ကမ္ဘာကြီးပေါ်မှာ အလှတရားတွေ များစွာရှိတဲ့အထဲမှာမှ သဘာ၀ အတိုင်းဖြစ်ပေါ်နေတဲ့ အလှတရားတွေလည်း ရှိသလို လူသားတွေဖန်တီးထားတဲ့ အလှတရားတွေလည်း ရှိပါတယ် ။ ဒါ့ကြောင့် အခုတစ်ခါမှာတော့ ကမ္ဘာကြီးပေါ်က ပြီးပြည့်စုံတဲ့ အလှတရားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော် ။ shwekhitonlinetv.com
၁။ ရေခဲ လှိုဏ်ဂူ

အခုမြင်တွေ့နေရတာကတော့ အိုက်စလန်နိုင်ငံမှာ တည်ရှိတဲ့ ရေခဲလှိုဏ်ဂူ တစ်ခုပဲ ဖြစ်ပါတယ် ။ ဘယ်လောက်ထိအောင်လှလဲဆိုရင် ပုံမှာ မြင်ရတဲ့အတိုင်း ညနေဆည်းဆာ အချိန်ရောက်တာနဲ့ ရေခဲအရောင်တွေ ပြောင်းလဲပုံက တော်တော်လေးကို လှလွန်းပါတယ် ။ shwekhitonlinetv.com
၂။ ကြေးဒင်္ဂါများ

ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ လွန်ခဲ့တဲ့ ဆာမူရိုင်း တွေ မြုပ်နှံထားတဲ့ ကြေးပြား အကြွေစေ့ပေါင်း ထောင်ပေါင်းများစွာ ကို တွေ့ရှိခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၃။ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ ရုပ်တု

အိန္ဒိယနိုင်ငံ ၊ ကီရာလာ ပြည်နယ်မှာရှိတဲ့ ငှက်ရုပ်တုကြီး ဟာဆိုရင် အမျိုးသမီးတွေ အတွက် ဘေးကင်း လုံခြုံမှုရှိစေဖို့နဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုပြီး ထုလုပ်ထားတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄။ ကျောက်တုံးပေါ်က သစ်ပင်

ဒီပုံလေးကတော့ တစ်ကယ့်ကို ထူးထူးဆန်းဆန်းပဲလို့တောင် ပြောရမှာပါ ။ အကြောင်းကတော့ အပင်တစ်ပင်ဟာ ကျောက်တုံးအပေါ်မှာမှ အမြစ်တွယ်ပြီး အခိုင်အမာ ပေါက်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ခရိုအေးရှား ရင်ပြင်

အခုမြင်ရတာကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခရိုအေးရှားအသင်းဟာ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီလို အနိုင်ရရှိမှုကြောင့် ခရိုအေးရှားနိုင်ငံသားတွေဟာ ရင်ပြင်မှာ အကြီးကျယ် အောင်ပွဲခံခဲ့ကြနေတဲ့ ပုံကို ရိုက်ကူးထားတာပါ ။ shwekhitonlinetv.com
၆။ အရောင် ( ၂ ) မျိုးနဲ့ သစ်ရွက်

သစ်ရွက်တွေ ဟာ အရွက်ဝေချိန်နဲ့ ကြွေတဲ့အချိန် ပေါ်မူတည်ပြီး အရောင်ပြောင်းလဲသွားတာကို သိကြမှာပါ ။ ဒါပေမယ့် ပုံထဲက သစ်ရွက်လေးကတော့ အရွက်တစ်ရွက်ထဲမှာမှ အရောင် ( ၂ ) မျိုး တစ်ဝက်စီ ပါနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၇။ မျက်လုံးနဲ့ တူနေတဲ့ ရေအိုင်

ဒီပုံလေးကတော့ အမေရိကန်နိုင်ငံ ၊ နီဗာရာစကား ပြည်နယ်က ရေခဲနေတဲ့ ရေအိုင်လေးကို ရိုက်ထားတာပဲ ဖြစ်ပါတယ် ။ ထူးဆန်းတာက ရေခဲနေတဲ့ နေရာရဲ့ အလယ်လောက်မှာ အပေါက်ကလေး ဖြစ်နေပြီး မျက်လုံးပုံစံနဲ့ တော်တော်လေး တူနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်းက ပြီးပြည့်စုံတဲ့ အလှတရားတွေကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။