ပရိတ်သတ်ကြီးကို ဒီတစ်ခေါက်ပြောပြပေးချင်တဲ့အကြောင်းကတော့ Minions လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ် ။ Minions လေးတွေကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါနော် …။ ချစ်စရာကောင်းတဲ့ အဝါရောင် Cartoon Character လေးနဲ့ ကာတွန်းချစ်သူတိုင်းချစ်ကြတဲ့ Minions လေးတွေပဲဖြစ်ပါတယ်။ အခု ကီဗင်၊ ဘော့၊ စတူးဝပ်နဲ့ တစ်ခြား Minions ချစ်သူတွေ မသိသေးတဲ့ အချက် ( ၁၀ ) ချက်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော် …။ shwekhitonlinetv.com
၁။ Minion ဟာ တစ်ကယ်တော့ တစ်ယောက်တည်းပါ။

များပြားလှတဲ့ Minions တွေဟာ တစ်ကယ်တော့ တစ်ကောင်တည်းဆိုရင် ပရိတ်သတ်ကြီးယုံပါ့မလား..။ Despicable Me and Minions ရဲ့ co-director ဖြစ်တဲ့ Pierre Coffin က Minions အားလုံးရဲ့ မူရင်း အသံသွင်းသူဟာ သူတစ်ယောက်တည်းဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။ shwekhitonlinetv.com
၂။ Minion လေးတွေကိုအရင်က မြင်ဖူးမယ်ထင်ပါတယ်။

တစ်ကယ်တော့ Minions လေးတွေရဲ့ Design ဟာ Star Wars ထဲက Jawas ၊ Willy Wonka ထဲက Oompa Loompas နဲ့ Chocolate Factory စတဲ့ဇာတ်ကားတွေကို မှီငြမ်းထားတာဖြစ်ပါတယ်။ အစကတော့ Minions လေးတွေကို အရပ်ရှည်ရှည်နဲ့ Orc လိုကြောက်စရာကောင်းတဲ့ ပုံစံမျိုးဖန်တီးချင်တာပါတဲ့။ အခုထွက်လာတဲ့ Design လေးနဲ့က ပိုချစ်ဖို့ကောင်းတာပေါ့နော် ..။ shwekhitonlinetv.com
၃။ သူတို့ရဲ့ ဘာသာစကား

Minions လေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဘာသာစကားကို သိကြမယ်ထင်ပါတယ်နော်..။ တစ်ကယ်တော့ အဲ့တာက စပိန်၊ English ၊ ပြင်သစ်၊ အီတလီ ဘာသာစကားတွေကိုပေါင်းစပ်ထားတဲ့အပြင် ရုရှားနဲ့ ကိုရီယားဘာသာစကားပါ ပေါင်းစပ်ထားသေးတယ်တဲ့ ။ သူတို့လေးတွေက English ဘာသာစကားကိုလည်း ကောင်းကောင်းနားလည်ပါတယ်တဲ့ ပရိတ်သတ်ကြီးရေ …။ shwekhitonlinetv.com
၄။ Minions လေးတွေအားလုံးဟာ အထီးလေးတွေပါ။

Minions တွေအားလုံးဟာ အထီးလေးတွေဖြစ်ပြီးတော့ သူတို့တွေကို English နာမည်လေးတွေပေးထားပါတယ်။ Dave, Carl, Kevin, Steve, Phil, Jerry, Tim, Bob, Lance, Stuart နဲ့ Norbert စတဲ့ နာမည်တွေပေးထားပါတယ်။ shwekhitonlinetv.com
၅။ သူတို့ဟာ ထင်ထားတာထက်အသက်ကြီးပါတယ်။

Minions လေးတွေရဲ့ ဘာသာစကားပေါင်းစပ်မှုတွေက သူတို့ဟာရှေးယခင်ထဲကရှိခဲ့ပြီးတော့ ကမ္ဘာတစ်ဝှမ်းမှာ သူတို့တာဝန်ထမ်းဆောင်ခဲ့တဲ့ သခင်တွေမတူတာကြောင့် ဖြစ်တယ်လို့ Coffin ကရှင်းပြခဲ့ပါတယ်။ shwekhitonlinetv.com
၆။ အပြာရောင်နဲ့ အဝါရောင်ကွာခြားချက်

မိစ္ဆာပုံစံ Minions လေးတွေကို အပြာရောင်ဖန်တီးထားတာက အရောင်တွေရဲ့ သဘောအရ အပြာက အဝါရဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ပါတဲ့ ။ ဟုတ်ပါတယ် … အဝါရောင် Minions တွေနဲ့ အပြာရောင် Minions တွေဟာတစ်ကယ်ပဲ ကွာခြားပါတယ်နော် …။ shwekhitonlinetv.com
၇။ ဆံပင် Design

Minions တွေရဲ့ ဆံပင်ပုံစံကို ပုံစံ ( ၅ ) မျိုးသာရှိစေခဲ့ပါတယ်တဲ့ ။ shwekhitonlinetv.com
၈။ ဇာတ်လမ်းအစစ်အမှန်က Minions တွေနဲ့ ဘာမှမဆိုင်ပါဘူး။

တစ်ကယ်တော့ Minions တွေကိုဖန်တီးခဲ့ရခြင်းအကြောင်းက Gru ကို ပရိတ်သတ်တွေပိုပြီးသဘောကျလာအောင် ဖန်တီးထားရုံသက်သက်ဖြစ်ပါတယ်လို့ ဒါရိုက်တာက ဆိုခဲ့ပါတယ် ။ shwekhitonlinetv.com
၉။ သူတို့ရဲ့ မျိုးပွားပုံ

ဟုတ်ပါတယ် …. Minions တွေရဲ့ မျိုးပွားပုံကိုဘယ်သူမှမသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ချို့အရာတွေက ထင်ထားတာထက် ပိုပြီး နက်နဲပါတယ်။ shwekhitonlinetv.com
၁၀။ Minions တွေနဲ့ လူတွေကြားက ကွာခြားချက်

Minions လေးတွေမှာ လက်ချောင်း ၃ ချောင်းပဲရှိပြီးတော့ သူတို့ကအဲ့လက်ချောင်းတွေကို အမြဲတမ်း အနက်ရောင် လက်အိတ်တွေ ဝတ်ဆင်ထားလေ့ရှိပါတယ်တဲ့ …ပရိတ်သတ်ကြီးရေ ။ shwekhitonlinetv.com
ဒါဆိုရင်တော့ Minions လေးတွေရဲ့အကြောင်းကို သိလောက်ပြီထင်ပါတယ်နော်..။ ပရိတ်သတ်ကြီးရော Minions တွေကို သဘောကျရဲ့လားဆိုတာ ပြောပေးခဲ့ပါဦးနော် …။
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။