ကမ္ဘာကျော် မာဘယ်လ်ရုပ်ရှင်ဇာတ်ကားတွေထဲက ပရိသတ်အကြိုက် စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Black Panther ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chadwick Boseman ဟာ သြဂုတ်လ (၂၈) ရက် ၂၀၂၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာအားလုံးအသိဖြစ်ပါတယ်။shwekhitonlinetv.com
သူဟာ အူမကြီးကင်ဆာရောဂါကို ခံစားနေခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပီး သေဆုံးချိန်မှာ အသက် (၄၃) နှစ်သာရှိသေးတယ်လို သိရပါတယ်။ ဒီနေ့မှာတော့ Chadwick Boseman နဲ့ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့် အကြောင်းအရာလေးတွေကို ရွေးချယ်ဖော်ပြ အပေးသွားမှာပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် …..shwekhitonlinetv.com

၁။ အာဖရိကမှာမွေးဖွားတာမဟုတ်တဲ့ အာဖရိကန်
Chadwick Boseman အမေရိကန်တောင်ကယ်ရိုလိုင်းနားမြို့မှာမွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မိဘနှစ်ပါးစလုံးက အာဖရိကန်-အမေရိကန်လူမျိုးတွေပါ။ သူဟာ သူ့ရဲ့မျိုးရိုးဗီဇ ဆငါးသက်လာပုံကို သိချင်တာကြောင့် DNA စစ်ခဲ့ဖူးပါတယ်။ DNA ရလဒ်အရ သူဟာ အနောက်ဘက်အာဖရိကန်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါကြောင့်သူက အာဖရိကမြေမှာ မွေးဖွားလာတာမဟုတ်တဲ့ အာဖရိကန်တစ်ယောက်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။shwekhitonlinetv.com
၂။ ဆွေမျိုးအသိုင်းဝိုင်းကြီးမားသူ
Boseman ရဲ့ မိသားစုအသိုင်းအဝန်းက အလွန်ကြီးမားလှတယ်လို့ဆိုလို့ရမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာဗျုးတစ်ခုမှာ သူ့ရဲ့ အဘွားဖြစ်သူဟာ မြေးနဲ့ မြစ်ပေါင်း ၁၁၅ ယောက်ရှိတယ်လို့ ပြောဆိုခဲ့ဖူးလို့ပါပဲ။ Chadwick Boseman ဟာ အဲဒီမိသားစုထဲမှာ အရေးပါတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့အတွက်လည်း မိသားစုဆိုက အမြဲတမ်းနံပါတ်တစ်နေရာမှာပဲရှိတယ်လို့ သိရပါတယ်။shwekhitonlinetv.com

၃။ ထူးချွန်တဲ့ အားကစားသမား
ရုပ်ရှင်မင်းသားတစ်ယောက်မဖြစ်ခင်အချိန် ကျောင်းတက်နေတုန်းမှာ သူက ထူးချွန်တဲ့ အားကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အထက်တန်းကျောင်းမှာတုန်းက သူဟာ ဘေ့စ်ဘောပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ ဒီလို ဘေ့စ်ဘောကစားရာမှာ ကျွမ်းကျင်မှုကြောင့် ဘေ့စ်ဘောကစားသမား Jackie Robinson အကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးရာမှာ သူက ပိုင်ပိုင်နိုင်နိုင် ဝင်ရောက် သရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ် အားကစားရုပ်ရှင်ဖြစ်တဲ့ Draft Day ကို ရိုက်ကူးရာမှာလည်း သူ့အတွက်တော့ လွယ်ကူစွာနဲ့ သရုပ်ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com
၄။ ဒါရိုက်တာတစ်ယောက်ဖြစ်ချင်ခဲ့သူ
Boseman ဟာ မင်းသားတစ်ယောက်ဖြစ်ပေမယ့်သူ့ရဲ့ မူလပထမ အိပ်မက်ကတော့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ချင်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့်အဲဒီ တက္ကသိုလ်တက်စဉ်အချိန်မှာပဲ မင်းသမီး Phylicia Rashad ရဲ့ သင်ကြားပို့ချမှုအောက်မှာ သင်ယူရင်း သရုပ်ဆောင်အတတ်ပညာကို ရရှိသွားခဲ့ပါတယ်။ အဲဒီအချိန်က စပြီး ပရော်ဖက်ရှင်နယ်မင်းသားတစ်ယောက်ဘဝကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။shwekhitonlinetv.com

