လူတိုင်းမှာ အသားအရောင်နဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် အနည်းအများ ကွဲပြားကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဘယ်လိုပဲ အသားအရောင် ကွဲပြားနေပါစေ လူဆိုတဲ့ ဖြစ်တည်မှုကတော့ အတူတူပဲလို့ပဲ ပြောရမှာပါ ။
အခုဖော်ပြပေးမှာကတော့ တစ်မူထူးခြားတဲ့ အသားအရောင်ကြောင့် နာမည်ကြီးနေတဲ့ model တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘယ်လိုတွေ ထူးခြားနေလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။
၁။ Connie Chiu

Connie Chiu ကိုတော့ ဟောင်ကောင်မှာ မွေးဖွားခဲ့တာဖြစ်ပြီး မိသားစုထဲမှာ ၄ ယောက်မြောက် သမီး ဖြစ်ပြီး သူမတစ်ဦးတည်းသာ မွေးရာပါ အသားအရည် ဖြူစွတ်တဲ့ ရောဂါ ရှိတာလည်း ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ Connie နဲ့ သူမရဲ့ မိသားစုတို့ဟာ ဆွီဒင်နိုင်ငံကို ပြောင်းရွှေ့ အခြေချခဲ့ပြီး သူမ အရွယ်ရောက်လာတဲ့ အခါမှာတော့ လစ်ဘရယ် အနုပညာနဲ့ ဂျာနယ်လစ် ပညာတို့ကို သင်ယူခဲ့ပါတယ် ။ shwekhitonlinetv.com
သူမ အသက် ( ၂၄ ) နှစ် ရောက်တဲ့အခါမှာတော့ model အဖြစ်ရော Jazz အဆိုတော် အဖြစ်ပါ အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ပြီး jazz ဂီတ ပွဲတော်တွေမှာ မကြာခဏဆိုသလို ဖိတ်ကြားခံခဲ့ရပါတယ် ။ shwekhitonlinetv.com
၂။ Nikia Phoenix

အမေရိကန် model တစ်ယောက်ဖြစ်တဲ့ Nikia Phoenix ကတာ့ သူမရဲ့ မျက်နှာပေါ်က အစက်အပြောက်တွေ နဲ့ မွေးရာပါ ထူးခြားလှတဲ့ ဆံပင် ကြောင့် ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com
Nikia ရဲ့ model ဖြစ်လာခဲ့ပုံကတော့ cafe ဆိုင်ထဲမှာ ကော်ဖီသောက်နေတုန်း နာမည်ကြီး အဝတ်အစား ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Alternative Apparel ရဲ့ အဖွဲ့ဝင်တစ်ယောက်က သူမကို တွေ့သွားပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း Nikia ဟာ Coca-Cola နဲ့ တTarget တို့မှ ကျင်းပတဲ့ ကမ်ပိန်း ကြော်ငြာတွေမှယ ပါဝင်ခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ် ။ shwekhitonlinetv.com
၃။ Stephen Thompson

အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်တဲ့ Stephen Thompson ကတော့ model ဖြစ်ဖို့ကို တစ်ခါမှ စိတ်မကူးခဲ့ဖူးသူလည်း ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တစ်နေ့မှာတော့ ကံတရားက ဆန်းကြယ်စွာနဲ့ပဲ Stephen ရဲ့ ထူးခြားတဲ့ ရုပ်ရည်ကြောင့် ဓာတ်ပုံဆရာတစ်ယောက်က စိတ်ဝင်စားသွားပြီး သူ့ကို ဓာတ်ပုံ အရိုက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ် ။ shwekhitonlinetv.com
ဒီလိုနဲ့ Stephen ဟာ ဓာတ်ပုံ အနည်းငယ် ရိုက်ခဲ့ပြီး သူ့ရဲ့ ဓာတ်ပုံတွေကို magazine တစ်ခုမှာ ဖော်ပြခံခဲ့ရပါတယ် ။ အဲ့ဒီကနေစပြီး တစ်ဖြည်းဖြည်းနဲ့ အောင်မြင်လာခဲ့ကာ အခုအခါမှာတော့ ဖက်ရှင် magazine တွေမှာ ဓာတ်ပုံ model အဖြစ် လုပ်ကိုင်နေတဲ့ အပြင် နာမည်ကြီး Brand တွေရဲ့ ကြော်ငြာ ကမ်ပိန်းတွေမှာ အဓိက model အဖြစ် ပါဝင်နေပြီလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄။ Winnie Harlow

