ဒီတစ်ခေါက်ကတော့ ပရိသတ်ကြီးကို အပျင်းပြေစေဖို့နဲ့ ရယ်မောစေနိုင်ဖို့ အတွက် အကြောင်းအရာလေး တစ်ခု ကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ပေါက်ပေါက်ရှာရှာ ဖြေရှင်းဖို့ ကြိုးစားနေကြသူတွေရဲ့ ဟာသပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဘယ်လို မျိုးတွေဖြစ်မလဲဆိုတာကတော့ အောက်ကပုံ တစ်ပုံချင်းစီကိုသာ ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com
၁။ အရွယ်အစားနဲ့ မလိုက်အောင် မနိုင်ဝန်ထမ်းထားရတဲ့ကား
ဒီကားရဲ့ ပိုင်ရှင်ကတော့ တစ်ကယ့်ကို စီးပွားရေး သောင်းကျန်းလွန်းတဲ့ လူတစ်ဦးလို့ပဲ ပြောရမှာပါ ။ များလွန်းလှတဲ့ ပစ္စည်းတွေကို အခေါက် ခေါက် သယ်မယ့်အစား ကုန်ကျစရိတ် သက်သာအောင် တစ်ခါတည်း သယ်ပြသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နည်းလမ်းက အခန့်မသင့်ရင် ကားရော လူပါ စုတ်ပြတ်သတ်သွားမယ့် အခြေအနေပါ ။ shwekhitonlinetv.com

၂။ သင့်သူငယ်ချင်းကို ယုံကြည်လိုက်ပါ ။
ဒီပုံလေးကတော့ သူငယ်ချင်းတွေကြား ယုံကြည်မှု ဘယ်လောက်ရှိလဲဆိုတာ ပြနေတဲ့ ပုံပဲ ဖြစ်ပါတယ်။ အခြေမခိုင်တဲ့ လှေကားပေါ်တက်ပြီး မီးဆိုင်းပြင်ဖို့ဆိုတာ အောက်က ကိုင်ပေးထားတဲ့ သူငယ်ချင်းဖြစ်သူတွေကို တော်ရုံ ယုံကြည်လို့ တက်တာတော့ မဖြစ်နိုင်ပါဘူး ။ shwekhitonlinetv.com

၃။ Safety First ကို သူများတွေထက် ပိုပြီးအလေးထားသောအခါ
အခုမြင်နေရတဲ့ ပုံကတော့ တွေးကြည့်လေ ပိုပြီး ရယ်ရလေပါပဲ ။ လုပ်ငန်းခွင်တစ်ခုမှာ ထားဖို့အတွက် ဆိုင်းဘုတ်တစ်ခုကို ဆိုင်ကယ်ပေါ်မှာ အခုလိုမျိုးတင်ပြီး ယူတဲ့ပုံစံက ကိုင်ထားတဲ့ ဆိုင်းဘုတ်ပေါ်က စာနဲ့ ပြောင်းပြန် ဖြစ်လို့နေပါတယ် ။ shwekhitonlinetv.com

၄။ လုပ်ငန်းခွင်သုံး ဦးထုပ် အိမ်မှာ မေ့ကျန်ခဲ့သောအခါ
တစ်ခါတစ်လေ အလုပ်နောက်ကျ လို့ အပြေးအလွှား အလုပ်ကို သွားရတဲ့ လူတွေ ရှိကြမှာပါ ။ ပုံထဲက အမျိုးသားကလည်း အလုပ်ကို အပြေးလာခဲ့ရလို့ သူ့ရဲ့ လုပ်ငန်းခွင်သုံး ဦးထုပ်ကို ယူဖို့မေ့ခဲ့တဲ့ ပုံပါပဲ ။ ဒါကို ဘယ်လို ဖြေရှင်းလိုက်လဲဆိုတော့ ပုံမှာ မြင်နေရတဲ့ အတိုင်းပါပဲ ။ shwekhitonlinetv.com

၅။ ဂဟေဆော်တဲ့ အခါ မျက်နှာကို လုံခြုံအောင် ကာနည်း
ဒီအမျိုးသားကတော့ တစ်ကယ့်ကို ပေါက်ပေါက်ရှာရှာ လုပ်နိုင်လွန်းတဲ့သူတစ်ယောက်ပါပဲ ။ ဂဟေဆော်တာကို နည်းစနစ်ကျကျ မျက်နှာကာတဲ့ ပစ္စည်းဆောင်ထားရမယ့်အစား ကတ္ထူပုံးတစ်ခုကို ခေါင်းမှာစွပ်ပြီး အမှန်အကန် ဂဟေဆော်ပြနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ ဉာဏ်ကောင်းလွန်းတဲ့ အဘိုး
မိမိ မွေးထားတဲ့ တိရစ္ဆာန်လေးတွေကို ကျောင်းရတဲ့ အလုပ်ဟာ တစ်ကယ်တော့ မလွယ်ကူလှပါဘူး ။ အကောင်ရေများရင် များသလောက် တုတ်တစ်ချောင်းနဲ့ တစ်စုတစ်စည်းဖြစ်အောင် သွားခိုင်းရတာ တစ်ကယ့်ကို ပင်ပန်းလွန်းလှပါတယ်။ ပုံထဲက အဘိုးကတော့ ဒီလို ပင်ပန်းတဲ့ ဒဏ်တွေကို မခံနိုင်လို့ သံဇကာတစ်ခုကို ဘီးတပ်ပြီး အကောင်တွေကို အေးဆေးဆေးဆေး ကျောင်းပြသွားတာက တစ်ကယ့်ကို လေးစားစရာပါ ။ shwekhitonlinetv.com

၇။ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကြားက နားလည်မှု
သင့်ရဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လောက် အတိုင်းအတာအထိ နားလည်မှု ရှိကြပါသလဲ ? ဒီပုံထဲက အမျိုးသား နှစ်ယောက်ကတော့ သူတို့နှစ်ယောက်ကြား ဘယ်လောက်တောင် နားလည်မှု ရှိကြလဲဆိုတာ ကြည့်လိုက်တာနဲ့ကို သိသာလွန်းလှပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ တစ်နေ့တာကြုံရတဲ့ အခက်အခဲတွေကို ပေါက်ပေါက်ရှာရှာ ဖြေရှင်းပြသွားတဲ့ လူတစ်ချို့အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အပျင်းပြေဖတ်ရှုနိုင်ရန်အတွက် အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေစုစည်းပြီး ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။