အခုဖော်ပြပေးမှာကတော့ ကမ္ဘာမြေကြီးပေါ်မှာ တွေ့ရတဲ့ ခန္ဓာကိုယ် ဖောက်မြင်နိုင်တဲ့ အကောင်တွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအကောင်လေးတွေဟာဆိုရင် သူတို့နဲ့ မျိုးစိတ်တူ အုပ်စုထဲကနေ ခွဲထွက်ပြီး ပြောင်းလဲတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဗဟုသုတရအောင် အောက်ကပုံထဲက အကောင်လေးတွေ တစ်ကောင်ချင်းစီကို လေ့လာကြည့်လိုက်ရအောင်နော် ။ shwekhitonlinetv.com
၁။ Juvenile Surgeonfis
Surgeonfish တွေဟာဆိုရင် Dory လို့ခေါ်တဲ့ ငါးမျိုးစိတ်အုပ်စုထဲက ဖြစ်ပြီး အတော်လေးကို လှပတဲ့ ငါးမျိုးစိတ်လည်း ဖြစ်ပါတယ်။ သူတို့ဟာ အပူပိုင်း ပင်လယ်ဒေသတွေမှာ ကျက်စားနေထိုင်တတ်ကြပြီး အဆိပ်လည်း ပြင်းလှပါတယ်။ ဒါ့အပြင် ချွန်ထက်လှတဲ့ ကျောရိုးတွေကို ပိုင်ဆိုင်ထားပြီး ရန်သူတွေကို ကာကွယ်နိုင်ဖို့အတွက် ပါးဟပ်နဲ့ အမြှီးကနေ အဆိပ်တွေကို ထုတ်လွှတ်နိုင်ပါသေးတယ် ။ shwekhitonlinetv.com

၂။ The Glasswing Butterfly
တစ်ခြားသော သာမန်လိပ်ပြာတွေနဲ့ ပုံစံမတူပဲ အတောင်ပံက ဖန်သားလို ဖြစ်နေတဲ့ လိပ်ပြာကတော့ The Glassingwing ဆိုတဲ့ လိပ်ပြာအမျိုးအစားလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အတောင်ပံတစ်ခုလုံးက ဖောက်မြင်နေရတာ မဟုတ်ပဲ တစ်ချို့နေရာတွေမှာတော့ တောက်ပတဲ့ အရောင်လေးတွေနဲ့ ပေါင်းစပ်ပေးထားကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ The Icefish
ရေခဲငါး ( The Icefish ) လို့ခေါ်ကြတဲ့ ဒီငါးအမျိုးအစားကတော့ တွေ့ဖို့အတော်လေးကို ရှားပါးလွန်းတဲ့ မျိုးစိတ်ထဲမှာ ပါဝင်လို့နေပါတယ်။ ဒီငါးအမျိုးအစားရဲ့ ပုံစံက မိကျောင်းတွေနဲ့ အတော်လေးကို ဆင်တူပြီး ပါးဟပ်ကတော့ အနက်ရောင်ပဲ ဖြစ်ပါတယ်။ အများစုကတော့ အန္တာတိကတိုက်က သမုဒ္ဒရာတွေထဲမှာ ရှင်သန်ကျက်စားကြတာ များပါတယ်။ shwekhitonlinetv.com

ထူးခြားတာက Icefish ခန္ဓာကိုယ်က ထွက်တဲ့သွေးဟာ အနီရောင် မဟုတ်ပဲ အကြည်ရောင် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အရိုတွေဟာ အတော်လေးကို အားနည်းပီး တစ်ကိုယ်လုံးကို ကြည့်လိုက်ရင် ဖြူဖပ်ဖြူရော် ပုံစံမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ shwekhitonlinetv.com
၄။ The Sea Gooseberry
အခုမြင်နေရတဲ့ သေးသေးမွှားမွှား အကောင်လေးကို Sea Gooseberry လို့ခေါ်ပြီး ဂျယ်လီငါးမျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ မွေးစကနေ အရွယ်ရောက်တဲ့အထိ ( ၂.၅ စင်တီမီတာ ) အထိသာ ကြီးထွားနိုင်ကြတာပါ ။ နောက်ပြီး သူတို့ရဲ့ လက်တံတွေဟာ ခန္ဓာကိုယ်ထက် အဆ နှစ်ဆယ်လောက် ရှည်တာကြောင့် ကိုယ်တစ်ခုလုံးကို လုံခြုံအောင် ရစ်ပတ်ထားနိုင်ပါတယ်။ shwekhitonlinetv.com

