ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုရဲ့ အဓိကအစားအစာဟာ ဆန်စပါးဖြစ်ပါတယ်။ အထူးသဖြင့်တော့ အာရှနဲ့အာဖရိက ဒေသတွေဟာ ဆန်စပါးကတစ်ဆင့်ရရှိတဲ့ ထမင်းကို အဓိကထား စားသုံးကြပါတယ်။ နှစ်စဥ်တိုးပွားလျက်ရှိတဲ့ ကမ္ဘာ့လူဦးရေနဲ့ အညီစားနပ်ရိက္ခာလိုအပ်ချက်ကလည်း မြင့်တက်လို့နေပါတယ်။ ဒါကြောင့်လည်း တသ်ချို့သောနိုင်ငံတွေဟာ မိမိနိုင်ငံမှာစိုက်ပျိုးတဲ့ ဆန်စပါးနဲ့ လောက်ငှမှုမရှိတော့လို့ အခြားနိုင်ငံတွေကနေ ဆန်စပါးကို မှာယူတင်သွင်းကြရပါတယ်။ shwekhitonlinetv.com
အခုတစ်ခေါက် ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဒီလိုမျိုး ဆန်စပါးလိုအပ်နေတဲ့ နိုင်ငံတွေကို နှစ်စဥ် အများဆုံးဆန်စပါးတွေ တင်ပို့ရောင်းချလျက်ရှိတဲ့ နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ဆန်စပါးတင်ပို့မှုအများဆုံးလဲဆိုတော့ …. shwekhitonlinetv.com
၇။ မြန်မာ

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဆန်စပါးကို အဓိက စိုက်ပျိုးစားသုံးခဲ့ကြပါတယ်။ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အညီနိုင်ငံရဲ့ အဓိကတင်ပို့ကုန်တွေထဲက (၄) ပုံ (၁) ပုံဟာ စိုက်ပျိုးရေးကဏ္ဍက နေထွက်ရှိတာဖြစ်ပါတယ်။ နိုင်ငံရဲ့ရာသီဥတုကလည်း ဆန်စပါးစိုက်ပျိုးဖြစ်ထွန်းဖို့ သင့်တော်တဲ့ အနေအထားမှာရှိနေပါတယ်။ တစ်ကမ္ဘာလုံးအနေအထားနဲ့ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ဆန်စပါးတင်ပို့မှုအများဆုံးနိုင်ငံတွေထဲမှာ အဆင့် (၇) နေရာက ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စပါးတင်ပို့မှုကတော့ တစ်နှစ်ကို ပျမ်းမျှတန်ချိန်ပေါင်း (၂၆) သန်းဝန်းကျင်ရှိပါတယ်။ shwekhitonlinetv.com
၆။ ထိုင်း

ထိုင်းနိုင်ငံကတော့ ဒီစာရင်းမှာ အဆင့် (၆) နေရာကရပ်တည်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ပြည်နယ်အားလုံးဟာ ဆန်စပါးကို စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံလောက် ဆန်စပါးစိုက်ပျိုးမှု မရှိပေမယ့်လည်း ထိုင်းနိုင်ငံက ဆန်စပါးတင်ပို့မှုစာရင်းမှာ မြန်မာရဲ့အထက်မှာရှိနေပါတယ်။ အကြောင်းကတော့ ထိုင်းလူမျိုးတွေဟာ ဆန်စပါးကိုသိပ်မစားသုံးဘဲ တင်ပို့ဖို့သက်သက်သာစိုက်ပျိုးတာကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့ တစ်နှစ်ဆန်စပါးတင်ပို့မှုကပျမ်းမျှ တန်ချိန် (၃၂) သန်းဝန်းကျင်ထိရှိပါတယ်။ shwekhitonlinetv.com
၅။ ဗီယက်နမ်

