ရွှေခတ်ပရိသတ်တွေထဲမှာ ရင်သွေးလေးတွေလွယ်ထားရတဲ့ကိုယ်ဝန်ဆောင်မိခင်တွေများ ရှိသလားမသိဘူးရှင့်။ ဘာလို့လဲဆိုတော့ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးက ကိုယ်ဝန်ဆာင်မိခင်တွေအတွက် အရမ်းကို အရေးပါတဲ့အကြောင်းအရာလေးတွေဖြစ်နေလို့ပါပဲ။

ဘယ်လ်ိုအကြောင်းအရာလေးလဲဆိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးမိရင် အလွန်အန္တရာယ်များစေမယ့် အစားအသောက်လေးတစ်ချို့ အကြောင်းဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် … shwekhitonlinetv.com
၁။နာနတ်သီး

နာနတ်သီးဟာကိုယ်ဝန်ပျက်ကျနိုင်ခြေအများဆုံးအသီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ လုံးဝမစားသင့်တဲ့ အသီးတစ်မျိုးဆိုရင်လည်းမမှားပါဘူး။ နာနတ်သီးမှာပါဝင်တဲ့ Bromelain လို့ခေါ်တဲ့ ဓါတ်ဟာ သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေကာ ကိုယ်ဝန်နုစဉ်မှာ စားသုံးလျှင် အလွန် အန္တရာယ်များလှပါတယ်။ shwekhitonlinetv.com
၂။ သင်္ဘောသီး

နာနတ်သီးပြီးလျှင်တော့ သင်္ဘောသီးပဲဖြစ်ပါတယ်။ အချို့ကတော့ ကိုယ်ဝန်ဆောင်နေချိန်မှာသင်္ဘောသီးအစိမ်းကိုမစားသင့်ဘူးဆိုတာသိရှိပြီး ဖြစ်မှာပါ။ ဖြစ်နိုင်မယ်ဆိုလျှင်တော့ သင်္ဘောသီးကိုအစိမ်းရောအမှည့်ပါမစားတာအကောင်းဆုံးပါ။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ စားသုံးမိလျှင်ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများလုံးဝမစားမိဖို့သတိပေးတိုက်တွန်းချင်ပါတယ်။ shwekhitonlinetv.com
၃။ ရှားစောင်းလက်ပက်ဖျော်ရည်

ရှားစောင်းလက်ပက်ဟာ အသားအရေနှင့် ကျန်းမာရေးအတွက် အလွန်ကိုကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ တင်ပါးဆုံရိုး သွေးယိုစီးမှု ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com
၄။ ဒန့်ဒလွန်သီး

ဒန့်ဒလွန်သီးမှာပါဝင်တဲ့ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဓါတ်ပေါင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက်တော့ အန္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ shwekhitonlinetv.com
၅။မက်မွန်သီး

အရသာရှိတဲ့ မက်မွန်သီး၊ မက်မွန်သီးဖျော်ရည်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မစားသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။အထူးသဖြင့် မက်မွန်သီးအခွံမှာပါတဲ့ အမျှင်လေးတွေဟာ ယားယံခြင်းနှင့် သားအိမ်တွင်း သွေးယိုစီးမှုဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျဖို့အတွက် အလားအလာများစေပါတယ်။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ ရှောင်သင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ စည်သွပ်ဘူးငါးများ

တူနာငါး ဆော်မွန်ငါးတွေကို စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေဟာလည်း ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စားသုံးဖို့ မသင့်တော်ပါဘူး။ ဖြစ်နိုင်ရင်တော့ လုံးဝ မစားသင့်ပါဘူး။ ဒီလိုစည်သွပ်ဘူးမှာပါဝင်တဲ့ ငါးတွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပြီး ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com
၇။ အအေးခံထားသောစားဖွယ်ရာများ

ရေခဲရိုက် အအေးခံထားတဲ့ ကြက်အူချောင်းများအသားတုများအသားတွေဟာလည်း စည်သွပ်ငါးတွေကဲ့သို့ ဘက်တီးရီးယားတွေများစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အစားအသောက်စားမယ်ဆိုလျှင် ဒီလိုအစားအစာမျိုးတွေထက် ပူနွေးတဲ့ အစားအစာများကိုသာ စားသင့်ပါတယ်။ shwekhitonlinetv.com
၈။ ကော်ဖီ

ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓါတ်က ခန္ဓာကိုယ်တွင်းက အရည်တွေကို စုပ်ယူပစ်ပြီး ကယ်လ်စီယံဓါတ်ကို လျော့နည်းစေကာ ရေဓါတ်ကုန်ဆုံးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်များ ရေများများသောက်ဖို့လိုအပ်သလိုကဖင်းဓါတ် များလွန်းလျှင်ကိုယ်ဝန်ပျက်ကျခြင်း ပေါင်မပြည့်ဘဲမွေးခြင်းနှင့်အခြားသာမန်မဟုတ်တဲ့ကလေးမွေးဖွားခြင်းမျိုးတွေဖြစ်လာနိုင်ပါတယ်။ shwekhitonlinetv.com
၉။ Green Tea

Antioxident ကြွယ်ဝတဲ့ Green Tea မှာ ကဖင်းဓါတ် (၂၀၀) မီလီဂရမ်လောက် ပါဝင်ပါတယ်။ ကော်ဖီလိုပဲ အကျိုးအာနိဿင်ရှိတာကြောင့် Green Tea ဟာလည်း များများသောက်လျှင်ကိုယ်ဝန်ကိုပျက်ကျစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေသာမကနို့တိုက်မိခင်တွေ သောက်သုံးလျှင်လည်း ကလေးကိုအကျိုးသက်ရောက်မှုရှိနိုင်တာကြောင့် Green Tea သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။