ကမ္ဘာပေါ်မှာရှိတဲ့ အချို့နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နှစ်သစ်ကူးတဲ့ ရိုးရာဓလေ့တွေ တူညီခြင်းမရှိကြပါဘူး။ ဒါဟာ ရှေးယခင်ကတည်းက ခေတ်အဆက်ဆက် လက်ခံယုံကြည်လာကြတဲ့ အယူအဆတွေကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ ဥပမာ အားဖြင့်ပြောရရင် မြန်မာနိုင်ငံမှာ နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြောဖို့ ရေလောင်းရေပတ်ပြီး နှစ်သစ်ကူးကြသလိုပေါ့။ shwekhitonlinetv.com
အလားတူပါပဲ တခြား နိုင်ငံတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်ရိုးရာဓလေ့ တွေ နဲ့ နှစ်သစ်ကူးကြတာမျိုးတွေရှိပါတယ်။ ဒီထဲကမှ ဆန်းဆန်းပြားပြား နှစ်သစ်ကူးကြတဲ့ နိုင်ငံအချို့ကို ဖော်ပြရမယ်ဆိုရင်တော့ ……. shwekhitonlinetv.com
၁။ အီကွေဒေါ

နှစ်ဟောင်းက မကောင်းတဲ့ ကံကြမ္မာတွေကို နှစ်သစ်ကို ပါမလာ စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အီကွေဒေါနိုင်ငံသားတွေဟာ စာခြောက်ရုပ်တွေ ကိုမီးရှို့ ကြပါတယ်။ နှစ်သစ်ကို မကူးပြောင်းခင် ညသန်း ခေါင်ယံမှာ မီးရှို့ ကြတာဖြစ်ပါတယ်။ဒါ့အပြင် နှစ်ဟောင်းကို ကိုယ်စားပြုတဲ့ ပစ္စည်းတွေ ဖြစ်တဲ့ ဓါတ်ပုံ နဲ့ အခြား အရာတွေကိုလည်း မီးရှို့ ခြင်းတွေပြုလုပ်တက်ကြပါတယ်။ shwekhitonlinetv.com
၂။ ဖိလစ်ပိုင်

ဖိလစ်ပိုင် လူမျိုးတွေအတွက်တော့ အဝိုင်းပုံစံအ ရာဝတ္တုလေးတွေက ငွေကြေးနဲ့ ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုတယ်လို့ ယုံကြည်ထားကြပါသတဲ့။ ဒါကြောင့် နှစ်သစ်မှာ အတက်နိုင်ဆုံးသူတို့ဟာ အသုံးအဆောင်၊ စားစရာ စတာတွေကို အဝိုင်းပုံသဏ္ဍာန်ရှိတဲ့ အရာတွေကိုသာ ရွေးချယ်အသုံးပြုကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၃။ ဒိန်းမတ်

ဒိန်းမတ်နိုင်ငံမှာတော့ နှစ်တစ်နှစ်တာအတွင်း အသုံးမပြုတော့တဲ့ ပန်းကန်တွေကို အဲ့ဒီနှစ်ရဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ သိမ်းဆည်းထားကြပါတယ်။ အကြောင်းကတော့ နှစ်သစ်ကို ကြိုဆိုဖို့ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ဒိန်းမတ် လူမျိုးတွေဟာ နှစ်သစ်မှာ အိမ်အပြင်ဘက်ထွက်ပြီး ပန်းကန်တွေကို အားရပါးရ ရိုက်ခွဲပြီး ကြိုဆိုကြတဲ့ ဓလေ့ရှိပါတယ်။ shwekhitonlinetv.com
၄။ စပိန်

စပိန် မှာတော့ စပျစ်သီးစားပြီး ကြိုကြပါတယ်။ ဒီဇင်ဘာ (၃၁) ရက်နေ့ ည (၁၂) နာရီကျော်တဲ့ အချိန်မှာ စပျစ်သီး (၁၂) လုံးကို စားပြီး နှစ်သစ်ကို ကြိုဆိုကြတာဖြစ်ပါတယ်။ ဒီလိုကြိုဆိုခြင်းအားဖြင့် နှစ်သစ်မှာ ကံကောင်းမှုတွေကို ရရှိနိုင်ပါသတဲ့။ shwekhitonlinetv.com
၅။ ပီရူး

ပီရူးနိုင်ငံမှာနေထိုင်တဲ့ အချို့လူမျိုးစုတွေဟာ Takanakuy ဆိုတဲ့ပွဲတော်ကိုကျင်းပပြီး နှစ်သစ်ကိုကြိုဆိုလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ လူတစ်ဦးနဲ့တစ်ဦး အပြုသဘောဆောင်ပြီး အပျော်တမ်း ထိုးကြိတ်သတ်ပုတ်ရတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။ ဒီလိုကြိုဆိုရတဲ့အကြောင်းကတော့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ တက်ကြွနေစေဖို့ဖြစ်တယ်လို့သိရပါတယ်။ အလွန်အကျွံခိုက်ရန်မဖြစ်ပွားစေဖို့ ဒီပွဲတော်ကို ရဲတွေက ကြီးကြပ်ပေးရပါတယ်။ shwekhitonlinetv.com
၆။ ဂျပန်

ဂျပန်နိုင်ငံမှာတော့ နှစ်သစ်ကို ခေါင်းလောင်းထိုးပြီး ကြိုဆိုကြလေ့ရှိပါတယ်။ တကယ်လို့ ခေါင်း လောင်းကို (၁၀၈) ကြိမ်ထိုးပြီး နှစ်သစ်ကို ကြိုဆိုမယ်ဆိုရင် လူသားတွေရဲ့ နှစ်ဟောင်းက မကောင်းတဲ အပြစ်တွေကို ဆေးကြောသန့်စင်ရာရောက်ပါသတဲ့။ shwekhitonlinetv.com
၇။ အမေရိကနိုင်ငံများ

မက္ကဆီကိုနိုင်ငံနဲ့ တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ ဘိုလီးဗီးယား နိုင်ငံတွေမှာတော့ နှစ်သစ်ကို ရောင်စုံအတွင်းခံ တွေနဲ့ကြိုဆိုကြပါတယ်။ တကယ်လို့သင်က နှစ်သစ်မှာချစ်ခြင်းမေတ္တာတွေကိုရရှိလိုရင် အနီရောင် အတွင်းခံကို ရွေးချယ်ရမှာဖြစ်သလို၊ ရွှေငွေဥစ္စာဓနတွေကို လိုလားရင်တော့ အဝါရောင် အတွင်းခံကိုရွေးချယ် ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်အခြားအဓိပ္ပါယ်တွေကို ဆောင်တဲ့အရောင်တွေနဲ့ အတွင်းခံတွေကိုလည်း ဝတ်ဆင်ပြီး နှစ်သစါကို ကြိုဆိုကြလေ့ရှိပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။