လူသားတွေရဲ့ အနီးအနား ပတ်ဝန်းကျင်မှာမြင်တွေ့ရလေ့ရှိတဲ့ အင်းဆက်တွေကတော့
ပုရွက်ဆိတ် ၊ လိပ်ပြာ ၊ ခြင် ၊ ယင် စတာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ မမြင်တွေ့ဖူးသေးတဲ့ အင်းဆက်မျိုးစိတ်တွေကလည်း အများအပြားရှိနေပါသေးတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုတွေအရ ကမ္ဘာ့အကြီးဆုံး ဧရာမအင်းဆက် (၁၀) မျိုး အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com
၁၀။ Queen Alexandra’s Birdwings

Queen Alexandra’s Birdwings ဆိုတာကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံးလိပ်ပြာမျိုးစိတ်တွေပဲဖြစ်ပါတယ်။ ဒီလိပ်ပြာမျိုးစိတ်တွေကိုတော့ ပါပူအာနယူးဂီနီ နိုင်ငံမှာ ၁၉၀၆ ခုနှစ်တုန်းကစတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ လိပ်ပြာအထီးတွေရဲ့ အရွယ်အစားက (၆) လက်မကနေ (၈) လက်မလောက်ထိရှိတက်ကြပြီး လိပ်ပြာအမတွေကတော့ (၁၁) လက်မဝန်းကျင်လောက်ထိ အရွယ်အစားရှိကြပါတယ်။ လိပ်ပြာစုဆောင်းသူတွေအတွက်တော့ မှောင်ခိုစျေးကွက်မှာ ဒေါ်လာသောင်းဂဏန်းလောက်ထိ တန်တဲ့ လိပ်ပြာကြီးတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Giant Water Bug

ပျမ်းမျှအားဖြင့် ခန္ဓာကိုယ် အရွယ်အစား (ဝ.၇၅) လက်မခန့်ရှိတဲ့ (Giant Water Bug) တွေကိုတော့ အမေရိကတိုက် ၊ အာရှ နဲ့ သြစတြေးလျတိုက်တို့မှာ တွေ့ရတက်ပါတယ်။ အကြီးဆုံးအဖြစ် အရွယ်အစား (၅) လက်မနီးပါးရှိတဲ့ အကောင်ကိုလည်းတွေ့ရှိဖူးတယ်လို့သိရပါတယ်။ စမ်းချောင်း၊ ရေအိုင်လိုနေရာတွေမှာ နေထိုင်ပေါက်ဖွားတက်ပြီး သိပ္ပံအမည်ကတော့ Belostomatidae ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Hercules beetle

Hercules beetle ဆိုတဲ့နာမည်နဲ့လိုက်အောင်ပဲ ဟာကျူလီ ပိုးတောင်မာတွေရဲ့ အရွယ်အစားကကြီးမားလှပါတယ်။ နောက်ပြီး ဟာကျူလီလိုလဲသန်မာလှပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင် သူတို့ ခန္ဓာကိုယ်အလေးချိန်ထက် အဆ (၁၀၀) ကျော်လေးလံတဲ့ အရာတွေကို သယ်ယူထမ်းပိုးနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ သူတို့ကို မက္ကဆီကိုတောင်ပိုင်း နဲ့ ဘိုလီးဗီးယားနိုင်ငံတွေက တောင်တန်းတွေ မိုးသစ်တောတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးအကောင်တွေရဲ့ အရွယ်အစားဟာ (၃) လက်မသာ ရှိပေမယ့် တစ်ချို့အကောင်ကြီးတွေကတော့ (၇) လက်မလောက်အထိ အရွယ်အစားကြီးမားပါတယ်။ shwekhitonlinetv.com
၇။ Mydas Flies

Mydad Flies လို့အမည်ရတဲ့ ဧရာမ ယင်ကောင်ကြီးတွေကတော့ အိမ်တွေမှာတွေ့ရတက်တဲ့ သာမန်ယင်ကောင်တွေနဲ့စာရင် အတော်လေးကို အရွယ်အစားကြီးမားလှပါတယ်။ သာမန်ယင်ကောင်တစ်ကောင်က တစ်လက်မရဲ့ လေးပုံတစ်ပုံလောက်သာ အရွယ်အစားရှိပေမယ့် Mydas Flies တွေကတော့ (၂.၈) လက်မကနေ (၃.၉) လက်မလောက်ထိ ရှိပါတယ်။ shwekhitonlinetv.com
၆။ Tarantula Hawks