၅။ The Ghost Shrimp
တစ္စေပုဇွန် (The Ghost Shrimp ) တွေရဲ့ သိပ္ပံနာမည်ကတော့ Palaemonetes paludosus လို့ ခေါ်ပါတယ်။ ဒီပုဇွန်လေးတွေဟာ အမေရိကန်နိုင်ငံ တောင်ပိုင်းမှာ ကျက်စားနေထိုင်ကြပြီး ခန္ဓာကိုယ်ကို ဖောက်မြင်နိုင်ရတဲ့ ပုဇွန်မျိုးစိတ်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရေသန့်တဲ့နေရာတွေနဲ့ ရေကန်တွေမှာနေထိုင်ကြပြီး သူတို့ရဲ့ ကြည်လင်လှတဲ့ ခန္ဒာကိုယ်ကြောင့် ရန်သူတွေ မမြင်ရအောင်လည်း ရုပ်ဖျက်နိုင်ပါသေးတယ် ။ shwekhitonlinetv.com

၆။ The Immortal Jellyfish
မသေဆုံးနိုင်တဲ့ ဂျယ်လီငါး တနည်းအားဖြင့် The Immortal Jellyfish တွေဟာဆိုရင် ဂျယ်လီငါးမျိုးစိတ်တွေထဲမှာ ပါဝင်ပေမယ့် တစ်ခြားဂျယ်လီမျိုးစိတ်တွေနဲ့တော့ ကွဲပြားလှပါတယ်။ များသောအားဖြင့်ကတော့ မြေထဲ ပင်လယ်နဲ့ ဂျပန်နိုင်ဘက် အခြမ်းမှာ ရှင်သန်ကျက်စား ကြတတ်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ရဲ့ Life cycle ဟာ တစ်ခြား ဂျယ်လီငါးမျိုးစိတ်တွေလိုမျိုး အကန့်အသတ် အများကြီး မရှိပါဘူး။ လေ့လာရေးပညာရှင်တွေကတော့ သူတို့ရဲ့ သဘာဝလွန် ထူးခြားလှတဲ့ ပုံစံကို အဖြေရှာလျက်ရှိနေပါသေးတယ် ။ shwekhitonlinetv.com
၇ ။ The Glass Eel
ငါးရှဉ့်တွေထဲမှာလည်း ငါရှဉ့် အကြည်ရောင် ( The Glass Eel ) အမျိုးအစားဆိုတာ ရှိပါသေးတယ် ။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟ ဖန်သားလို ဖောက်မြင်နိုင်ပြီး ဥရောပတိုက်က မြစ်တွေထဲမှာ ကျက်စားကြပါတယ်။ shwekhitonlinetv.com
အရွယ်အစားကတော့ ( ၈၀ စင်တီမီတာလောက် ) အထိ ရှိတတ်ပြီး ( ၁.၅ မီတာအထိ ) အရှည်ရှိတဲ့ အကောင်တွေကတော့ တော်တော်လေးကို ရှားလှပါတယ်။ သက်တမ်းရှည်စွာ နေထိုင်နိုင်တဲ့ အကောင်တွေ ဖြစ်ပြီး ပျှမ်းမျှ ( နှစ်ပေါင်း ၈၀ ကနေ ၁၅၀ ) လောက်အထိ နေနိုင်ကြပါတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးတာက ကမ္ဘာမြေကြီးပေါ်မှာတွေ့ရှိရသော ခန္ဓာကိုယ်ဖောက်ပြီး မြင်နိုင်တဲ့ ရှားပါးသတ္တဝါတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတ ဖြစ်ဖွယ် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။