ပြတိုက်ဆိုတာက ခေတ်အဆက်ဆက်က လူ့ယဥ်ကျေးမှုတွေ၊ အသုံးအဆောင်တွေ၊ သမိုင်းကြောင်းတွေကို တစ်နေရာတစ်မှာ တစ်စုတစ်ဝေးတည်း အချိန်ကုန်သက်သာစွာ လေ့လာလို့ ရတဲ့ နေရာဖြစ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်ကနိုင်ငံအသီးသီးမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပြတိုက်တွေများစွာ ဖွင့်လှစ်ပြသထားတာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ပြတိုက်တွေကတော့ သင့်အနေနဲ့ တစ်ခါမှ မြင်ဖူးကြားဖူးမယ် မထင်တဲ့ပြတိုက် အဆန်းကြီးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Hair Museum

တူရကီနိုင်ငံ Avanos မြို့မှာဆံပင်ပြတိုက်တစ်ခုရှိပါတယ်။ ဒီလိုပြတိုက်က ထူးခြားလှသလိုကမ္ဘာပေါ်မှာ များများစားစားလည်းမရှိပါဘူး။ ဒီပြတိုက်ကို တည်ထောင်သူကတော့ Chez Galip ဆိုတဲ့ ဆံသပညာရှင်အမျိုးသမီးပဲဖြစ်ပြီး အမျိုးသမီး (၁၆၀၀၀)ကျော်ရဲ့ ဆံနွယ်တွေကို စုဆောင်းပြီး ဆံပင်ပြတိုက်အဖြစ် ပြသထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Icelandic Phallological Museum

ဒီပြတိုက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နို့တိုက်သတ္တဝါတွေရဲ့ အထီးသဘာဝလိင် အင်္ဂါတွေကိုစုဆောင်းပြီးပြသထားတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒဆိုင်ရာနဲ့ ဆေးပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်အားလုံးရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ပြသထားရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒီပြတိုက်မှာတော့ (၆၇) လက်မလောက်ရှိတဲ့ ဝေလငါးအထီးလိင်အင်္ဂါ၊ ပင်လယ်ဖျံ၊ ပိုလာဝက်ဝံနဲ့ အခြားနို့တိုက်သတ္တဝါ အမျိုး (၂၀) ကျော်လောက်ရဲ့ အထီးသဘာဝလိင်အင်္ဂါပုံစံနမနာတွေပြသထားပါတယ်။ shwekhitonlinetv.com
၃။ Toilet Museum

ဒီအတောက်အအုံကိုတည်ဆောက်ခဲ့သူက Me.Toilet လို့လူသိများတဲ့ တောင်ကိုရီးယားနိုင်ငံ ဆူဝမ်မြို့တော်ဝန်ဟောင်း Sim Jae Duck ပဲဖြစ်ပါတယ်။ သန့်စင်တဲ့ မိလ္လာစနစ်ပါတဲ့ အိမ်သာတွေကို အသုံးပြုဖို့နဲ့ သူကိုယ်တိုင် အဖွားဖြစ်သူရဲ့ အိမ်သာအတွင်းမွေးဖွားခဲ့ခြင်းကို အမှတ်ရတဲ့ အနေနဲ့ သူ့အိမ်ကို အိမ်သာပုံစံဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ သူကွယ်လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်မှာတော့ သူ့အိမ်ကို ပြတိုက်အဖြစ်အသွင်ပြောင်းခဲ့ပြီး (၂၀၁၂) ခုနှစ်ကစလို့ တိုးချဲ့ပြင်ဆင်မှုတွေ နှစ်စဥ်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com
၄။ Cup Noodles Museum

ကိုးရီးယား၊ ဂျပန်လိုနိုင်ငံတွေမှာ စျေးနှုန်းသက်သာပြီး အချိန်ကုန်လည်းသက်သာတဲ့ ခေါက်ဆွဲပြုတ်လိုအရာမျိုးကို စားသုံးကြတာဟာ ရိုးရာဓလေ့တစ်ခုလို့တောင်ဆိုလို့ရပါတယ်။ နောက်ပြီး အချိန်လု အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေကျောင်းသားတွေအတွက် အရေးပါလှတဲ့ အစားအစာတစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒီလိုအရေးပါလှတဲ့ ခေါက်ဆွဲတွေရဲ့ ပြတိုက်တစ်ခုကိုတော့ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဖွင့်လှစ်ထားပြီး နှစ်စဥ်လာရောက်လည်ပတ် လေ့လာသူတွေနဲ့ စည်ကားလို့နေပါတယ်။ ဒီပြတိုက်မှာတော့ (၁၉၅၀) လောက်ကထုတ်လုပ်ခဲ့တဲ့ Chicken Ramen အပါအဝင် ယနေ့ခေတ် ခေါက်ဆွဲခြောက်တွေအထိကို နမူနာပုံစံ ကာဗာ အရသာ စုံစုံလင်လင်နဲ့ ပြသထားပါတယ်။ shwekhitonlinetv.com
၅။ Kansas Barbed Wired Museum

အမေရိကန်ပြည်ထောင်စု Kansas ပြည်နယ် La Crosse မြို့မှာတော့ သံဆူးကြိုးတွေချည်းပြသထားတဲ့ Kansas Barbed Wired Museum ရှိပါတယ်။ (၁၈၇၀) လောက်တည်းက အသုံးပြုခဲ့တဲ့ သံဆူးကြိုးတွေကနေ ယနေ့ချိန်ထိသုံးစွဲနေကြတဲ့ သံဆူးကြိုးတွေအထိ ဒီပြတိုက်မှာ စုံစုံလင်လင်ပြသထားပါတယ်။ နောက်ပြီး သံဆူးကြိုးပြုလုပ်တပ်ဆင်တဲ့ ကိရိယာတန်ဆာပလာ တွေကိုလည်းစုံစုံလင်လင်ပြသထားပါတယ်။ shwekhitonlinetv.com
၆။ Spam Museum