၅။ တက္ကသိုလ်နှစ်ခုမှာ တက်ရောက်ခဲ့သူ
သူဟာ အမေရိကန် ဟားဘတ် တက္ကသိုလ်မှာ ဘွဲ့ရပြီးချိန်မှာတော့ နောက်ထပ်တက္ကသိုလ်တစ်ခုဆီကို တက်ရောက်ပြီး ပညာဆည်းပူးခဲ့ပါတယ်။ အင်္ဂလန်မှာ ရှိတဲ့ ဗြိတိန်အမေရိကန်သရုပ်ဆောင်အကယ်ဒမီမှာ သရုပ်ဆောင်ပညာကို ဆက်လက်ပညာသင်ခဲ့ပါတယ်။ အဲဒီကျောင်းတွေဆီက ရလာတဲ့ ပညာတွေနဲ့ သူဟာ မင်းသားတစ်ယောက်ဖြစ်လာခဲ့တာလို့ ပြောလို့ရပါတယ်။ သူ အောက်စဖို့တက္ကသိုလ်တက်စဉ်အချိန်က သူ့ရဲ့ ကျောင်းလခတွေကို မင်းသားကြီး Denzel Washington စိုက်ပေးခဲ့ရ တယ်လို့သိရပါတယ်။shwekhitonlinetv.com
၆။ ပြဇာတ်သင်တန်းဆရာတစ်ယောက် ဖြစ်ခဲ့သူ
Boseman ဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ Schomburg Junior Scholar အစီအစဉ်မှာ ပြဇာတ်သင်တန်းဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီအစီအစဉ်ဟာ Black Culture အတွက် Schomburg Centerက ပို့ချထားတဲ့ သင်တန်းတစ်ခုဖြစ်ပြီး နယူးယောက်ခ်မြို့မှာတည်ရှိခဲ့ပါတယ်။ အဲဒီသင်တန်းမှာ ဆရာအဖြစ် အလုပ်လုပ်ကိုင်ရင်း သူ့ရဲ့ သရုပ်ဆောင်မှုအတက်ပညာတွေကိုလေ့လာခဲ့ပါတယ်။shwekhitonlinetv.com

၇။ Black Panther ဇာတ်ကောင်ရွေးချယ်ပွဲ ဝင်မပြိုင်ခဲ့ရသူ
Boseman ဟာ Black Panther ရုပ်ရှင်ရိုက်ဖို့အတွက် လူရွေးစဉ်မှာ ဝင်မပြိုင်ခဲ့ဘဲ Black Panther အဖြစ် သရုပ်ဆောင်ခွင့်ရရှိခဲ့လို့သိရပါတယ်။ MCU (Marvel Cinematic Universe)ရဲ့ ဥက္ကဌဖြစ်သူ Kevin Feige က Boseman ရဲ့ အရင်တုန်းကရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကိုကြည့်ပြီး သဘောကျကာ ဖုန်းဆက်ပြီး သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာ ခဲ့တာပဲဖြစ်ပါတယ်။shwekhitonlinetv.com
၈။ ပြဇာတ်ရေးရာမှာ ထူးချွန်သူ
Boseman က ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ် တစ်ခဏအချိန်အတွင်းမှာ အောင်မြင်လာခဲ့ပေမယ့် သူ့မှာ နောက်ထပ်ပါရမီထူးချွန်မှုတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ သူ ပြဇာတ်ရေးရာမှာ ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူတစ်ယောက်လည်ဖြစ်ပါတယ်။ ‘Deep Azure’ လို့ အမည်ရတဲ့ ပြဇာတ်တစ်ပုဒ်ကို ရေးသားခဲ့ပြီး ချီကာဂိုမြို့က ကွန်ဂိုစကွဲယားပြဇာတ်ရုံမှာ ကပြခဲ့ပါတယ်။ အဲဒီပြဇာတ်က လူကြိုက်များခဲ့တဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်ရဲ့ Joseph Jefferson ဆုအတွက် ထူးချွန်ဆုစကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။shwekhitonlinetv.com

၉။ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးမှုကြီးမားသူ
Boseman ဟာဆိုရှယ်မီဒီယာတွေပေါ်မှာ Active User တစ်ယောက်ဖြစ်တဲ့အချိန်တွေမှာတည်းကိုက Followers သန်းချီပိုင်ဆိုင်ထားပြီး လွှမ်းမိုးမှုကြီးမားသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်အကောင့်ဟာ Followers (၆.၄) သန်းကျော်ရှိသလို တွစ်တာအကောင့်ဟာလည်း Followers (၁.၂၇) သန်း ကိိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် ….shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။