Winnie Harlow ကတော့ vilitigo လို့ခေါ်တဲ့ အရေပြား ရောဂါ ခံစားနေရသူလေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ထူးခြားလှပ လှတဲ့ ပုံစံကြောင့် အမေရိကန်နိုင်ငံက နာမည်ကြီး cele တစ်ဦး ဖြစ်တဲ့ Tyra Banks ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ shwekhitonlinetv.com
Tyra ဟာ အင်စတာဂရမ် ကနေ Winnie ရဲ့ ဓာတ်ပုံတွေကို တွေ့သွားခဲ့ပြီး ၂၁ ကြိမ်မြောက် ကျင်းပတဲ့ America’s Next Top Model ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ် ။ ထိုပြိုင်ပွဲမှာ winnie ဟာ အဆင့် ( ၅ ) နေရာကို ရရှိခဲ့ပါတယ် ။ အခုအခါမှာတော့ Winnie Harlow ဟာ ဘာစီလိုနာမှာရှိတဲ့ Desigual brand ရဲ့ model အဖြစ် လုပ်ကိုင်နေပါတယ်။ shwekhitonlinetv.com
၅။ Ava Clarke

Ava Clarke ကတော့ အာဖရီကန် – အမေရိကန် နွယ်ဖွားတစ်ဦးဖြစ်ပြီး albino ဖြစ်နေသူလည်း ဖြစ်ပါတယ် ။ သူမရဲ့ ရွှေရောင် ဆံပင် နဲ့ စိမ်းပြာရောင် မျက်လုံးလေးတွေ အပြင် ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ဖက်ရှင်လောကမှာ အောင်မြင်နေသူတစ်ယောက် ဖြစ်ပါတယ် ။ Vogue, Denim နှင့် VIP စတဲ့ ဖက်ရှင် မဂ္ဂဇင်းတွေမှာ သူမရဲ့ ဓာတ်ပုံတွေကို ဖော်ပြခံခဲ့ရပါတယ်။ shwekhitonlinetv.com
ဒါပေမယ့်လည်း ဆရာဝန်တွေရဲ့ ပြောကြားချက်အရ သူမရဲ့ ရောဂါလက္ခဏာတွေကြောင့် မကြာခင်မှာ မျက်လုံးကွယ်နိုင်တယ်လို့ ပြောထားပါတယ်။ ဆရာဝန်တွေက ဒီလိုမျိုး ပြောထားပေမယ့်လည်း သူမရဲ့ မိဘဖြစ်သူတွေ ကြိုးပမ်းမှုကြောင့် အခုအခါမှာတော့ Ava ဟာ စာဖတ်ခြင်း ၊ ဘဲလေး ကခြင်းနဲ့ နာမည်ကြီး ဓာတ်ပုံဆရာတွေ နဲ့ အလုပ် တွဲလုပ်တာတွေတောင် လုပ်ကိုင်နိုင်နေပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Lola Chuil

Lola Chuil ကတော့ အင်စတာဂရမ်မှာ သူမအကြောင်း post ( ၃၉ ) ခုသာ တင်ထားပေမယ့်လည်း Followers ပေါင်း ( ၄၆၄၀၀၀ ) ရှိတဲ့ မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ် ။ လော့စ်အိန်ဂျလစ် မြို့မှာ နေထိုင်တဲ့ Lola ဟာ အထက်တန်း ကျောင်းသူတစ်ဦး ဖြစ်ပြီး ဘာသာစကား ( ၈ ) မျိုးကို ပြောဆိုနိုင်သူ တစ်ယောက်ပါ ။ shwekhitonlinetv.com
သူမရဲ့ ထူးခြားလှတဲ့ ပုံစံကတော့ ကျောက်မီးသွေး အသားအရောင် ကိုမှ လှပလွန်းတဲ့ မျက်လုံး ၊ နှာခေါင်းနဲ့ နှုတ်ခမ်းတို့ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ Lola ရဲ့ fan တွေကတော့ သူမကို အောင်မြင်ကျော်ကြားလှတဲ့ model တစ်ဦးဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ တစ်မူထူးခြားလှတဲ့ အသားအရည်ကြောင့် နာမည်ကြီးနေတဲ့ model တွေအကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။