Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ အပျင်းပြေအောင် Online Shop ကနေ ပစ္စည်းတွေမှာရင်း လွဲသွားတဲ့ ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ တစ်ခါတစ်လေတော့လည်း လွဲတတ်တဲ့ Online Shop က ပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော်…
တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပစ္စည်းတွေ ဝယ်ယူတော့မယ်ဆိုရင် Shopping Mall တွေ ၊ စျေးတွေမှာ ကိုယ်တိုင်သွားပြီး ဝယ်လို့ရသလို Online က နေ ကိုယ်လိုချင်တာလေးတွေကို မှာပြီးဝယ်လို့လည်း ရနေပါပြီ။
၁။ ကြော်ငြာထားတာနဲ့ အပြင်မှာ ကွာခြားလွန်းသော အကျီ

ဘယ်အရာမဆို အမြဲတမ်း ပြည့်စုံနေတာမရှိဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ။ Online Shop မှာလည်း သူ့ရဲ့ အားနည်းချက်လေးတွေ ရှိပါတယ်။ညာဘက်မှာ ပြထားတဲ့ အင်္ကျီကို မှာပြီး ဝတ်ကြည့်လိုက်တာ ဘယ်ဘက်က ပုံလို ဖြစ်သွားပါတယ်။
၂။ တရုတ်နိုင်ငံကနေ မှာပြီး ဝယ်ထားတဲ့ ဒေါ်လာ (၂၀) တန် လက်ဝှေ့အိတ်

လက်ဝှေ့အိတ်ထဲမှာ ဘာတွေ ပါတယ်လို့ ထင်ပါသလဲ ။ တရုတ်ပြည်က မှာလိုက်တဲ့ လက်ဝှေ့အိတ်ကတော့ ကြာရှည်မခံသလို၊ အထဲမှာလဲ တိုလီမိုလီ အမှိုက်တွေ အကုန်ပါလာတာကို အခုလို မြင်တွေ့ရမှာပါနော်။
၃။ သူငယ်ချင်းတွေနဲ့ အတူ ဆော့ဖို့

တစ်ခါတစ်လေ Customer နဲ့ ရောင်းတဲ့သူကြား နားလည်မှုလွဲပြီး ပစ္စည်းမှားပို့မိတာတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ချို့တွေကျတော့ ပုံမှာပြထားတာနဲ့ တစ်ကယ် အိမ်ကိုလာပို့တဲ့အခါ ပစ္စည်း အရည်အသွေးရော ပုံစံတွေပါ လွဲနေတာလေးတွေလည်း ဖြစ်တတ်ပါတယ်။
အခုတော့ လေထိုး ရေကူးကန်ဝယ်တာ အခုလို ပုံစံ ဖြစ်လို့နေပါတယ်။
၄။ ကြောင်အင်္ကျီ

ဒီပုံလေးတွေဟာဆိုရင် Online Shop ကနေ မှာယူရင်း တလွဲဖြစ်သွားတာတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ မော်ဒယ်မှာ ဝတ်ပြထားတဲ့ ဒီဇိုင်းလေးကို မှာလိုက်တာ လူဝတ်ဖို့ မဟုတ်ဘဲ ကြောင်ဝတ်ဖို့ ဖြစ်သွားပါတယ်။
၅။ ရွက်ဖျင်တဲ အကြီးစား

ရွက်ဖျင်တဲကို အွန်လိုင်းက မှာလိုက်တာ ရောက်လာတော့ အင်္ကျီအရွယ်အစားလောက်ပဲ ရှိတာကို တွေ့ရပါတယ်။
၆။ စျေးတန်တဲ့ အင်္ကျီ
တစ်ချို့ပုံတွေမှာဆိုရင် နာမည်ကြီး Amazon ကနေ ဝယ်တာတောင် ပစ္စည်းတွေက မှားသွားတာတွေလည်း ရှိပါတယ်။

ဒီအင်္ကျီကို ဝယ်လိုက်တာ ဘောင်းဘီတောင် ဝတ်စရာမလိုတော့လို့ စျေးတန်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့ကြောင့် Online Shop ကနေ ပစ္စည်းတွေ ဝယ်တော့မယ်ဆိုရင် ယုံကြည်ရတဲ့ ဆိုင်ကိုသာ ရွေးချယ်ဖို့နဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းကို သေချာမှာဖို့လည်း အရေးကြီးပါတယ်နော်။
၇။ မျက်နှာပေါင်းတင်မယ်

မျက်နှာပေါင်းတင်ဖို့ ဝယ်လိုက်တာ နှာခေါင်းကိုပဲ ပေါင်းတင်လို့ ရတော့တယ်။ Online Shop ကနေမှာရင်း လွဲသွားတဲ့ အလွဲတွေထဲက တစ်ခုပါ။
၈။ လက်စွပ် အကြီးစား

အွန်လိုင်းကနေ လက်စွပ်လေး လှလို့ မှာလိုက်တာ အသေးစားလေး ပို့ပေးလိုက်တာ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးတွေအတွက် ထုတ်ထားတဲ့ လက်စွပ် ဖြစ်နိုင်ပါတယ်နော်။
၉။ ဂျင်းထည့်ထားတဲ့ ခွက်

ပုံထဲမှာ ပြထားတာကတော့ ရေနွေးထည့်လိုက်ရင် အရောင်ပြောင်းသွားမယ်ဆိုတဲ့ ပုံစံ ဖြစ်ပါတယ်။ တကယ် အိမ်ကို ရောက်လာတော့ အခုလို ပုံစံ စတစ်ကာ ကပ်ထားတဲ့ ခွက်တစ်ခု ဖြစ်လို့ နေပါတယ်။
ဒီပုံတွေဟာဆိုရင် ပရိသတ်ကြီး အပျင်းပြေဖို့အတွက် ဖော်ပြပေးထားတာဖြစ်လို့ ဟာသအမြင်နဲ့ ကြည့်ရှုပါနော်။
နောက်ပိုင်းတွေမှာလည်း အခုလို အပျင်းပြေကြည့်နိုင်မယ့် ပုံလေးတွေ ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးပါဦးနော်….
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။