အခုတစ်ခါမှာ ပြောပြပေးချင်တာကတော့ ဟိုတယ်တစ်ချို့မှာတွေ့ရတဲ့ ပေါက်ပေါက်ရှာရှာ အလွဲတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဟိုတယ်ဆိုတာ လာရောက်တည်းခိုသူတွေ စိတ်သက်တောင့်သက်သာ ဖြစ်အောင် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးတဲ့နေရာဆိုလည်း မမှားပါဘူး ။ ဒါပေမယ့် တစ်ချို့ဟိုတယ်တွေကတော့ အသုံးစရိတ်တွေကို ချွေတာနိုင်ဖို့ တည်းခိုသူတွေကို ဘယ်လို လှည့်စားထားလည်းဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ ပြာခွက်မှာရေးထားတဲ့ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်
ဟိုတယ်တစ်ခုမှာ ဆေးလိပ်မသောက်ဖို့အတွက် တားမြစ်ထားပါတယ်။ ဒါပေမယ့်လည်း ဆေးလိပ်ပြာခွက်ကြီး ပေးထားပြီး ပြာခွက်ပေါ်မှာ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်ကပ်ထားလို့ သောက်ရမလား ၊ မသောက်ရဘူးလားဆိုတာ မစဉ်းစားတတ်အောင်ပါပဲ ။ shwekhitonlinetv.com

၂။ နံပါတ်မှားနေတဲ့ ဓာတ်လှေကား
ဒီဟိုတယ်မှာ ဓာတ်လှေကား ပြင်ပေးတဲ့သူက အလောတကြီး ပြင်ပေးခဲ့လိုက်ပုံပါပဲ ။ ၂ လွှာမြောက်နေရာမှာ နံပါတ် ၆ နဲ့ မှားပြီး ထားပေးလိုက်တာကြောင့် ဟိုတယ်ကို လာတဲ့သူတွေ အတော်လေးကို အခက်ခဲတွေ့ခဲ့သွားပါသေးတယ် ။နောက်ပိုင်းမှာတော့ ပုံမှာမြင်ရတဲ့အတိုင်း သတိပေးစာရွက်လေးနဲ့ အသိပေးရတဲ့ အဆင့်အထိ ဖြစ်သွားရပါတယ် ။ shwekhitonlinetv.com

၃။ ခန်းစီးထားပေမယ့် မြင်ကွင်းမရှိတဲ့ ဟိုတယ်
တစ်ကယ်လို့ သင ်တည်းနေတဲ့ ဟိုတယ်က ၇၅ ရာခိုင်နှုန်းလောက် Dissount ပေးနေမယ်ဆိုရင်တော့ နည်းနည်းသတိထားသင့်ပါတယ်။ မဟုတ်ရင် ပုံထဲက ဟိုတယ်လိုမျိုး ခန်းစီးလိုက်ကာ ထားပေးထားပေမယ့် မြင်ကွင်းမရှိတာမျိုးနဲ့ ကြုံတွေ့တတ်ပါတယ် ။ shwekhitonlinetv.com

၄။ ဆန်းပြားလှတဲ့ Wifi password
ဟိုတယ်တစ်ခုမှာ တည်းခိုသူတွေအတွက် အသုံးပြုလို့ရအောင် Wifi Password ပေးထားပါတယ် ။ ဒါပေမယ့် သူပေးထားတဲ့ password ကတော့ ပုံထဲမှာ မြင်ရတဲ့ အတိုင်းပါပဲ ။ အနီးမှုန်သူတွေအတွက်ကတော့ Password ရိုက်တဲ့အခါ တော်တော်လေး အဆင်မပြေ ဖြစ်သွားမှာပါ ။shwekhitonlinetv.com

၅။ ရေကူးကန်ရှိပေမယ့် ရေကူးလို့မရတဲ့ ဟိုတယ်
အခုမြင်နေရတဲ့ ဟိုတယ်ကတော့ အစက ရေကူးကန်ထားဖို့ တည်ဆောက်ထားတာဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းကြောင်းကြောင့် မြေတွေ ဖို့ပလိုက်တာပါ ။ ဒါ့ကြောင့် ဒီဟိုတယ်ကိုလာတည်းတဲ့ သူတွေအနေနဲ့ ကြော်ငြာကို ယုံပြီး လာတည်းရင်တော့ စိတ်ပျက်လက်ပျက် ဖြစ်သွားမှာပါ ။ shwekhitonlinetv.com

၆။ ဝါယာကြိုး တိုနေတဲ့ ရေနွေးအိုး
အခုမြင်နေရတာကတော့ ပလပ်ခုံနဲ့ ဝါယာကြိုးကို မမှီမကမ်း ထိုးထားရတဲ့ ရေနွေးအိုးပဲ ဖြစ်ပါတယ်။ ရေနွေးတည်ထားချင်တဲ့ သူတွေ အဖို့ကတော့ Max Level အထိ ရေဖြည့်ပြီး မတည်တာ အကောင်းဆုံးပါပဲ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဟိုတယ်တစ်ချို့က ပေါက်ပေါက်ရှာရှာ အလွဲတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။