(၂၀၂၀) ခုနှစ် မှာကောက်ယူထားတဲ့ စစ်တမ်းတွေအရဆိုရင်တော့ ဒီနေ့ကမ္ဘာကြီးမှာဆိုရင် လူဦးရေကသန်း (၇၈၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံကတော့ လူဦးရေ သန်း (၁၄၀၀) ကျော်နေထိုင်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါတယ်။ တရုတ်နိုင်ငံနဲ့အတူ ထိပ်ဆုံးအဆင့် (၁၀) နေရာမှာရပ်တည်နေတဲ့ လူဦးရေအများဆုံးနိုင်ငံတွေကတော့ … shwekhitonlinetv.com
၁၀။ မက္ကဆီကို (၁၂၆,၅၇၇,၆၉၁)

မြောက်အမေရိကတိုက်က မက္ကဆီကိုနိုင်ငံဟာဆိုရင် ဒီစာရင်းမှာ အဆင့် (၁၀) နေရာမှာရှိပါတယ်။ မြို့တော်ဖြစ်တဲ့ မက္ကဆီကိုစီးတီး ဝန်းကျင်မှာတော့ နိုင်ငံရဲ့လူဦးရေ (၄) ပုံ (၁) ပုံလောက်နေထိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၉။ ရုရှား (၁၄၆,၇၄၅,၀၉၈)

ကမ္ဘာပေါ်ကမြေဧရိယာအကျယ်ဝန်းဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံကတော့ နိုင်ငံကျယ်ဝန်းသလောက် လူဦးရေသိပ်သည်းမှုကတော့ နည်းပါးလှပါတယ်။ ဆိုက်ဘေးရီးယားဒေသရဲ့ မြေနေရာအကျယ်အဝန်းနဲ့ဆိုရင် (၁) ကီလိုမီတာမှာ ပျမ်းမျှလူ (၃) ဦးပဲနေထိုင်တဲ့ အထိကို လူဦးရေ သိပ်သည်းမှု နည်းပါးလှတာဖြစ်ပါတယ်။ ဆိုက်ဘေးရီးယား ဒေသက ကမ္ဘာ့မြေထုရဲ့ (၁၂) ပုံ (၁) ပုံလောက်ကျယ်ဝန်းတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၈။ ဘင်္ဂလားဒေ့ရှ် (၁၆၈,၆၅၃,၂၂၀)

နိုင်ငံနယ်နိမိတ် သေးငယ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့လူဦးရေ အသိပ်သည်း ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါဟာနှစ်စဉ်မြင့်မားတဲ့ ကလေးမွေးဖွားနှုန်းကြောင့်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ နိုင်ဂျီးရီးယား (၂၀၆,၁၃၉,၅၈၇)

အာဖရိကနိုင်ငံတွေထဲမှာတော့ နိုင်ဂျီးရီးယားနိုင်ငံက လူဦးရေသိပ်သည်းမှု အများဆုံးလို့ဆိုနိုင်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု ကြောင့်သာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရခြင်းမရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ဘရာဇီးလ် (၂၁၁,၅၅၇,၃၆၃)

တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံကလည်း အတော်လေးကို လူနေထူထပ်လှပါတယ်။ နိုင်ငံရဲ့ လူဦးရေအများစုကတော့ အရှေ့ဘက် အတ္တလန္တိတ်ကမ်းရိုးတန်းမှာနေထိုင်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ပါကစ္စတန် (၂၂၀,၈၉၂,၃၃၁)

အာရှတိုက်က ပါကစ္စတန်နိုင်ငံဟာ ဒီစာရင်းမှာ အဆင့် (၅) နေရာမှာ ရပ်တည်နိုင်တဲ့ အထိ လူဦးရေသိပ်သည်းမှု များပြားလှပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ပန်ဂျပ်ပြည်နယ်ကတော့ လူနေအထူထပ်ဆုံး ဒေသတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ အင်ဒိုနီးရှား ( ၂၆၆,၉၁၁,၉၀၀)

အာဆီယံဒေသတွင်းက အင်ဒိုနီးရှားနိုင်ငံဟာ ဆိုရင်လည်း လူဦးရေသိပ်သည်းအတော်လေးကိုများ ပြားလှတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဂျာဗားကျွန်းကတော့ လူနေအထူထပ်ဆုံးကျွန်းဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ အမေရိကန်ပြည်ထောင်စု ( ၃၂၉,၇၃၁,၂၂၄)

ကမ္ဘာ့စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြောက်အမေရိကတိုက်က အမေရိကန်ပြည်ထောင်စုကတော့ ဒီစာရင်းမှာ အဆင့် (၃) နေရာမှာ ရပ်တည်နေပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းရိုးတန်းက မြို့ပြဒေသအများစုကတော့ လူနေအထူထပ်ဆုံးဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား နဲ့ တက္ကဆက်ပြည်နယ်တို့ကတော့ နိုင်ငံရဲ့ လူဦးရေ (၄) ပုံ (၁) ပုံလောက်ထိနေထိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ အိန္ဒိယ (၁,၃၆၂,၅၄၉,၉၅၈)

အိန္ဒိယနိုင်ငံကတော့ အနောက်မြောက်ဘက်မှာ ရှိတဲ့ သဲကန္တာရဒေသနဲ့ မြောက်ဘက်ကတောင်တန်းဒေသတွေကလွဲရင် တစ်နိုင်ငံလုံးလိုလို လူဦးရေ သိပ်သည်းမှု မြင့်မားတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ တရုတ် (၁,၄၀၂,၇၅၆,၁၆၀)

အဓိကလူနေထူူထပ်တာကတော့ နိုင်ငံရဲ့ အရှေ့ပိုင်းဒေသဖြစ်ပါတယ်။ ဘယ်လောက်တောင်လူနေထူထပ်သလဲဆိုတော့ နိုင်ငံရဲ့ စုစုပေါင်းလူဦးရေ တစ်ဝက်လောက်ကိုနေထိုင်ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးသွားတာကတော့ ပြီးခဲ့တဲ့ မေလကုန်အထိကောက်ယူထားတဲ့စစ်တမ်းတွေ အရထုတ်ပြန်ထားတဲ့ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။