ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် ဗဟုသုတရစေဖို့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုနဲ့ မိတ်ဆတ် ပြောပြပေးချင်ပါတယ်။ ဒါကတော့ ဩစတေးလျနိုင်ငံမှာသာ ရှာဖွေတွေ့ရှိနိုင်မယ့် ဆန်းဆန်းပြားပြား အရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ကယ်ပြောထားတဲ့ ဟုတ်လား ၊ မဟုတ်ဘူးလားဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ပုံ ချင်းစီကို ကြည်ပြီး အကဲ ဖြတ်ကြည့်ပေးကြပါဦးနော်….. shwekhitonlinetv.com
ဧရာမ အင်းဆက်ပိုးကောင်

လူခေါင်း အရွယ်အစားလောက်ရှိတဲ့ နာနတ်သီးကြီး

ဩစတေးလျနိုင်ငံ အနောက်ဘက်ခြမ်းက ပန်းရောင်ရေကန်

တီကောင်ကြီး

အဆိပ်ပြင်းလွန်းတဲ့ ရှားပါး ရေဘဝဲ

Emu ငှက် ရဲ့ ဥ အရွယ်အစား

ဩစတေးလျနိုင်ငံဟာဆိုရင် ကမ္ဘာ့ အသေးဆုံးတိုက်တစ်ခု ဖြစ်တဲ့ ဩစတေးလျတိုက်မှာ တည်ရှိတာဖြစ်ပြီး မြို့တော်ကတော့ ကင်ဘာရာ မြို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ နိုင်ငံတစ်ခုတည်းက တိုက်ကြီးတစ်ခုလုံးစာ နေရာယူထားတာကလည်း ဩစတေးလျနိုင်ငံ တစ်နိုင်ငံတည်းသာ ရှိတာပါ ။ ဒီလို ထူးခြားတဲ့ အချက်တွေအပြင် တစ်ခြားဘယ်နေရာမှာမှ မတွေ့ရနိင်တဲ့ ထူးခြားဆန်းပြားအရာတွေလည်း ဩစတေးလျနိုင်ငံမှာ တွေ့နိုင်ပါသေးတယ်။ ဒါ့ကြောင့် ပုံလေးတွေ တစ်ပုံချင်းစီကို သေချာ အသေးစိတ် ဆက်ပြီး ကြည့်လိုက်ပါ ဦးနော်…. shwekhitonlinetv.com
ဩစတေးလျနိုင်ငံ မိုးသစ်တောထဲက အပင်ကြီး

ဩစတေးလျနိုင်ငံ ခရစ်စမတ်ကျွန်းမှာ ဖမ်းမိခဲ့တဲ့ သက်တန့်ငါး

တစ်ခါတစ်လေ ဖွတ်အကောင်မျိုးစိတ်တွေကို ခုလိုမျိုးတွေ့နိုင်ပါတယ်။

မြွေစီးပြီး ခရီးနှင်နေကြတဲ့ ဖားများ

လမ်းညွှန် ဆိုင်းဘုတ်ကလည်း တော်ရုံလူဆို ခေါင်းမူးသွားနိုင်ပါတယ်…

သင်သိပါသလား..ဩစတေးလျနိုင်ငံက ဖားတွေဟာ မြွေကိုစားတယ်ဆိုတာ…

အခုမြင်နေရတဲ့ ပုံတွေဟာဆိုရင် ဩစတေးလျနိုင်ငံက ထူးခြားလှတဲ့ ရေမြေတောင်တောင် ပုံတွေ အပြင် သတ္တဝါ မျိုးစိတ် အဆန်းပြားတွေလည်း ပါဝင်ပါသေးတယ်။ နောက်ပြီး တစ်ချို့ပုံတွေမှာဆိုရင် ကြည့်မိသူတိုင်းကို လန့်သွားစေနိုင်လောက်တဲ့ ဧရာမ အကောင်ကြီးတွေကိုလည်း တွေ့ရမှာပါ ။ နောက်ပြီး ထူးဆန်းလှတဲ့ လမ်းညွှန် ဆိုင်းဘုတ်တွေ ၊ သစ်ပင်တွေ ၊ အကောင်တွေ နဲ့ သစ်သီးတွေ အကြောင်းကို စုပေါင်းဖော်ပြပေးထားလို့ ကြည့်နေတဲ့ ပရိသတ်ကြီး အတွက် အပျင်းလည်း ပြေစေသလို ဗဟုသုတလည်း ရစေမှာ အသေအချာပါပဲ ။ shwekhitonlinetv.com
မိုးသီးအရွယ်အစားကလည်း လန့်လောက်စရာပါ…

ငါးမန်းအကောင်လေးကို စားသောက်နေတဲ့ မိကျောင်း

အန္တရာယ်ရှိပြီး ကိုက်နိုင်တဲ့ တောက်တဲ့ မျိုးစိတ်

သားပိုက်ကောင်လေးတွေဟာလည်း လူတွေနဲ့ ယဉ်ပါးလွန်းပါတယ်…

ကြီးမားလွန်းတဲ့ တောင်ပို့ကြီး

လှိုင်းပုံစံ ကျောက်တုံးများ

ထူးဆန်းတဲ့ အနက်ရောင် ငါးမျိုးစိတ်

အခုဖော်ပြပေးထားတာကတော့ ဩစတေးလျနိုင်ငံမှာသာ တွေ့ရနိုင်တဲ့ ထူးထူးဆန်းဆန်း အရာတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းထွေလာနဲ့ ဗဟုသုတရစရာ အကြောင်းအရာတွေကို နေ့စဉ် ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။