လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးမှာလည်း နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရှေးယခင်ကများစွာ အရေးပါခဲ့တဲ့ အရာဝတ္ထုတွေ၊ အသုံးဝင်ခဲ့တဲ့ ပစ္စည်းကိရိယာတွေ ဟာ ဒီကနေ့အချိန်အခါမှာတော့ ဘယ်သူမှအလိုမရှိတော့လောက်အောင်ကို ဖြစ်နေပါပြီ။ ဒီလိုခေတ်နောက်အမှီမလိုက်နိုင်ဘဲ မှေးမှိန်ပျောက်ကွယ်သွားတော့မယ် အရာတွေထဲကတစ်ချို့ကိုဖော်ပြရမယ်ဆိုရင်တော့ …. shwekhitonlinetv.com
၁။ ပုံနှိပ်မဂ္ဂဇင်းများ

အမေရိကန်နာမည်ကျော်ပုံနှိပ်မဂ္ဂဇင်းတွေဖြစ်ကြတဲ့ Teen Vogue နဲ့ Nylon တို့ဟာ ပုံနှိပ်မဂ္ဂဇင်းထုတ်ဝေခြင်းကိုရပ်ဆိုင်းလိုက်ပြီး အွန်လိုင်း မဂ္ဂဇင်းအဖြစ်ဆက်လက်ရပ်တည်လျက်ရှိပါတယ်။ ဒါဟာ အင်တာနက်အသုံးပြုသူများပြားလာခြင်းရဲ့ အကျိုးဆက်လည်းဖြစ်ပါတယ်။ အွန်လိုင်းကနေ စာပေတွေလေ့လာဖတ်ရှုသူ များပြားလာတာနဲ့အမျှ ပုံနှိပ်ပြီးထုတ်ဝေတဲ့စာအုပ်တွေကိုဖတ်ရှုသူတွေကသိသိသာသာကြီးလျော့နည်းလာပါတယ်။ shwekhitonlinetv.com
၂။ သတင်းစာများ

အွန်လိုင်းမီဒီယာတွေ များပြားလာသလို လူတိုင်းကလည်း မိမိတို့ စမတ်ဖုန်းတွေကို အသုံးပြုပြီး အွန်လိုင်းကတစ်ဆင့် သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိလာနိုင်တာကြောင့် သတင်းစာတွေကအရင်ကလောက် အရေးမပါတော့ပါဘူး။ အခုလို COVID ကာလမှာဆိုရင် ဘယ်သူမှ တစ်ကူးတစ်က အိမ်ပြင်ထွက်ပြီး သတင်းစာတွေဝယ်ယူမယ်လို့မထင်ပါဘူး။ shwekhitonlinetv.com
၃။ ဒစ်ဂျစ်တယ်ကင်မရာများ

လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်ကတော့ ဒစ်ဂျစ်တယ်ကင်မရာတွေဟာ အရည်အသွေးမြင့်ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် အသုံးဝင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ဖုန်းတွေမှာ ပါဝင်လာတဲ့ အရည်သွေးမြင့် ကင်မရာစနစ်တွေကြောင့် ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့ အခန်းကဏ္ဍဟာလည်း မှေးမှိန်နေပါပြီ။ shwekhitonlinetv.com
၄။ မြေပုံစာရွက်များ

တိုးတက်နေတဲ့ခေတ်ကြီးမှာ Google Map လိုဝန်ဆောင်မှုတွေကြောင့် ခရီးတစ်ခုသွားဖို့အတွက် မြေပုံတွေကို တစ်ကူးတစ်က ရှာဖွေစရာမလိုတော့ပါဘူး။ နောက်ပိုင်း Google Map က အချက်အလက်တွေပိုမိုပြည့်စုံစွာ Support ပေးနိုင်ရင် မြေပုံစာရွက်တွေရဲ့ အခန်းကဏ္ဍက အင်တာနက်မရနိုင်တဲ့ တောတောင်နေရာတွေ အတွက်ပဲ အသုံးဝင်တော့မယ် ထင်ပါရဲ့။ shwekhitonlinetv.com
၅။ CD,VCD,DVD များ