ကမ္ဘာ့ထိပ်တန်း ဆန်စပါးတင်ပို့တဲ့ နိုင်ငံတွေထဲမှာ အရှေတောင်အာရှက ဗီယက်နမ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံကောင်းစွာဖြစ်ထွန်းတဲ့မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမြစ်နီ မြစ်မြောက်ဘက်ပိုင်းဒေသနဲ့နိုင်ငံတောင်ပိုင်းဒေသတွေမှာလယ်ယာမြေများစွာစိုက်ပျိုးကြပါတယ်။ သူတို့ဟာ အိမ်နီးချင်းနိုင်ငံအချို့နဲ့ အာဖရိကနိုင်ငံတွေကို တစ်နှစ်ဆန်စပါးတန်ချိန် (၄၅) သန်းနီးပါးတင်ပို့လျက်ရှိပါတယ်။ shwekhitonlinetv.com
၄။ ဘင်္ဂလားဒေ့ရှ်

တိုင်းပြည်GDP တန်ဖိုးရဲ့တဝက်လောက်ကို လည်းဆန်စပါး ရောင်းဝယ်ရေးကနေရရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း ဒီစာရင်းမှည အဆင့် (၄) နေရာမှာ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံစုစုပေါင်းဝင်ငွေရဲ့(၆)ပုံ (၁) ပုံဟာ ဆန်စပါးလုပ်ငန်းကနေရရှိနေတာကိုတွေ့ရမှာဖြစ်ပြီး ကမ္ဘာတင်ပို့မှုကရရှိနေတာဖြစ်ပြီး တစ်နှစ်ကို တန်ချိန်(၅၂) သန်းကျော် တင်ပို့နေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ အင်ဒိုနီးရှား

ကမ္ဘာပေါ်မှ တတိယမြောက်ဆန်ထုတ်လုပ်မှု အများဆုံးနိုင်ငံကတော့ အင်ဒိုနီးရှား နိုင်ငံဖြစ်ပါတယ်။ ဂျာဗားကျွန်း၊စူမားတြားကျွန်းတို့ ကတော့ ဆန်စပါးအများဆုံးစိုက်ပျိုးရာဒေသတွေဖြစ်ပါတယ်။ မှန်ကန်တဲ့ စိုက်ပျိုးရိတ်သိမ်းချိန်ကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ ဆန်စပါးအထွက်နှုန်းကောင်းတာဖြစ်ပြီး တစ်နှစ်ကို ပျမ်းမျှ ဆန်စပါးတန်ချိန် သန်း (၇၀) ဝန်းကျင် တင်ပို့နိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ အိန္ဒိယ

ကမ္ဘာ့ဆန်စပါးစျေးကွက်မှာ နာမည်ကျော်တဲ့ Basmati Rice ကို အများဆုံးစိုက်ပျိုးတင်ပို့နေတဲ့အိန္ဒိယနိုင်ငံကတော့ ဒီစာရင်းမှာ အတင့် (၂) မှာရပ်တည်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံးစိုက်ပျိုးတဲ့ ဆန်စပါးအမျိုးအစားရဲ့ (၇၀) ရာခိုင်နှုန်းကျော်က ဘက်စ်မာတီဆန် (Basmati Rice) ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဆန်စပါးတင်ပို့မှုက နီစ်စဥ်ပျမ်းမျှ တန်ချိန် (၁၅၇.၂) သန်းထိရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၁။ တရုတ်

ကမ္ဘာပေါ်မှာ ဆန်ထုတ်လုပ်မှုအများဆုံးနိုင်ငံကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကလယ်ယာစိုက်ပျိုးဒေသတွေကတော့ Yangtze မြစ်နဲ့ ဆက်စပ်နေတဲ့ Jiangsu ၊ Anhui ၊ Hubei နဲ့ Sichuan ပြည်နယ်တွေဖြစ်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ ကမ္ဘာအနှံ့ကို တင်ပို့နေတဲ့ ဆန်စပါးတန်ချိန်က တစ်နှစ်ကို ပျမ်းမျှ (၂၀၆)သန်းလောက်ထိရှိအောင် များပြားလှပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။