ရွှေခေတ် ပရိတ်သတ်ကြီးအားလုံး မင်္ဂလာပါနော် … ဒီတစ်ခေါက်မှာဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါတွေထဲကမှ အကြီးဆုံး သတ္တဝါလို့ သတ်မှတ်ခံထားရတဲ့ သတ္တဝါတွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ ဘယ် သတ္တဝါတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင် …။ shwekhitonlinetv.com
- ၁။ The Blue Whale

Blue Whale လို့ခေါ်တဲ့ အပြာရောင် ဝေလငါးတွေဟာ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ထားတဲ့ အကြီးဆုံး သတ္တဝါတွေဖြစ်ပါတယ်တဲ့..။ သူတို့ရဲ့အလေးချိန်ကတော့ ပေါင် ၁၈၀ လောက်ရှိပြီးတော့ အရှည်က ၉၈ ပေရှည်ပါတယ်တဲ့ ပရိတ်သတ်ကြီးရေ …။ တစ်ကယ်လို့ သူတို့ကိုသာ ဒေါင်လောက်အနေအထားနဲ့ ထားမယ်ဆိုရင် အမြင့်ပေ ၃၀ မီတာနီးပါးရှိကြောင်း သိရပါတယ် ။ ဒီဝေလငါးကဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ လျှာနဲ့ ဆင်တစ်ကောင်လုံးကိုတောင် ချီပီး သမုဒ္ဒရာ အလယ်ထိကူးသွားနိုင်ပါတယ်။ ဒါတောင် သူ့ရဲ့ အားအကုန်သုံးစရာမလိုသေးဘူးတဲ့နော် ။ ဘယ်လောက်ကြီးမလဲ စဥ်းစားသာကြည့်တော့ ….။ shwekhitonlinetv.com

- ၂။ Colossal Squid

ရေဘဝဲတွေဟာ လူတွေစားသုံးတဲ့ အစားအစာတွေကမှ လူကြိုက်များတဲ့ပင်လယ်စာတစ်ခုဆိုရင်လဲ မှားမယ်မထင်ပါဘူးနော် ။ ရေဘဝဲမျိုးစိတ်တွေထဲကမှ ဒီ Colossal ရေဘဝဲမျိုးစိတ်က အကြီးဆုံးပါပဲတဲ့ ။ သူ့ရဲ့ အရှည်ကတော့ ၄၅ ပေရှည်လျားပါတယ်။ သူ့ရဲ့မျက်လုံးတွေဟာဆိုရင် တိရိစ္ဆာန်တွေထဲမှာ အကြီးဆုံးဖြစ်ပြီးတော့ ၃၂လက်မအရွယ် ဘောလုံးတစ်လုံးထက်ပိုကြီးပြီး အချင်း ၂၅ စင်တီမီတာလောက်ရှိပါတယ်တဲ့ ။ ဒီရေဘဝဲတွေဟာဆိုရင် သမုဒ္ဒရာရဲ့ ပေအနက် ၁၀၀၀မီတာဝန်းကျင်မှာ ကျင်လည်ကြက်စားကြပါတယ် ။ shwekhitonlinetv.com

- ၃။ The African Elephant

ပင်လယ်နေ သတ္တဝါတွေကပဲ အကြီးဆုံးဆိုပြီး ဆိုတာမျိုးတော့မဟုတ်ပါဘူး ။ နောက်ထပ်ကမ္ဘာ့အကြီးဆုံး သတ္တဝါကတော့ ကုန်းတွင်းနို့တိုက်သတ္တဝါဖြစ်တဲ့ အာဖရီကန်ဆင်တွေပဲဖြစ်ပါတယ်။ မျိုးတုန်းပျောက်ကွယ်သွားတော့မယ့် သတ္တဝါတွေဆိုရင်လည်း မမှားပါဘူး။ ဒီ အာဖရီကန်ဆင်တွေရဲ့အလေးချိန်ကတော့ ၆၃၅၀ ကီလိုဂရမ် ( ၇ ) တန်ရှိပါတယ်။ အလျား ၃၅ပေရှည်ပြီးတော့ အမြင့်က ၁၃ပေမြင့်ပါတယ်တဲ့။ shwekhitonlinetv.com

- ၄။ East African Giraffe

ကမ္ဘာ့အမြင့်ဆုံး တိရိစ္ဆာန်တွေကို စစ်တမ်းကောက်မယ်ဆိုရင် အရှေ့အာဖရိက က သစ်ကုလားအုတ်တွေကအမြင့်ဆုံးဖြစ်နိုင်ပါတယ်။ အရှေ့အာဖရိက က မြက်ခင်းပြင်တွေနဲ့ ဆာဟာရတောင်ပိုင်းက သစ်တောတွေမှာရှိတဲ့ တိရိစ္ဆာန်တွေက ကမ္ဘာ့အရှည်ဆုံး တိရိစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ အမြင့်ဟာ ၁၉ပေရှိပြီး လည်ပင်းတစ်ခုတည်းကတင် ၆ပေမြင့်ပါတယ်တဲ့ ပရိတ်သတ်ကြီးရေ ..။ သစ်ကုလားအုတ်ကလေးလေးကတောင် အမြင့်ပေ ၂မီတာရှိပါတယ်တဲ့နော်..။ shwekhitonlinetv.com

