ဒူးရင်းသီးဟာ ကြိုက်တတ်တဲ့လူတွေအဖို့ကတော့အနံ့နဲ့အရသာဟာ ဘယ်အသီးတွေနဲ့မှမတူဘဲ ထူးခြားကောင်းမွန်နေမှာ အမှန်ပဲဖြစ်ပါတယ်။
ဒါပေမယ့် မကြိုက်တဲ့သူအချို့အတွက်ကတော့ အနံ့တောင်ခံလို့မရတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ဒူးရင်းသီးကြိုက်သူတွေကော မကြိုက်သူတွေအတွက်ပါ သိထားသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။

မိမိရဲ့ မိသားစု အသိမိတ်ဆွေတွေထဲမှာ ဒူးရင်းသီးကြိုက်နှစ်သက်သူတွေရှိခဲ့ရင် ဒီအကြောင်းအရာလေးကို ဗဟုသုတအဖြစ်ပြန်လည် ဝေမျှပေးကြပါဦးနော် …… shwekhitonlinetv.com
၁။ ဝိုင်ဖြူနဲ့ အယ်လ်ကိုဟော

ဒူးရင်းသီးကို ဝိုင်ဖြူ နဲ့တွဲဖက်စာသုံးတာ၊ အရက်သေစာလို အယ်လ်ကိုဟောပါတဲ့ အရာတွေနဲ့ တွဲဖက်စားသုံးတာမျိုးက လုံးဝမပြုလုပ်သင့်ပါဘူးနော်။ ပြုလုပ်ခဲ့ရင်တော့ အလွန်အမင်းရင်ပူတာမျိုး၊ အချိန်ကြာမြင့်စွာ အစာမကြေခြင်းမျိုးတွေအပြင် သေတဲ့အထိဖြစ်တက်ပါတယ်။ ဒါကြောင့် အရက်သောက်ထားရင် ဒူးရင်းသီးအနည်းဆုံး အချိန် (၁၂) နာရီခြားပြီးမှ စားသုံးသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ shwekhitonlinetv.com
၂။ ဂဏန်း

ဒူးရင်းသီးကတော့ အပူစာဖြစ်ပြီး ဂဏန်းကတော့ အအေးစာဖြစ်ပါတယ်။ ဒီလိုမျိုး မတူညီတဲ့ ဆန့်ကျင်ဘက် ဓာတ်နှစ်ခု ဗိုက်ထဲမှာ သွားပေါင်းမိရင်တော့ အစာအိမ်ကိုထိခိုက်စေမှာဖြစ်တဲ့အပြင် ဝမ်းပျက်၊ဝမ်းလျောခြင်းတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ shwekhitonlinetv.com
၃။ မင်းကွတ်သီး

မင်းကွတ်သီး နဲ့ ဒူးရင်းသီးတို့ဟာ ကယ်လိုရီကြွယ်ဝစွာပါဝင်တဲ့ အသီးတွေဖြစ်လို့ အတူတူတွဲဖက်စားမိရင် ခနွာကိုယ်အပူချိန်မြှင့်တက်လာစေပြီး နေထိုင်မကောင်းဖြစ်စေပါတယ်။ shwekhitonlinetv.com
၄။ နို့နဲ့ နို့ထွက်ပစွည်းများ

ဒူးရင်းသီးစားပြီးတဲ့နောက် နို့သောက်လိုက်ခြင်းက သေစေနိုင်ပါတယ်တဲ့။ ဒီလို နို့ထွက်ပစွည်းတွေနဲ့ ဒူးရင်းသီးကို အတူတူစားသုံးခြင်းက သွေးဖိအားတွေ အရမ်းတက်လာစေပြီး နှလုံးခုန်ရပ်(heart attack) ဖြစ်စေတာကြောင့် လုံးဝရှောင်သင့်ပါတယ်။ shwekhitonlinetv.com
၅။ လိုင်ချီးသီး

တစ်ချို့လူတွေက ဒူးရင်းသီးစားပြီး အအီပြေလိုင်ချီးသီးကို စားတာမျိုးပြုလုပ်တက်ကြပါတယ်။ ဒူးရင်းသီးကလည်း အပူစာ၊ လိုင်ချီးသီးကလည်း အပူစာ ဆိုတော့ ပေါင်းမိရင် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလို့ တွဲဖက်မစားမိအောင်ရှောင်ရှားသင့်တဲ့ အစာတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ သိုးသား၊အမဲသား

ဒူးရင်သီးဟာ အပူစာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့သိုးသား၊အမဲသားတို့လို့မျိုး ပူပြင်းတဲ့ အစာတွေနဲ့ တွဲဖက်စားသောက်မိရင်တော့ အရေပြားပေါ်မှာ Allergic ထတာမျိုးတွေ ကိုယ်ခန္ဓာ အဆစ်အမြစ်တွေ ရောင်ရမ်းတာမျိုး ဖြစ်တက်ပါသတဲ့ ပရိသတ်ကြီးရေ။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။