ပရိသတ်ကြီးရေ အားလပ်ရက်ရောက်တိုင်း ရောက်ဖူးနေကျ နေရာတွေချည်းပဲ သွားလည်နေရလို့ စိတ်ညစ်နေရပြီလား ? ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာလေးတွေက ခရီးသွားဧည့်သည်တွေကို ထူးခြားတဲ့ ပုံစံတွေနဲ့ ဆွဲဆောင်ထားတဲ့ နေရာတွေမို့လို့ တစ်ပုံချင်းစီကို ကြည့်ပြီး ကိုယ်သဘောကျတဲ့နေရာတွေကို ရွေးချယ်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ The High-Heel Wedding Church ( ထိုင်ဝမ် )
ထိုင်ဝမ်မှာတည်ရှိတဲ့ ဘုရားကျောင်းတစ်ခုဟာဆိုရင် ဒေါက်ဖိနပ်ပုံစံကို ပုံံဖော်တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘုရားကျောင်းမှာဆိုရင် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်တာမျိုး မဟုတ်ပဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပဖို့ အတွက် သက်သက် ပဲ ဖြစ်ပါတယ် ။

ဒီအဆောက်အအုံရဲ့ အမြင့်ဟာဆိုရင် ( ၅၅ ) ပေအမြင့်ရှိပြီး အဆောက်အအုံ တစ်ခုလုံးကို အပြာရောင် ဖန်သားတွေနဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၂။ Yunessun Spa ( ဂျပန်နိုင်ငံ )
ဂျပန်နိုင်ငံမှာတည်ရှိတဲ့ Yunessun Spa ဟာဆိုရင် တစ်ခြား Spa တွေနဲ့ မတူညီတဲ့ ပုံစံနဲ့ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ် ။ ဘယ်လိုမျိုးလဲဆိုတော့ သူတို့ Spa ကို လာလည်တဲ့သူတိုင်းအတွက် ၃.၆ မီတာ အမြင့်ရှိတဲ့ ဝိုင် ရေကန် တစ်ခု ထားပေးထားတာပဲ ဖြစ်ပါတယ်။

ဝိုင်ကို မကြိုက်တဲ့သူတွေအတွက်လည်း ကော်ဖီ ရေကူးကန် နဲ့ ချောကလက် ရေကူးကန်ပါ ထားရှိပေးထားလို့ Spa ကို ရောက်ပြီဆိုတာနဲ့ ကိုယ်ကြိုက်တဲ့ ကန်ကိုရွေးချယ်ပြီး ရေစိမ်အပန်းဖြေလိုက်ယုံပါပဲ ။ shwekhitonlinetv.com


၃။ ( ၈ ) ဟက်တာ အကျယ်အဝန်း ရှိတဲ့ မှော် ကမ္ဘာ ( အမေရိကန်နိုင်ငံ )
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အော်လန်ဒိုမြို့မှာ ( ၈ ) ဟက်တာ အကျယ်အဝန်းရှိတဲ့ မှော်ကမ္ဘာငယ်လေး တစ်ခုရှိပါတယ် ။ ဒီမှော်ကမ္ဘာငယ်လေးကိုတော့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်တဲ့ Harry Potter ထဲက နေရာတွေအတိုင်း ဖန်တီးတည်ဆောက်ပေးထားတာပဲ ဖြစ်ပါတယ် ။ စိတ်ဝင်စားဖို့ကောင်းတာက ဒီမှော်ကမ္ဘာလေးကို တည်ဆောက်တဲ့သူတွေထဲမှာ Harry Potter ရုပ်ရှင်ကို setting ပြင်ဆင်တဲ့ ပညာရှင်တွေ ပါဝင်ပြီး Harry Potter ရဲ့ ဖန်တီးသူဖြစ်တဲ့ စာရေးဆရာမ J.K. Rowling ကိုယ်တိုင် လမ်းညွှန်ပေးခဲ့တယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

ဒီမှော်ကမ္ဘာလေးကို သွားလည်မယ်ဆိုရင် Harry Potter ဇာတ်ကားထဲကို ကိုယ်တိုင် ရောက်သွားသလို ခံစားရမှာ ဖြစ်ပြီး နေရာအနှံ့ရောက်အောင် လျှောက်လည်မယ်ဆိုရင် နာရီပေါင်းများစွာ ကြာမြင့်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄။ ပီကေလမ်းကြား ( အမေရိကန်နိုင်ငံ )
အမေရိကန်နိုင်င ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဆန်လူးဝှစ် အိုဘစ်ပို ဆိုတဲ့ မြို့လေးမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ လမ်းကြားလေးတစ်ခု ရှိပါတယ် ။

၁၉၆၀ ခုနှစ်မှာ စတင်ဖွင့်လှစ်တဲ့ ဒီလမ်းကြားလေးကို တမူထူးခြားတဲ့ အနုပညာနဲ့ ဖန်တီးထားပါတယ် ။

ဖန်တီးထားပုံကတော့ လမ်းကြားထဲမှာရှိတဲ့ ၁၅ ပေအမြင့်ရှိ နေရာတွေမှာ ပီကေတွေနဲ့ တန်ဆာဆင်ထားတာ ဖြစ်ပြီး ကမ္ဘာအနှံ့က လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေရဲ့ လက်ရာတွေလည်း ပါဝင်လို့နေပါတယ် ။ shwekhitonlinetv.com

၅။ ကားကျောက်တိုင် ( အမေရိကန်နိုင်ငံ )
နောက်တစ်ခုကတော့ အမေရိကန်နိုင်ငံ နီဘရားစကား ပြည်နယ်မှာရှိတဲ့ ကားအထိမ်းအမှတ် ကျောက်တိုင်ပဲ ဖြစ်ပါတယ်။

ဒီကားကျောက်တိုင်တွေကို အင်္ဂလန်နိုင်ငံက နာမည်ကြီး စတုန်းဟင်းချ် ပုံစံကို အတုယူပြီး အမေရိကန် စတိုင် ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ Vintage အမေရိကန်ကား မော်ဒယ် ( ၃၈ ) စီးနဲ့ ဖန်တီးထားတာဖြစ်ပြီး ကားတွေအားလုံးကို မီးခိုးရောင်ဆေး သုတ်ပေးထားပါတယ် ။

ဖန်တီးထားသူကတော့ Jim Reinders ဆိုသူဖြစ်ပြီး ၁၉၈၇ခုနှစ် ဇွန်လမှာ စတင်တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ခရီးသွားဧည့်သည်တွေကို ထူးခြားတဲ့ ပုံစံတွေနဲ့ ဆွဲဆောင်ထားနိုင်တဲ့ ကမ္ဘာအနှံ့က လည်ပတ်စရာနေရာ တွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။