Shwe Khit ကို ဖတ်ရှုနေတဲ့ ပရိသတ်ကြီးတွေထဲမှာ ခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ သူတွေလည်း ပါကြမှာပါ ။ တစ်ခါတစ်လေ ကိုယ်သွားလည်တဲ့ နေရာက နာမည်ကြီးတဲ့ နေရာဖြစ်ပေမယ့်လည်း လည်ပတ်ရတာ အဆင်မပြေလို့ နောက်တစ်ခေါက်သွားပြီး ထပ်မလည်ချင်တော့တဲ့ ခရီးစဉ်မျိုးနဲ့ ကြူံဖူးကြမယ်ထင်ပါတယ် ။ အခုပြောပြပေးမယ့် အကြောင်းအရာကလည်း အပေါ်မှာပြောထားသလိုမျိုး ခရီးသွားတွေကို နောက်တစ်ခါ လာမလည်ချင်လောက်အောင် ဖြစ်စေတဲ့ နာမည်ကြီး မြို့တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်မြို့တွေပါမလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ ပဲရစ်မြို့ ( ပြင်သစ်နိုင်ငံ )
ပဲရစ်မြို့ဟာဆိုရင် ကမ္ဘာပေါ်က အထင်ကရ မြို့တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာ အများအပြား ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ် ။ ဒါပေမယ့် ပဲရစ်မြို့ရဲ့ အဓိက ဆိုးကျိုး အချက်ကတော့ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေ များပြားလွန်းတာကြောင့် နေရာတိုင်း ၊ လမ်းတိုင်းလိုလိုမှာ လူတွေအများကြီးနဲ့ ပြည့်ညပ်နေတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

ခရီးသွားအများစုကလည်း ဒီအချက်ကို ထောက်ခံကြပြီး နောက်တစ်ခေါက် လာမလည်ချင်လောက်အောင် ဖြစ်မိတယ်လို့ ဆိုကြပါတယ် ။ အချက်အလက်တွေအရ ပဲရစ်မြို့ကို နှစ်စဉ်လာရောက် လည်ပတ်တဲ့ ခရီးသည်ပေါင်း ၁၆ သိန်း လောက် ရှိတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ဟာ လန်ဒန်မြို့ကို လာလည်တဲ့ ခရီးသည်အရေအတွက်နဲ့ တူညီပြီး လန်ဒန်မြို့ထက် ၁၅ ဆ လောက် ပိုသေးတဲ့ ပဲရစ်မြို့အတွက်တော့ တစ်ကယ့်ကို လန့်လောက်စရာပါ ။ shwekhitonlinetv.com

၂။ ဒေလီမြို့ ( အိန္ဒိယနိုင်ငံ )
အိန္ဒိယနိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ဒေလီ မြို့ဟာဆိုရင်လည်း တစ်ချို့သော မတူညီတဲ့ အကြောင်းရင်းတွေကြောင့် ဒီစာရင်းထဲမှာ ပါဝင်လို့ နေပါတယ် ။ ခရီးသွားအများစု သတိထားမိတဲ့ အချက်ကတော့ ဒေလီမြို့ဟာ မသန့်ရှင်းသလို ၊ လူတွေ အများကြီးနဲ့ ပြည့်ကျပ်နေပြီး တစ်ချို့နေရာတွေ ဆိုရင်လည်း အန္တရာယ်များတယ်လို့ ပြောကြပါတယ် ။ shwekhitonlinetv.com

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ခရီးသွားတွေကို ဟိုတယ်ကနေ ညဘက်အချိန်မှာ အပြင်မထွက်ဖို့နဲ့ တရားမဝင် တက္ကစီတွေကို မငှားရမ်းမိဖို့အတွက် အကြံပေးထားပါတယ် ။ shwekhitonlinetv.com

၃။ ဗင်းနစ်မြို့ ( အီတလီနိုင်ငံ )
ဗင်းနစ် မြို့ဟာဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်တာ များပြားလွန်းလို့ ၂၀၃၀ ခုနှစ်ရောက်ရင် ဒီနေရာမှာ ဒေသခံတွေ နေကြတော့မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ် ။ မြို့တွင်းရဲ့ တစ်ရက်တာ ခရီးစဉ်မှာ လည်ပတ်စရာနေရာတွေ အများကြီးရှိတာမို့ နေရာအစုံ လည်ဖို့က မလွယ်ပါဘူး ။ shwekhitonlinetv.com

ဒါပေမယ့်လည်း မြို့တော်တွင်းမှာတော့ ခရီးသွားတွေ အများကြီးရှိတဲ့အပြင် စျေးနှုန်းတွေကလည်း မြင့်မားလွန်းတာကြောင့် အနည်းငယ်တော့ စိတ်ပျက်သွားမိမှာ အမှန်ပါပဲ ။ shwekhitonlinetv.com

၄။ ဆန်တိုရီနီ ( ဂရိနိုင်ငံ )
ဆန်တိုရီနီ ဆိုတာ ဂရိနိုင်ငံတောင်ပိုင်းက သေးငယ်တဲ့ ကျွန်းလေးတစ်ခု ဖြစ်ပြီး ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

စာရင်းတွေအရ ဒီကျွန်းလေးကို နှစ်စဉ် ခရီးသွား ၅ သိန်းထက်မနည်း လာရောက်လည်ပတ်ကြတာကြောင့် ဒီကျွန်းသေးသေးလေးမှာ ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတာပဲ ဖြစ်ပါတယ် ။ ဒီလိုပြသနာတွေကြောင့်ပဲ ဂရိအစိုးရက ကျွန်းကို လာရောက်လည်ပတ်နိုင်ဖို့အတွက် သင်္ဘောကို အရေအတွက် ကန့်သတ်ပြီး ထားပေးထားရပါတယ်။ shwekhitonlinetv.com

၅။ ဒူဗရော့ဗ်နစ်ခ်မြို့ ( ခရိုအေးရှား နိုင်ငံ )
နာမည်ကြီး စီးရီးတစ်ခုဖြစ်တဲ့ Game of Thrones ရဲ့ Episode တစ်ခုကို ဒီမြို့လေးမှာ ရိုက်ကူးပြီးတဲ့ နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ နာမည်ကျော်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ခရီးသွားဧည့်သည်တွေ အများကြီး လာရောက်လည်ပတ်လို့ ယူနက်စကို အဖွဲ့စည်းကြီးကတောင် တစ်ရက်ကို လူအယောက် ( ၄၀၀၀ ) သာ လည်ပတ်ဖို့ သတ်မှတ်ပေးထားခဲ့ရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နောက်တစ်ခါ လည်ပတ်ဖို့ စိတ်မကူးချင်အောင် ဖြစ်စေတဲ့ နာမည်ကြီး မြို့ အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။