Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ နိုင်ငံအလိုက် အမျိုးသမီးတွေရဲ့ အလှတရားတွေ ကွဲပြားနေတဲ့ အကြောင်းကို ယှဉ်ပြထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ် ။ ရေခံမြေခံ ပေါ်မူတည်ပြီး အလှတရားတွေက ကွဲပြားသွားပေမယ့်လည်း တစ်မျိုးစီ ကြည့်လို့ လှနေတာကြောင့် အောက်ကပုံလေးတွေကို တစ်ပုံချင်းစီ သေချာကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com










အခုတွေ့ရမယ့် ပုံတွေအားလုံးကို ရိုက်ကူးထားတဲ့ သူကတော့ Mihaela Noroc လို့ခေါ်တဲ့ ရိုမေးနီးယားနိုင်ငံသူ အမျိုးသမီး ဓာတ်ပုံဆရာ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ၆ နှစ်ကြာအောင် ကမ္ဘာအနှံ့ပတ်ခဲ့ပြီး နိင်ငံပေါင်းစုံက ယဉ်ကျေးမှုတွေကို လေ့လာနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုလေ့လာနေရင်းနဲ့ သူမဟာ Project တစ်ခုကို လုပ်ဖို့ စိတ်ကူး ရလာခဲ့ပါတယ်။ ဒီ Project ရဲ့ နာမည်ကို The Atlas of Beauty လို့ အမည်ပေးခဲ့ပြီး အဓိပ္ပါယ်ကတော့ အလှတရားရဲ့ မြေပုံစာအုပ်လို့ အဓိပ္ပါယ်ရပါတယ်။ Project ကို လုပ်ရတဲ့ အကြောင်းရင်းက ကမ္ဘာတစ်ဝှမ်းက လူတွေသတိမထားမိတဲ့ အမျိုးသမီးတွေရဲ့ အလှတရားကို ဖော်ထုတ်ပြသချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com









ထူးခြားတာတစ်ခုက သူမ ရိုက်ကူးခဲ့တဲ့ ပုံတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ ပြင်ပအလှတင်မဟုတ်ပဲ အတွင်းပိုင်းက ဖြူစင်တဲ့ အလှတရားတွေကိုပါ ပီပြင်ပေါ်လွင်အောင် ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပြီး အလှတရားတွေကို ရိုက်ပြတဲ့ နေရာမှာ ငယ်ရွယ်နုပျိုမှုရဲ့ အလှတရားတစ်ခုတည်းကိုပဲ ရိုက်ပြထားတာမဟုတ်ပါဘူး ။ ဒီဓာတ်ပုံတွေထဲမှာ အသက်အရွယ် မျိုးစုံရဲ့ အလှတရားတွေ အပြင် နိုင်ငံအလိုက် ယဉ်ကျေးမှု ရိုးရာပုံစံနဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို တစ်ပါတည်း ပါအောင် တင်ဆက်ပြသနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူမရဲ့ Project တစ်ခုဖြစ်တဲ့ The Atlas of Beauty ဟာ နာမည်ကြီး အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com









အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာ အနံ့က အမျိူးသမီးတွေရဲ့ မတူညီတဲ့ အလှတရာတွေကို ရှာဖွေစုစည်းဖော်ပြထားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးဆန်းထွေလာ အကြောင်းအရာတွေနဲ့ ဗဟုသုတရစရာ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။