(၂၀၀၀) ပြည့်နှစ်လွန်ကာလတွေတုန်းကတော့ CD,VCD,DVD တွေဟာ နေ့စဥ်လူနေမှုဘဝနဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ အတော်လေးကိုကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်အခါမှာတော့ ဖုန်းတွေ ကွန်ပျူတာတွေ ကတစ်ဆင့် မိမိကြိုက်နှစ်သက်ရာသီချင်းတွေကို ခံစားနားဆင် သိမ်းဆည်းထားနိုင်ပြီဖြစ်လို့ CD,VCD,DVD တွေဟာ တစ်ချို့လုပ်ငန်းတွေမှာသာ အသုံးလိုတဲ့အရာတွေဖြစ်ခဲ့ပါပြီ။ shwekhitonlinetv.com
၆။ ဘေလ်စာရွက်များ

အင်တာနက်ကတစ်ဆင့် ဘေလ်ဆောင်တာက မြန်မာနိုင်ငံမှာတော့ သိပ်မတွင်ကျယ်သေးပေမယ့် များမကြာခင်ကာလမှာတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုလာဖို့ရှိပါတယ်။ အချိန်ကုန်လူပင်ပန်းတဲ့ လျှပ်စစ်မီတာလို အရာတွေကိုနောက်ပိုင်းမှာ အွန်လိုင်းကတစ်ဆင့် ပေးဆောင်သွားကြဖို့ရှိနေပါတယ်။ shwekhitonlinetv.com
၇။ ဂဏန်းပေါင်းစက်၊ နာရီ၊ နှိုးစက်

ဒီအရာသုံးခုစလုံးကလည်း စမတ်ဖုန်းတစ်လုံးမှာ အကုန်ပါဝင်ပြီးသားအရာတွေဖြစ်တာကြောင့်နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း အသုံးပြုမှုလျော့ကျသွားမယ့် ပစ္စည်းတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Padsword များ

အခုနောက်ပိုင်းဖုန်းတော်တော်များများက လက်ဗွေစနစ်တွေ ၊ Face ID စနစ်တွေ အသုံးပြုလာကြပြီဖြစ်လို့ Password အများကြီးကို တစ်ကူးတစ်က ခေါင်းရှုပ်ခံ မှတ်သားရတဲ့ ဒုက္ခကလည်း ကင်းဝေးကြတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ခလုတ်ပါတဲ့ဖုန်းများ

လက်ကိုင်ဖုန်းတွေပေါ်ခါစက Key Pad ဖုန်းတွေဟာ တစ်ခေတ်ထခဲ့ပေမယ့်လည်းနောက်ပိုင်းမှာ ဒီဇိုင်းပိုင်းပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အညီ Touch Screen ဖုန်းတွေမှာပါ ပါဝင်တဲ့ ခလုတ်အရေအတွက်က သိသိသာသာလျော့နည်းလာပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဖုန်းအားလုံးလိုလို ခလုတ်မပါတဲ့ဖုန်းတွေ ဖြစ်သွားနိုင်ပါတယ်။ shwekhitonlinetv.com
၁၀။ ခရီးသွားအေဂျင်စီများ

၂၀၀၀ ခုနှစ်က အမေရိကန်မှာ ခရီးသွားအေဂျင်စီ (၁၂၄၀၀၀) လောက်ရှိရာက ၂၀၁၄ ခုနှစ်မှာ ထက်ဝက်ခန့်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ အကြောင်းကြတော့ ခရီးသွားတွေက လျော့ပါးမသွားဘဲ တစ်စတစ်စ တိုးပွားနေပေမယ့် ခရီးသွားအေဂျင်စီတွေနဲ့ မသွားဘဲ ကိုယ့်အစီစဥ်နဲ့ ကိုယ်သာသွားတဲ့သူတွေများလာလို့ပဲဖြစ်ပါတယ်။ အင်တာနက်ကနေ ခရီးသွား Review တွေဖတ်ပြီး ကိုယ့်ဘာကိုယ်သွားတာက ခရီးသွားအေဂျင်စီတွေနဲ့ သွားတာထက် များစွာစရိတ်စက သက်သာလို့လဲဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။