မကြာသေးမးတဲ့ အချိန်ကာလတစ်ခုက Kristian Laine ဆိုတဲ့ သြစတြေးလျအခြေစိုက် ဓာတ်ပုံဆရာတယောက်ဟာ ရေငုပ်ရင်း ရေအောက် သဘာ၀ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။ သူရေငုပ်ခဲ့တဲ့ နေရာက သြစတြေးလျနိုင်ငံက ကြီးမားတဲ့သန္တာကျောက်တန်းတွေရှိတဲ့ Lady Elloit ကျွန်းအနီးမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
သူဟာ ဒီလို ရေအောက်အနက် ပေ (၄၀) ခန့်မှာ ဓာတ်ပုံရိုက်နေရင်းနဲ့ ထူးထူးခြားခြား အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဟုတ်ပါတယ် ဒီအရာကိုမြင်မြင်ချင်းမှာ Kristian ဟာ သူ့မျက်စိကိုသူ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

သူမြင်ခဲ့တဲ့ အရာကတော့ ပန်းရောင်အဆင်းရှိတဲ့ Manta Ray တစ်ကောင်ပဲဖြစ်ပါတယ်။ Manta Ray ဆိုတာကတော့ သိပ္ပံအမည် Cephalopterus manta လို့ခေါ်တဲ့ ရေနေသတ္တဝါတစ်မျိုးပါ။ သူတို့ရဲ့ ပုံသဏ္ဍာန်က ငါးလိပ်ကျောက်တွေနဲ့ အတော်လေးကိုဆင်တူပြီး အဖြူရောင်နဲ့ အနက်ရောင် အဆင်းရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ရေနေ သတ္တဝါတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါပေမယ့် အခု Kristian မြင်လိုက်ရတာက ပန်းရောင်ဖစ်နေပြီး ဒီလိုအရောင်ရှိတဲ့ Manta Ray ကို သူတခါမှ မတွေ့ဖူးတဲ့အတွက် ပထမတော့ သူ့ကင်မရာ တခုခုချို့ယွင်းပြီး ခုလိုအရောင်ဖြစ်သွားတာလို့ ထင်မိခဲ့ပါတယ်လို့ Kristian ကဆိုပါတယ်။ shwekhitonlinetv.com

ဒါကြောင့် Kristian ဟာ ကင်မရာနဲ့ အခြားအရာတွေကို ရိုက်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အခြားအရာတွေကိုရိုက်တဲ့ အခါမှာ ပုံမှန်အရောင်တွေပဲထွက်ပေါ်နေလို့ သူတွေ့ခဲ့ရတာဟာ အလွန်ကိုပဲရှားပါးပြီး တွေ့မြင်ရဖို့ ခက်ခဲလွန်းတဲ့ ပန်းရောင် Manta Ray တစ်ကောင်ဆိုတာ သိလိုက်ရပါတယ်။ သူဟာ ဒီပန်းရောင် Manta Ray ရဲ့ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ အခါမှာလည်းကျွမ်းကျင်ပညာရှင်တွေက ဒါဟာ အလွန်ရှားပါးလှတဲ့ ပန်းရောင် Manta Ray ဟာ ဖြစ်ကြောင်း မှတ်ချက်တွေ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
တကယ်တော့ ဒီပန်းရောင် Manta Ray ၂၀၁၅ ခုနှစ် လောက်ကတည်း Lady Elliot ကျွန်းနားမှာ တွေ့ရှိဖူးသူတွေ ရှိခဲ့ပါတယ်။ အလျား (၁၁) ပေလောက်ရှိတဲ့ ဒီပန်းရောင် Manta Ray ကို အရင်တွေ့ခဲ့ဖူးသူတွေက Inspector Clouseau လို့ အမည်ပေးထားခဲ့ကြတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ဒီလိုထူးကဲတဲ့ အရောင်အဆင်း ဖြစ်နေရခြင်းဟာ သူ့ကိုယ်ထဲမှာရှိတဲ့ Erythrism ဆိုတဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးကြောင့်ဖြစ်တယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရှိခဲ့ရပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။