Shwe Khit ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ အနုပညာရှင် တစ်ယောက်ရဲ့ ထူးခြားလှတဲ့ လက်ရာတွေကို ဖော်ပြပေးချင်ပါတယ်။ စိတ်ကူးထဲက ပုံစံကို လက်တွေ့နဲ့ ပေါင်းစပ်ဖန်တီးထားလို့ သူဖန်တီးထားတဲ့လက်ရာတွေဟာ တစ်ကယ့်ကို အံ့မခန်း ဖြစ်တယ်လို့ပဲ ပြောရမှာပါ ။ ဒါ့ကြောင့် ဘယ်လိုပုံစံတွေ ဖြစ်မလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
စိတ်ကူးနိုင်စွမ်းရှိခြင်းဟာ ဗဟုသုတထက် ပိုပြီး အရေးကြီးတယ်လို့ အိုင်းစတိုင်းက ပြောခဲ့ဖူးပါတယ်။ ဒီစကားဟာ ကိုယ်ပိုင်ဖန်တီးမှုအနုပညာကို လုပ်နေတဲ့ တူရကီ အနုပညာရှင် တစ်ယောက်အတွက်ကတော့ တစ်ကယ်ကို မှန်ကန်လွန်းတယ်လို့ပဲပြောရမှာပါ ။ shwekhitonlinetv.com

သူ့ရဲ့ နာမည်ကတော့ Hüseyin Şahin ဖြစ်ပြီး တူရကီနိုင်ငံသား အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ Sahin ဟာ တစ်ခြားသူတွေ မြင်တဲ့ပုံစံကနေ ခွဲထွက်ကာ အခုလိုမျိုးမတူညီတဲ့ လက်ရာတွေကို ပေါင်းစပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အသက် ( ၄၅ ) နှစ် ရှိပြီဖြစ်တဲ့ Sahin ဟာ Photoshop ပညာကို လေ့လာဆည်းပူးနေသူဖြစ်ပြီး သူ့စိတ်ကူးထဲက ပုံစံနဲ့ လက်တွေ့လောက ကို ပေါင်းစပ်တဲ့ လက်ရာတွေကို ဖန်တီးနေသူတစ်ဦးလို့ ပြောရမှာပါ။ shwekhitonlinetv.com

သူဟာ ၁၉၉၆ ခုနှစ်မှာ Gazi လို့ခေါ်တဲ့ အနုပညာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Photoshop ပညာရပ်ပိုင်းမှာ ပရော်ဖက်ရှင်နယ် တစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ပါတယ် ။ shwekhitonlinetv.com


သူ့ရဲ့ ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် ပုံတစ်ခုချင်းစီတိုင်းဟာ အပိုအလို မရှိပဲ ယုတ္တိဆန်ဆန်လေး ဖြစ်နေတာကို တွေ့ရမှာပါ ။ အခုလက်ရှိမှာတော့ သူ့ရဲ့ ပုံတွေဟာ ကမ္ဘာအနှံ့က သတင်းမီဒီယာတွေ ကြားမှာ နာမည်ကြီး ထင်ရှားလို့လာနေပါပြီ ။ shwekhitonlinetv.com


ဒါ့ကြောင့် သူ့ရဲ့ Photoshop ပညာနဲ့ ပြုပြင်ထားတဲ့ ပုံတွေက တစ်ကယ် လက်ရာမြောက်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်သုံးသပ်ကြည့်ပေးလိုက်ပါဦးနော် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာတွေကတော့ တူရကီနိုင်ငံက အနုပညာရှင်တစ်ဦးဖြစ်တဲ့ Hüseyin Şahin ရဲ့ Photoshop လက်ရာတွေထဲက အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။