Spam လို့လူသိများတဲ့ ဝက်ပေါင်သားစည်သွပ်ဟင်းလျာဟာ အမေရိကန်မှာတော် အတော်လေူကို လူကြိုက်များလှတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ (၁၉၃၇) လောက်ကတည်းက စျေးကွက်ထဲရောက်ခဲ့တဲ့ ဒီအစားအစာဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ရှေ့တန်းရောက်စစ်သည်တွေအတွအတွက် နောက်တန်းကနေ အများအပြားပို့ပေးခဲ့ရတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ (၁၉၉၁) ခုနှစ်အရောက်မှာတော့ Minnesota ပြည်နယ်ထဲက အော်စတင်မြို့မှာ Spam ဟင်းလတွေအကြောင်းပြသထားတဲ့ ပြတိုက်လေးတစ်ခုကို အာဏာပိုင်တွေက စတင်ဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Bata Shoe Museum

ကနေဒါနိုင်ငံ တိုရွန်တို မြို့မှာတော့ ရှူးဖိနပ်ထည့်တဲ့ဘူးသဏ္ဍာန်တည်ဆောက်ထားတဲ့ Bata Shoe Museum ရှိပါတယ်။ ဒီပြတိုက်ကိုဖွင့်လှစ်ခဲ့တာကတော့ Bata Shoe ဖိနပ်စတင်တည်ထောင်သူ Thomas Bata ရဲ့ ဇနီး Sonja Bata ပဲဖြစ်ပါတယ်။ သူမဟာ (၁၉၄၀) ခုနှစ်တည်းက ဖိနပ်အမျိုးမျိုးကို စုဆောင်းလာသူဖြစ်ပြီး (၁၉၇၀) လောက်မှာတော့ သူမအိမ်ဟာ ဖိနပ်တွေနဲ့တင် ုပည့်နှက်လာတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com
ဒါကြောင့် ဖိနပ်ပြတိုက်အသေးစားလေးဖွင့်လှစ်ခဲ့ပြီး လူစိတ်ဝင်စားမှုများတာကြောင့် (၁၉၉၅) မှာတော့ ယခုတည်ရှိနေတဲ့ တိုရွန်တို မြို့ကိုရွှေ့ပြောင်းကာ တိုးချဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ပြတိုက်အတွင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၅၀၀) လောက်က ဖိနပ်အဖြစ်အသုံးပြုခဲ့တဲ့ အတွေအပါအဝင် ဖိနပ်အရံပေါင်း (၁၃၀၀၀) ကျော်ပြသထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၈။ Dog Collar Museum

အင်္ဂလန်နိုင်ငံ Kent မြို့မှာတော့ ခွေးလည်ပတ်တွေကို စုစည်းပြသထားတဲ့ ခွေးလည်ပတ်ပြတိုက်တစ်ခုရှိပါတယ်။ (၁၉၇၆) ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ဒီပြတိုက််မှာတော့ အလယ်ခေတ်ကနေ ယနေ့မျက်မှောက်ကာလအထိ အသုံးပြုခဲ့တဲ့ ခွေးလည်ပတ်ပေါင်း (၁၀၀) ကျော်ကို ခင်းကျင်းပြသထားပါတယ်။ shwekhitonlinetv.com
၉။ Skull Tower of Nis

(၁၈၀၉) ခုနှစ်က Cegar တိုက်ပွဲအတွင်းသေဆုံးသွားခဲ့တဲ့ ဆားဘီးယားတော်လှန်ရေးခေါင်းဆောင် Steven Sindelic နဲ့ သူ့နောက်လိုက်တွေရဲ့ ဦးခေါင်းခွံတွေကိုပြသထားတဲ့နေရာဖြစ်ပါတယ်။ Steven Sindelic နဲ့ နောက်လိုက်တွေဟာ တူရကီစစ်တပ်ရဲ့ ဖမ်းဆီးမှုကို မခံဘဲသေမယ့်လမ်းကိုရွေးကာ ဗုံးဖောက်ခွဲပြီး ကိုယ့်ကိုကိုယ်သေကြောင်းကြံခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါကိုမှ တူရကီခေါင်းဆောင် Vizier Hurshid Pasha က ဆားဘီးယားသားတွေနောင်ကျဥ်စေဖို့ ရည်ရွယ်ချက်နဲ့ သေဆုံးခဲ့တဲ့ ဆားဘီးယားတော်လှန်ရေးသမား (၉၅၂) ယောက်ရဲ့ ဦးခေါင်းခွံတွေကို အသုံးပြကာ (၁၅) ပေမြင့်ပြီး အတန်း (၁၄) ပါတဲ့နံရံတွေကို တည်ဆောက်ခဲ့ရာမှ Skull Tower of Nis ပြတိုက်စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Lunchbox Museum

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၊ ကိုလံဘတ်စ်မြို့မှာတော့ Lunchbox Museum ရှိပါတယ်။ ဒီပြတိုက်ကို Allen Woodall ဆိုသူက (၁၉၉၀) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပြတိုက်မှာ (၁၉၅၀) ခုနှစ်ကတည်းက ယနေ့ချိန်ထိအသုံးပြုလာတဲ့ ထမင်းချိုင့်ထောင်ပေါင်းများစွာကို ပြသထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။