ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ IQ မြင့်လွန်းတဲ့ ကမ္ဘာကျော် ဆယ်လီတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့ဟာ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်သလို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လွန်းတဲ့လူတွေလို့တောင် ပြောလို့ရပါတယ် ။ ဒါ့ကြောင့် IQ မြင့်လွန်းတဲ့ အနုပညာရှင်စာရင်းမှာ ကိုယ် သဘောကျတဲ့ အနုပညာရှင်တွေ ပါလားဆိုတာ ကြည့်လိုက်ပါဦးနော် …
၁။ ရှာကီရာ
နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရှာကီရာ ကတော့ အသက် ( ၄ ) နှစ် အရွယ်ကတည်းက ကဗျာတွေ စတင်ရေးခဲ့ပြီး သူမရဲ့ ပထမဦးဆုံး Album ကို အသက် ( ၁၃ ) နှစ်အရွယ်မှာတင် ထုတ်ဝေနိုင်ခဲ့သူတစ်ယောက်ပါ ။

သူမရဲ့ IQ ဟာ 140 အထိ ရှိပေမယ့်လည်း ကောလိပ်မတက်ခဲ့ပဲ ကမ္ဘာအနှံ့ ခရီးတွေသွားပြီး အတွေ့အကြုံ အသစ်တွေ သင်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီလို သင်ယူခဲ့တာဟာ အချည်းအနှီးမဖြစ်ခဲ့ပဲ သူမဟာ ဘာသာစကား ( ၅ ) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com

၂။ မက် ဒေမွန်
မင်းသားကြီး မက် ဒေမွန်ရဲ့ IQ ကတော့ 160 ကျော်ရှိလို့ ကမ္ဘာကျော် ပညာာရှင် စတီဖင် ဟော့ကင်းရဲ့ IQ နဲ့ အတူတူပဲ လို့ ပြောရမှာပါ ။ မက် ဒေမွန်ဟာ ဟားဗက်တက္ကသိုလ်မှာ ပညာသင်ကြားနေရင်းနဲ့ The Good Will Hunting အမည်ရှိ ဇာတ်ညွန်းကို ကိုယ်တိုင် ရေးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။

သူ ဟာ ဘွဲ့ရတဲ့အထိ တက္ကသိုလ်ဆက်မတက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သူငယ်ချင်းဖြစ်သူ Ben Affleck နဲ့တွဲပြီး အကောင်းဆုံး မူရင်းဇာတ်ညွန်းဆု အကယ်ဒမီကို ရရှိခဲ့ပါတယ် ။ shwekhitonlinetv.com

၃။ နာတာလီ ပေါ့ထ်မန်း

နာတာလီ ပေါ့ထ်မန်းကတော့ ဟားဗက်တက္ကသိုလ်မှာ ၂၀၀၃ ခုနှစ်တုန်းက စိတ်ပညာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ဟားဗက်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ပထမဦးဆုံး အော်စကာဆုရှင် မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမရဲ့ IQ ဟာ 140 ရှိပြီး ဘာသာစကား ( ၅ ) မျိုးကို လည်း ပြောနိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com

၄။ ခရစ် မာတင်
Chris Martin ကတော့ နာမည်ကြီး အဆိုတော်နဲ့ တေးရေးဆရာ တစ်ယောက် ဖြစ်ပါတယ် ။ သူဟာ လန်ဒန် တက္ကသိုလ် ကောလိပ် မှာ ရှေးဟောင်းလေ့လာရေး ဘာသာရပ်ကို သင်ကြားခဲ့ပြီး ဂရိ နဲ့ လက်တင် ဘာသာရပ်တွေမှာ ပထမတန်း ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ် ။ ကောလိပ်တက်နေစဉ် မာတင် ဟာ နောင်တစ်ချိန် အကြီးအကျယ် အောင်မြင်လာမယ့် သူ့ရဲ့ Coldplay Band အဖွဲ့သားတွေ နဲ့ စတင်ခင်မင်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ Quentin Tarantino
Quentin Tarantino ကတော့ ရုပ်ရှင်ထုတ်လုပ်သူရော သရုပ်ဆောင် အလုပ်ပါ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ Quentin ဟာ အသက် ( ၁၄ ) နှစ် အရွယ်တည်းက သူ့ရဲ့ ပထမဦးဆုံး ဇာတ်ညွန်းကို စတင်ရေးခဲ့ပြီး ရေးနေစဉ်အတွင်းမှာတောင် နောက်ထပ်ဇာတ်ညွန်းကို ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားထားနိုင်လောက်အောင် အရည်အချင်းရှိသူ တစ်ယောက်ပါ ။ သူဟာ ကောလိပ် တက်ခဲ့သူ မဟုတ်ပေမယ့် IQ 160 ကျော်ရှိကာ Oscar ဆု ၂ ခုကိုလည်း ရထားပါသေးတယ် ။ shwekhitonlinetv.com

၆။ Rowan Atkinson
ပရိသတ် အတော်များများရဲ့ အချစ်တော် Mr Bean ရဲ့IQ ကတော့ 178 အထိတောင် ရှိပါတယ်တဲ့ ။ သူ ဟာ ကျောင်းနေစဉ် အရွယ်ထဲက အတန်းထဲမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် လို့ သိရပါတယ် ။

သရုပ်ဆောင် နယ်ပယ်ကို မပြောင်းခင် Rowan ဟာ နယူးကာဆယ် တက္ကသိုလ် က အင်ဂျင်နီယာ ဘာသာရပ်ကို တက်ရောက်ခဲ့ပြီး မဟာသိပ္ပံဘွဲ့ရဖို့အတွက် အောက်စဖို့ဒ် တက္ကသိုလ်မှာ သင်ယူခဲ့ကာ PhD ဘွဲ့ကို ရရှိခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးတာကတော့ အနုပညာပိုင်းမှာ ထူးချွန်တဲ့အပြင် ဉာဏ်ကောင်းလွန်းတဲ့ ကမ္ဘာကျော် ဆယ်လီတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။