- ၅။ Hippopotamus

နောက်ထပ်အကြီးဆုံးနဲ့ ကြောက်စရာကောင်းတဲ့သတ္တဝါကတော့ မြစ်ထဲမှာနေပြီး ကြီးမားတဲ့မျက်လုံးတွေနဲ့ နားတွေပိုင်ဆိုင်ထားတဲ့ ရေမြင်းတွေပဲဖြစ်ပါတယ်။ အမြင့်ပေ ၁၄ပေရှိပြီးရေထဲမှာ ကိုယ်တစ်ဝက်နစ်မြုပ်ပြီးနေလေ့ရှိပါတယ်။ ဒီရေမြင်းတွေကို အာဖရိကတိုက်မှာရှိတဲ့ နိုင်ငံ ၂၉နိုင်ငံမှာ တွေ့၇လေ့ရှိပါတယ်။ အရွယ်ရောက်ပြီးတဲ့ ရေမြင်းတစ်ကောင်ဟာ အလေးချိန် ၄တန်လောက်ရှိပြီး ပေါင် ၁၀၀၀ခန့် ရှိနေပါတယ်တဲ့။ ကုန်းနေသတ္တဝါထဲမှာတော့ ဒီရေမြင်းတွေက တတိယအကြီးဆုံးသတ္တဝါတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

- ၆။ Brown and Polar Bears

အညိုရောင်ဝက်ဝံနဲ့ ပိုလာဝက်ဝံတွေဟာဆိုရင်လည်း ကမ္ဘာ့အကြီးဆုံးသတ္တဝါတွေဖြစ်ကြပါတယ်။ ဒီဝက်ဝံတွေက ၉၇၀ ကီလိုဂရမ်အလေးချိန်ရှိပြီး သူတို့မတ်တပ်ရပ်လိုက်ရင် ၁၀ပေအမြင့်ထိဖြစ်သွားပါတယ်။ သူတို့ရဲ့ အလေးချိန်တွေဟာဆိုရင် သူတို့ခန္ဓာကိုယ်ထဲက အဆီတွေမှာရှိနေတတ်ပါတယ်။ shwekhitonlinetv.com
- ၇။ Whale Shark

ဝေလငါးမန်းတွေဟာဆိုရင် ရေအောက်မှာအများဆုံးရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့အလေးချိန်က ၂၂ပေါင်ရှိပြီးအရှည်ကတော့ ပေ ၄၀ ရှည်ပါတယ်။ ဝေလငါးမန်းတွေကလည်း မျိုးတုန်းပျောက်ကွယ်သွားနိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်တဲ့ ။ သူတို့တွေကို ကမ္ဘာအနှံ့က အပူပိုင်း ပင်လယ်တွေမှာတွေ့ရတက်ပါတယ်။ shwekhitonlinetv.com

- ၈။ Elephant Seal

ပင်လယ်ဖျံတွေဟာ ၆ပေရှည်လျားပြီးတော့ အလေးချိန်က ၄.၅တန်ရှိပါတယ်။ မျိုးစိတ် ၂မျိုးရှိပြီးတော့ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းနဲ့ အန္တာတိကတောင်ပိုင်း ရေထဲမှာအများဆုံး တွေ့ရတတ်ပါတယ်။ shwekhitonlinetv.com
- ၉။ Ostrich

ငှက်ကုလားအုတ်တွေဟာကြီးမားတဲ့အရွယ်အစားရှိပြီးတော့ ပျောက်ကွယ်သွားလေ့မရှိတဲ့ မျိုးစိတ်လို့ သိရပါတယ်။ ငှက်မျိုးစိတ်တွေထဲမှာ သူတို့ဟာအကြီးမားဆုံးဖြစ်ကြပါတယ်။ သူတို့ရဲ့ အမြင့်ပေဟာ ၉ပေရှည်လျားတယ်လို့ တိုင်းတာချက်တွေအရသိရပါတယ်။ အလေးချိန်ကတော့ ၁၅၆ ကီလိုဂရမ်ရှိပြီးတော့ သူတို့ရဲ့မျက်လုံးတွေက ၅စင်တီမီတာလောက်ကြီးမားတာကြောင့် ကုန်းနေသတ္တဝါထဲမှာတော့ အကြီးမားဆုံးလို့ပြောလို့ရပါတယ်။ သူတို့က ရှည်လျားတဲ့ လည်ပင်းတွေနဲ့ခြေထောက်တွေကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ ငှက်ကုလားအုတ်တွေရဲ့ ခန္ဓာကိုယ်ဟာလေးလံလွန်းတာကြောင့် သူတို့ဟာ ပျံသန်းနိုင်ခြင်းမရှိပေမယ့် ၆၅ကီလိုမီတာနှုန်းနဲ့ အမြန်ဆုံးပြေးနိုင်တဲ့ ငှက်မျိုးစိတ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
- ၁၀။ The Green Anaconda

နံပါတ် ( ၁၀ )နေရာမှာရပ်တည်နေတာကတော့ Green Anaconda မြွေအမျိုးအစားပဲဖြစ်ပါတယ်။ သူ့ရဲ့အရှည်ကတော့ ပေ ၃၀ထိရှည်လျားပါတယ်။ ဒီမြွေတွေဟာ အပူပိုင်းဇုန်တွေမှာ ကျက်စားလေ့ရှိပြီး ကမ္ဘာ့အကြီးဆုံး အမေဇုံသစ်တောထဲမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်တဲ့ ပရိတ်သတ်ကြီးရေ…။ shwekhitonlinetv.com
အခုဆိုရင်တော့ ကမ္ဘာ့အကြီးဆုံးသတ္တဝါတွေအကြောင်းကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဘယ်လိုထင်လဲဆိုတာ ပြောသွားခဲ့ပါဦးနော် …။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။