Shwe Khit ဒီတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အေးခဲလှတဲ့ ရာသီဥတု ဒဏ်ကို အံမတုနိုင်ခဲ့တဲ့ အကောင်လေးတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ရာသီဥတုတရားဟာ လိုတာထက်ပိုပြီး ပြင်းထန်လာခဲ့တဲ့ ဘယ်လို ကြုံတွေ့သွားခဲ့ရလဲဆိုတာကို တစ်ပုံချင်းစီ ဖော်ပြပေးထားလို့ ကြည့်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/107664229_131404308612647_6595036702665168757_n.jpg?resize=600%2C373&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/107820025_131404141945997_5448267091377299663_n.jpg?resize=600%2C450&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/107932487_131404045279340_7085223643613043509_n.jpg?resize=640%2C512&ssl=1)
ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်ကြတဲ့ သတ္တဝါတွေကို အကြမ်းဖျင်းအားဖြင့် သွေးနွေးသတ္တဝါနဲ့ သွေးအေးသတ္တဝါဆိုပြီး ( ၂ ) မျိုး ခွဲခြားထားနိုင်ပါတယ်။ ဒီအထဲမှာမှ သွေးအေးသတ္တဝါတွေဟာဆိုရင် သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေနိင်အောင် သဟဇာတ ဖြစ်တဲ့ ခန္တာကိုယ်ကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုတွေက ဖောက်လွဲ ဖောက်ပြန်ဖြစ်လာပြီး အလွန်အမင်းအေးခဲလာတဲ့ အခါ ဒီလိုမျိုး သဟဇာတ ဖြစ်နေတဲ့ ခန္တာကိုယ်တွေဟာလည်း သိပ်အသုံးမဝင်သလို ဖြစ်သွားရပါတော့တယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/109341854_131404238612654_6704362594864609151_n.jpg?resize=600%2C403&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/108108351_131404261945985_6630825099258054269_n.jpg?resize=600%2C450&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/107989680_131404431945968_6255062299256710557_n.jpg?resize=600%2C716&ssl=1)
အခုပုံမှာ မြင်နေရတဲ့ အကောင်လေးတွေဟာဆိုရင် အေးလွန်းလှတဲ့ ရာသီဥတု ဒဏ်ကို မခံနိုင်တော့ကာ ရေခဲသွားခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ဆိုရင် ကုန်းနေသတ္တဝါတွေတင်မဟုတ်ပဲ ရေနေသတ္တဝါအချို့ပါ ဒီလိုမျိုး အအေးဒဏ်ကို အံမတုနိုင်ခဲ့ကြပါဘူး ။ ဖော်ပြထားတဲ့ ပုံတွေဟာဆိုရင် ကမ္ဘာအရပ်ရပ်က အအေးလှိုင်းဖြတ်တဲ့နေရာတွေနဲ့ အအေးဒဏ် ကြာရှည်သွားတဲ့ နေရာတွေမှာ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်လေးတွေကို ရိုက်ကူးထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/109368631_131404371945974_2037266333929316102_n.jpg?resize=600%2C338&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/109808956_131404008612677_108670989420898935_n.jpg?resize=600%2C450&ssl=1)
တစ်ကယ်တော့ ရာသီဥတုတွေ အခုလိုမျိုး ဖောက်လွဲဖောက်ပြန် ဖြစ်လာတာမျိုးတွေဟာ ဂေဟစနစ် တဖြည်းဖြည်းပျက်စီးလာတဲ့ အကျိုးဆက်တွေလို့ဆိုရင်လည်း မမှားပါဘူး ။ တစ်ချို့သော အကြောင်းရင်းတွေဟာဆိုရင် လူသားတွေရဲ့ စွမ်းအင် အလွန်အကျွံ သုံးစွဲလာမှုနဲ့ လေထု ညစ်ညမ်းမှုတွေကြောင့် ရာသီဥတုတွေ ဖောက်လွဲ ဖောက်ပြန် ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ် ကိုယ်တိုင်ကစလို့ သဘာ၀ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းဖို့အတွက် အကြံပြုလိုက်ရပါတယ်နော်… shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/109859241_131404218612656_257935987412237222_o.jpg?resize=678%2C381&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2020/07/109968680_131404175279327_3328212575210973556_n.jpg?resize=600%2C348&ssl=1)
အခုဖော်ပြပေးထားတာကတော့ ရာသီဥတု အအေးဒဏ်ကို အံမတုနိုင်ခဲ့တဲ့ အကောင်လေးတွေရဲ့ ပုံအချို့ကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ Shwe Khit Page မှာဆိုရင် ထူးထူးဆန်းဆန်း အကြောင်းအရာတွေနဲ့ ဗဟုသုတရစရာ အကြောင်းအရာတွေကို နေ့စဉ်တင်ဆက်ပေးနေတာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။