သူကတော့ နကျယ်ကောင်မျိုးနွယ်ဝင် အင်းဆက်တွေဖြစ်ပါတယ်။ နက်ပြာရောင်အဆင်းရှိတဲ့ ဒီ Tarantula Hawks တွေကိုတော့ ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရတက်ပါတယ်။ (၂) လက်မကနေ (၄) လက်မခွဲလောက်ထိ အရွယ်အစားကြီးမားလှသလို တုပ်ခံရရင်လည်း အတော်လေးကို နာကျင်သွာခံစားရမှာဖြစ်တယ်လို့သိရပါတယ်။ ကမ္ဘာပေါ်မှာ တုပ်ခံ (ကိုက်ခံ) ရရင်အနာကျင်ဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ Bullet Ant တွေပြီးရင်တော့ Tarantula Hawks တွေရဲ့ တုပ်ခံ မှုက အနာကျင်ဆုံးဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Atlas Moths

အရွယ်အစား ပျမ်းမျှ (၁၁) လက်မလောက်ထိရှိတဲ့ ပိုးဖလံအနွယ်ဝင် အင်းဆက်တွေဖြစ်ပါတယ်။ အာရှတိုက်က ဒေသအချို့မှာ တွေ့ရတက်ပြီး အတောင်ပံဖြန့်ထားနဲ့အချိန်တို (၂၅) စတုရန်းလက်မလောက်ထိ အရွယ်အစားရှိတက်ကြပါတယ်။ shwekhitonlinetv.com
၄။ Elephant beetle

အရွယ်အစားကြီးမားပြီး ဆင်တစ်ကောင်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ခပ်ဆင်တင်တူလို့ သူတို့ကို ဆင်ပိုးတောင်မာ လို့ခေါ်လေ့ရှိပါတယ်။ အထီးတွေရဲ့ဦးခေါင်းတည့်တည့်မှာ ဦးချိုပါရှိတာကြောင့်မို့လို့လတစ်ချို့ကလည်း ကြံ့ပိုးတောင်မာလို့လည်းခေါ်တတ်ကြပါသေးတယ်။ သူတို့တွေရဲ့သိပ္ပံအမည်ကတော့ Megasoma elephas ဖြစ်ပြီး မက္ကဆိုကိုနဲ့ အလယ်အမေရိက ဒေသတွေမှာအတွေ့ရများပါတယ်။ shwekhitonlinetv.com
၃။ Giant Wētās

နယူးဇီလန်နိုင်ငံရဲ့ ကျွန်းအချို့မှာမြင်တွေ့ရပြီး Giant Wētās လို့အမည်ရတဲ့ ဒီအင်းဆက်တွေကတော့ အရွယ်အသား (၄) လက်မလောက်ကြီးမားကြပါတယ်။ ပျမ်းမျှအားဖြင့် အလေးချိန် (၁.၂) အောင်စ လောက်ထိရှိတဲ့ ဆင်းဆက်အမျိုးအစားတွေဖြစ်ပြီး တစ်ချို့ စာကလေးသာသာ အရွယ်အစားကြီးမားကြတဲ့ အကောင်တွေကတော့ (၂.၅) အောင်စလောက်ထိ အလေးချိန်စီးပါတယ်။ shwekhitonlinetv.com
၂။ Stick Insect

ကမ္ဘာပေါ်မှာအရှည်လျားဆုံး အင်းဆက်ကတော့ တုတ်ချောင်းအင်းဆက် (Stick Insect) တွေဖြစ်ပြီး သိပ္ပံအမည်ကတော့ Phryganistria ဖြစ်ပါတယ်။ သူတို့ကိုတော့ အန္တာတိကတိုက်က လွဲပြီး ကျန်ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရလေ့ရှိပါတယ်။ အများအားဖြင့်အရွယ်အစား လက်မဝက်ကနေ (၂) ပေ ဝန်းကျင်အထိရှည်လျားကြပါတယ်။ shwekhitonlinetv.com
၁။ Titan beetle

တိုက်တန်ပိုးတောင်မာတွေဟာ အကြီးဆုံးအင်းဆက်အမျိုးအစားတမျိုးဖြစ်ပြီး သူတို့ရဲ့ သိပ္ပံအမည်က Titanus giganteus ဖြစ်ပါတယ်။ သူတို့ကိုတော့ ကမ္ဘာအနှံ့အပြားမှာ တွေ့ရတတ်ပြီး တောင်အမေရိကတိုက်က ဗင်နီဇွဲလား ၊ ကိုလမ်ဘီယာ ၊ အီကွေဒေါ ၊ ပီရူး နဲ့ ဘရာဇီးမြောက်ပိုင်းတို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အရွယ်အစားအားဖြင့်တော့ တိုက်တန်ပိုးတောင်မာတွေဟာ ခန္ဓာကိုယ်အလျားက အများအားဖြင့် (၆.၆) လက်မ အထိရှိတယ်ဆိုပေမယ့်လို့ တစ်ခါတစ်ရံမှာ (၁) ပေ လောက်ထိရှိတဲ့ အကောင်တွေလည်း တွေ့ရတက်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။