လူသားတွေဆိုတာက တစ်ဦးနှင့်တစ်ဦး မျိုးရိုးဗီဇအရ ခန္ဓာကိုယ်တည်ဆောက်ပုံက တူညီနိုင်ခြင်းရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သာမန်လူသားတွေနဲ့ အတော်လေးကို ကွဲပြားနေတဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍန်တွေရှိနေတဲ့ လူတွေကတော့ ရှားပါးပါတယ်။ အခုဖော်ပြမယ့် ပုဂ္ဂိုလ်တွေကတော့ သင့်ကို အမှန်တကယ် ပါးစပ်အဟောင်းသားဖြစ်စေလောက်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော် ……. shwekhitonlinetv.com
၁။ Elastic Man

ဗြိတိန်နိုင်ငံသားစ်ယောက်ဖြစ်တဲ့ Garry Turner ဟာ သာမန်လူတွေလို မဟုတ်ဘဲ ထူးခြားလှတဲ့ ခန္ဓာကိုယ်အရေပြားတွေကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့ရဲ့အရေပြားဟာ လိုသလို ဆွဲပြီးဆန့်နိုင်လို့ Elastic Man လို့လည်း လူသိများပါတယ်။ ဒီလိုဖြစ်တာဟာရှားပါးလွန်းတဲ့ Ehlers-Danlos Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့်လို့သိရပါတယ်။ shwekhitonlinetv.com
၂။ The Longest Nose

သက်ရှိထင်ရှားရှိတဲ့ လူတစ်ဦးရဲ့ နှာခေါင်းထဲမှာ အရှည်ဆုံးဖြစ်တဲ့ နှာခေါင်းကိုပိုင်ဆိုင်ထားတာကတော့ တူရကီနိုင်ငံသား Mehmet Özyürek ပဲဖြစ်ပါတယ်။ သူ့ရဲ့ နှာခေါင်းဟာ ၈.၈ စင်တီမီတာ (၃.၄၆ လက်မ) အထိတောင်ရှည်လျားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၃။ The Longest Moustache

ကမ္ဘာပေါ်မှာ မုတ်ဆိတ်မွှေးအရှည်ဆုံးလူသား အဖြစ်အသိအမှတ်ပြုခံထားရတာကတော့ အိန္ဒိယ မှ Ram Singh Chauhan ဆိုတဲ့ အမျိုးသားဖြစ်ပါတယ်။ သူ့ရဲ့မုတ်ဆိတ်မွှေးကတော့ ၄.၂၉ မီတာ (၁၄ ပေ) ထိရှည်လျားပြီး အီတလီနိုင်ငံ၊ ရောမမြို့မှာ ပြုလုပ်ခဲ့တဲ့ Lo Show Dei Record ရုပ်သံအစီအစဉ်မှာ တိုင်းတာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Most Flesh Tunnels

ဂျာမနီ နိုင်ငံသား Joel Miggler ကတော့ ထူးဆန်းတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့မျက်နှာမှာရှိတဲ့ အရေပြားတွေကို လှုင်ခေါင်းတွေလို ထုတ်ချင်းဖောက်ထားတာကြောင့်ပဲဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာမှာ ဒီလိုထုတ်ချင်းဖော်ထားတဲ့ အရေအတွက်ကတော့ (၁၁) ခုတောင်ရှိပါတယ်တဲ့ ပရိသတ်ကြီးရေ .. shwekhitonlinetv.com
၅။ Widest mouth

Francisco Domingo Joaquim လို့အမည်ရတဲ့ အင်ဂိုလာနိုင်ငံသားကတော့ အတော်လေးကို အံ့သြဖွယ်ကောင်းတဲ့ ပုံသဏ္ဍန်ရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အလွန်ကျယ်တဲ့ ပါးစပ်ကြီးရှိနေလို့ပါပဲ။ သူ့ရဲ့ပါးစပ်ကို အကျယ်ဆုံး (၁၇) စင်တီမီတာလောက်ထိ ဖွင့်ဟနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၆။ The Longest Eyelashes

တရုတ်နိုင်ငံသူတစ်ဦးဖြစ်တဲ့ You Jianxia ကတော့ မယုံကြည်နိုင်လောက်အောင် ရှည်လျားလှတဲ့ မျက်တောင်မွှေးတွေကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူမရဲ့မျက်တောင်မွှေးတွေဟာ (၁၂.၄) စင်တီမီတာအထိရှည်လျားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၇။ The Smallest Waist

Cathie Jung ဆိုတဲ့ အမေရိကန်အမျိုးသမီးကတော့ နာမည်ကျော် မော်ဒယ်တွေနဲ့ အပြိုင်ပဲ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် နာမည်ကျော်ကြားလှပါတယ်။ ဒါပေမယ့် သူမက အချင်း (၃၈.၁) စင်တီမီတာ လောက်ပဲရှိတဲ့ အလွန်သေးငယ်တဲ့ ခါးကိုပိုင်ဆိုင်ထားတာကြောင့်သာ နာမည်ကျော်တာဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။