တရုတ်နိုင်ငံ ဝူဟန်မြို့ကနေအစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ပိုးဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ကူးစက်လျက်ရှိပါတယ်။ COVID-19 လို့အမည်ပေးထားတဲ့ ဒီကူးစက်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့တော့ နည်းလမ်းမတွေ့ရှိသေးပါဘူး။ ဒါကြောင့်လည်း ကူးစက်ခံရတဲ့ လူအတော်များများ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com
ကြိုတင်ကာကွယ်မှုတွေသာမပြုလုပ်ထားရင်တော့ COVID-19 က ဆင်းရဲချမ်းသာ ၊ ကြီးငယ်မရွေး ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် နာမည်ကျော် Telegraph သတင်းစာရဲ့ုထုတ်ပြန်မှု တွေအရ ဆိုရင်တော့ နယ်ပယ်အသီးသီးက ကမ္ဘာကျော်ပုဂ္ဂိုလ်အတော်များများလည်း ဒီရောဂါပိုးကူးစက်ခြင်း ခံထားရပါတယ်။ သူတို့ထဲက အထင်ရှားဆုံးသူ (၁၀) ဦးကို ဖော်ပြမယ်ဆိုရင်တော့ … shwekhitonlinetv.com
၁။ ကီဗင်ဒူးရန့် – Kevin Durant (NBA)

ကီဗင်ဒူးရန့် က အမေရိကန်ဘတ်စကတ်ဘော (NBA) လောကရဲ့ (Icon) တစ်ခုလို့ဆိုရလောက်အောင်ကို ထူးချွန်လှသူတစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက သူနဲ့ပတ်သတ်တဲ့ စိတ်မကောင်းစရာသတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ သူ့အနေနဲ့ (COVID-19) ကူးစက်ခြင်းခံထား ရတယ်လို့ ကီဗင်ဒူးရန့် က သူ့ရဲ့ Instagram စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ မာလ်ဒီနီသားအဖနှစ်ဦး – Paulo & Daniel Madini (Football)

အီတလီအသင်းနဲ့ အေစီမီလန်အသင်းမှာ မျိုးရိုးစဉ်ဆက် ကစားခဲ့တဲ့သူတွေလို့ ဆိုရမယ့် ပေါ်လိုမာလ်ဒီနီ နဲ့ သားဖြစ်တဲ့ ဒန်နီယယ်လ် မာလ်ဒီနီတို့ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံထားရပါတယ်။ shwekhitonlinetv.com
၃။ အာတီတာ – Arteta (Football)

အာဆင်နယ်အသင်းကိုလက်ရှိနည်းပြအဖြစ်တာဝန်ယူထားတဲ့ စပိန်လက်ရွေးစင်ဟောင်း အာတီတာကို ကျန်းမာရေး ဆေးစစ်ချက်များပြုလုပ်ခဲ့ရာမှာတော့ (COVID-19) Positive လို့အဖြေထွက်ပေါ်ခဲ့ပါတယ်။ shwekhitonlinetv.com
၄။ အိုဒွိုင်း – Odoi (Football)

အနာဂတ်အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကြယ်တစ်ပွင့်ဖြစ်လာနိုင်တဲ့ ချယ်လ်ဆီးအသင်း တောင်ပံကစား ကော်လန်ဟာ့ဒ်ဆန်အိုဒွိုင်း ဟာလည်း (COVID-19) ကူးစက်ခံထားရပါတယ်။ shwekhitonlinetv.com
၅။ တွမ်ဟန့်စ် – Tom Hanks (Actor)

အော်စကာဆုရရှိဖူးတဲ့ နာမည်ကျော် မင်းသားကြီး တွမ်ဟန့်စ် နဲ့ သူ့ရဲ့ ဇနီးသည် ရီတာဝီလ်ဆင် တို့ဟာလည်း ဒီဗိုင်ရပ်ကူးစက် ခံထားရသူစာရင်းမှာအပါအဝင်ဖြစ်ပါတယ်။ အသက် (၆၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တွမ်ဟန့်စ် နဲ့ သူ့ဇနီးကတော့ ရေ ကျန်းမာရေးလေ့ကျင့်ခန်းတွေ နေ့စဉ်ပုံမှန်ပြုလုပ်နေပြီး ပျော်ရွှင်စွာနဲ့ ရောဂါကူးစက်ခံရတဲ့ နေ့ရက်တွေကို ရင်ဆိုင်အံတု နေတာကတော့ တကယ်လေးစားဖို့ကောင်းပါတယ်။ shwekhitonlinetv.com
၆။ အီဒရစ်အာလ်ဘာ – Edris Elba (Actor)

(Heimdall) ဆိုတာက (Avengers) ရုပ်ရှင်ဇာတ်ကားတွေထဲမှာ (Asgard) မြို့ကို စောင့်ရှောက်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကောင်နေရာကို သရုပ်ဆောင်ခဲ့တဲ့ အီဒရစ်အာလ်ဘာ ကလည်း (COVID-19) Positive တစ်ဦးအဖြစ် မကြာသေးမီအချိန်က စာရင်းဝင်ခဲ့ပါတယ်။ shwekhitonlinetv.com
၇။ ခရစ္စတိုဖာဟစ်ဗ်ယူး – Kristofer Hivju (Norwegien Actor)

သူ့ကိုတော့ Game Of Throne ရုပ်ရှင်စီးရီးကို ကြည့်ဖူးတွေသူတွေသိကြမှာပါ။ ဒီနော်ဝေး မင်းသားကြီးဟာလည်း (COVID -19) ကူးစက်ခြင်းခံထားရကြောင်းသိရပါတယ်။ shwekhitonlinetv.com
၈။ အော်လ်ဂါကူရီလန်ကို – Olga Kurylenko (Actress)

ပြင်သစ်-ယူကရိန်း ကပြားဖြစ်တဲ့ မင်းသမီးချော အော်လ်ဂါကတော့ ဂျိမ်းစ်ဘွန်း မင်းသမီးတစ်ဦးဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ (QUANTUM OF SOLACE) ဂျိမ်းစ်ဘွန်း ဇာတ်ကားမှာ မင်းသား (DANIEL CRAIGE) နဲ့အတူပါဝင်သရုပ်ဆောင်ထားတဲ့ သူလည်းဖြစ်ပါတယ်။ သူမကလည်း ဒီဗိုင်းရပ်စ်ရဲ့ သားကောင်တစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၉။ မာဆူးမားအီတီကာ – Masoumeh Ebtekar (Iran Vice President)

အီရန်နိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်တဲ့ မာဆူးမားအီတီကာ ဟာလည်း (COVID-19) ကူးစက်ခံထားရတယ်လို့ ပြီးခဲ့တဲ့ရက်အနည်းက သတင်းတွေမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အီရန်နိုင်ငံရဲ့ နိုင်ငံရေးလောက မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။ shwekhitonlinetv.com
၁၀။ ဒုတိယမြောက်အဲလ်ဘတ်မင်းသား – Prince Albert (II) , (Royal)

မိုနာကိုနိုင်ငံ တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးရဲ့ ပြောကြားချက်တွေအရ တော်ဝင်မင်းသား (Prince Albert II) ဟာလည်း (COVID-19) ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မင်းသားရဲ့ ကျန်းမာရေးအတွက်စိုးရိမ်ပူပန်စရာ မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။