ရုပ်ရှင်တွေမှာ ဂန်းစတားတွေ အကြောင်း ရိုက်ပြတဲ့ အခါ ရာဇဝတ်မှု ကျူးလွန်ဖို့ကိုလည်း လက်မတွန့်တတ်တဲ့အပြင် ၊ သွေးအေးအေးနဲ့ လူသတ်ရမှာလည်း ဝန်မလေးတဲ့ ပုံစံမျိူးတွေနဲ့ ရိုက်ပြကြတာများပါတယ်။ ဒါပေမယ့် တစ်ကယ့် အပြင်မှာတော့ ဂန်းစတားတွေရဲ့ ဘ၀ဟာ ပိုပြီးတော့ အမှောင်ခြမ်း ရောက်ပြီး ကြမ်းတမ်းလွန်းလှပါတယ်။ အခုဖော်ပြပေးချင်တာကတော့ နယူးဇီလန်နိုင်ငံရဲ့ အဆိုးဆုံးသော Street Gang အဖွဲ့အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com


ဒီအဖွဲ့ရဲ့ နာမည်ကတော့ Mighty Mongrels လို့ အမည်ရပြီး သူတို့ကိုယ် သူတို့ အန္တရာယ်များပြီး ဘယ်အရာမှ မကြောက်လန့်တဲ့သူတွေလို့ ခံယူထားပါတယ်။ Mighty Mongrels Mob အဖွဲ့ကို ၁၉၆၂ ခုနှစ် နယူးဇီလန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ကို ကိုယ်စားပြုတဲ့ အရောင်ကတော့ အနီနဲ့ အနက် ပဲဖြစ်ပါတယ်။ Mighty Mongrels တွေဟာဆိုရင် တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ ၊ မှောင်ခိုကူးတာတွေ ၊ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ လက်နက်ကိုင်ဆောင်ပြီး ဓားပြတိုက်တဲ့ အလုပ်တွေ အစုံကို ကျူးလွန် လုပ်ကိုင်ကြတာပါ။ shwekhitonlinetv.com


သူတို့ အဖွဲ့ရဲ့ မဟာမိတ် အဖွဲ့ကတော့ Bloods အဖွဲ့ဖြစ်ပြီး ကျောင်းတော်က ရန်ငြိုးရန်စ ရှိခဲ့တဲ့ ပြိုင်ဘက် အဖွဲ့တွေကတော့ Black Power, Crips, Road Knights , Satans Slaves, Tribesmen Motorcycle Club, Killer Beez, Nomads တို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Black Power အဖွဲ့တွေနဲ့ အဓိက ယှဉ်ပြိုင်ကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ဂိုဏ်းနှစ်ဖွဲ့ကြား လူမြင်ကွင်းတွေမှာ အပြန်အလှန် ပစ်ခတ်မှုတွေတောင် ရှိခဲ့ပါတယ်။ shwekhitonlinetv.com


Mighty Mongrels အဖွဲ့ဟာဆိုရင် လူအင်အား အတော်လေးကို တောင့်တင်းတဲ့ အဖွဲ့ဖြစ်ကာ နယူးဇီလန် ၊ ဩစတေးလျ နဲ့ ကနေဒါ နိုင်ငံတွေမှာ နယ်မြေတော်တော်များများကို ခြေကုပ်ရယူထားနိုင်ကြပါတယ်။ နယ်မြေအလိုက် အုပ်ချုပ်တဲ့ အဖွဲ့တွေကလည်း ကွဲပြားပေမယ့် ပင်မ အဖွဲ့ကြီးရဲ့ အမိန့်ကိုတော့ တသွေမတိမ်း နာခံကြရပါတယ်။ shwekhitonlinetv.com


ထူးခြားတာတစ်ခုအနေနဲ့ Mighty Mongrels အဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်း အဖွဲ့ရဲ့ ရိုးရာ ပွဲတော် ကို သူတို့ရဲ့ ခန်းမကြီးထဲမှာ ကျင်းပကြပါတယ်။ ပွဲတော်နေ့မှာဆိုရင် အထူးခွင့်ပြုချက်အနေနဲ့ သတင်းမီဒီယာသမားတွေကို ဖိတ်ခေါ်ကာ တွေ့ဆုံပြီး အင်တာဗျူးတွေလည်း ဖြေပေးကြပါတယ်။ သာမန် အချိန်တွေမှာဆိုရင် အဖွဲ့ဝင်တွေကလွဲပြီး ကျန်တဲ့သူတွေကို လုံး၀ပေးမဝင်ပါဘူး ။ လက်ရှိခေါင်းဆောင်လက်ထက်မှာတော့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ နယူးဇီလန်နိုင်ငံက ကမ္ဘာ့အကြမ်းဆုံး ဂန်းစတား အဖွဲ့ဖြစ်တဲ့ Mighty Mongrels အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။