ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ မိမိသရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့လိုက်အောင် ကိုယ်အလေးချိန်ကို ပြောင်းလဲခဲ့ကြတဲ့ အနုပညာရှင်တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ ဒီအထဲမှာ ဘယ်အနုပညာရှင်တွေ ပါမလဲဆိုတာကတော့ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ Christian Bale

နာမည်ကြီး မင်းသား တစ်ဦး ဖြစ်တဲ့ Christian Bale ကတော့ Vice ဆိုတဲ့ ဇာတ်ကားထဲမှာ Dick Cheney ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ရပါတယ် ။ Christian Bale ဟာ ဒီဇာတ်ရုပ်နဲ့ လုံး၀ ထပ်တူကျအောင် မျက်နှာ အသွင်အပြင်နဲ့ အဝတ်အစားက အစ သေချာ ပြင်ဆင်ခဲ့ရတဲ့ အပြင် ကိုယ်အလေးချိန်ကိုလည်း ( ၄၅ ) ပေါင်တက်လာအောင် ကြိုးစားခဲ့ရပါတယ် ။ shwekhitonlinetv.com
၂။ Chris Pratt

ဇာတ်ကားကောင်း များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chris Patt ကိုတော့ လူတိုင်း သိကြမှာပါ ။ Chris ဟာဆိုရင် Guardians of the Galaxy ဇာတ်ကားထဲမှာ ဇာတ်ရုပ်နဲ့ လိုက်အောင် လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရပြီး Gym ဆော့ပြီး ကြွက်သားတွေ ထွက်လာအောင် train ခဲ့ရပါတယ် ။ shwekhitonlinetv.com
၃။ Matt Damon

Matt Damon ကတော့ The Informant ဆိုတဲ့ ဇာတ်ကားထဲမှာ အဓိက သရုပ်ဆောင်နေရာ ဖြစ်တဲ့ Mark Whitacre ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ ပါဝင်ခဲ့ရပါတယ် ။ ဇာတ်လမ်း လိုအပ်ချက်အရ သူ သရုပ်ဆောင်ရမယ့် ဇာတ်ဆောင် ပုံစံနဲ့ တထေရာတည်း တူဖို့အတွက် Matt ဟာ ပေါင် ( ၃၀ ) လောက်အထိ အလေးချိန်တက်လာအောင် လုပ်ခဲ့ရပါတယ် ။ shwekhitonlinetv.com
၄။ Charlize Theron

နာမည်ကြီး မင်းသမီးတစ်လက် ဖြစ်တဲ့ Charlize Theron ကတော့ သူပါဝင်တဲ့ ဇာတ်ကားထဲမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦး လည်း ဖြစ်ပါတယ် ။ သူမဟာ Tully ဆိုတဲ့ ဇာတ်ကားထဲမှာ အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင် သရုပ်ဆောင်ရပြီး ဇာတ်ရုပ်နဲ့ လိုက်အောင် ပေါင် ( ၅၀ ) လောက်အထိ အလေးချိန် တိုးခဲ့ရတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com
၅။ Hugh Jackman

လူကြိုက်များတဲ့ မင်းသားကြီး Hugh Jackman ကတော့ Les Misérables ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ် နဲ့ လိုက်အောင်လို့ ပေါင် ( ၃၃ ) ပေါင် အထိ ဝိတ်ချခဲ့ရပါတယ် ။ ဒါပေမယ့်လည်း The Wolverine ဇာတ်ကားထဲမှာတော့ ဝိတ် ပြန်တင်ခဲ့ရပြီး သူ သရုပ်ဆောင်ရတဲ့ Role မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com
၆။ Anne Hathaway

မင်းသမီး Anne Hathaway ဟာလည်း Les Misérables ဇာတ်ကားထဲမှာ Hugh Jackman နဲ့ အတူ သရုပ်ဆောင် ခဲ့ရတာပါ ။ သူမလည်း ဇာတ်လမ်းထဲက character နဲ့ လိုက်အောင် ကိုယ်အလေးချိန်ကို ( ၂၄ ) ပေါင် အထိချပြီး သရုပ်ဆောင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၇။ Chris Hemsworth

Chris Hemsworth ဆိုရင်လည်း In the heart of the sea ဇာတ်ကားထဲမှာ သူ့ရဲ့ ဇာတ်ဆောင်ပုံစံအရ ပေါင် ( ၃၃ ) ပေါင်အထိ ဝိတ်ချပြီး သရုပ်ဆောင်ခဲ့ရပါတယ် ။ ဒါပေမယ့်လည်း Ragnarok ဇာတ်ကားထဲမှာတော့ Thor နေရာကနေ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကိုယ် အလေးချိန် ပြန်တက်အောင် လုပ်ခဲ့ရပြီး ကြွက်သားတွေ ထွက် လာအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရပါတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ ဇာတ်လမ်းသဘောအရ ခန္ဓာကိုယ် အလေးချိန်ကိုပါ လိုသလို ပြောင်းလဲပြီး သရုပ်ဆောင်ခဲ့ရတဲ့ အနုပညာရှင်တွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခေါက်တွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။