်ရတဲ့ ဘရာဇီး ဂျာနယ်လစ် တစ်ယောက်ဟာ ရွက်လှေတစ်စီးကို ဝယ်ယူခဲ့ပြီး Mar Sem Fim လို့ အမည်ပေးခဲ့ပါတယ်။ လူလေးယောက်စီးနိုင်တဲ့ ဒီရွက်လှေဟာဆိုရင် ၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ မတော်တဆမှု တစ်ခုကြောင့် အန္တာတိကတိုက်အတွင်းမှာ ရှိတဲ့ Maxwell ပင်လယ်အော်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ပြီး ရေခဲတွေအောက်မှာ အချိန်အတော်ကြာ တည်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အာ့ဒီအချိန်တုန်းက တော့ ဒီပုံကိုမြင်ပြီး သရဲ ရွက်လှေလို့တောင် Social Media ပေါ်မှာ ရေပန်းစားသွားခဲ့ပါသေးတယ်။ shwekhitonlinetv.com
အခု ဖော်ပြထားတာတွေကတော့ ပင်လယ်ရေအောင်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာအချို့ကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။