နိုင်ငံတကာရုပ်ရှင်လောကမှာ အောင်မြင်တဲ့ရုပ်ရှင်ကားတစ်ကား အဖြစ်ဝင်ဆံ့နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ မင်းသား၊ မင်းသမီးတွေအတွက်ကုန်ကျစရိတ်၊ ဆက်တင်အပြင်အဆင်၊ အထူးပြုလုပ်ချက်စတာတွေနဲ့ အခြားရိုက်ကူးရေးနဲ့သက်ဆိုင်ရာကိစ္စရပ်တွေမှာ ကုန်ကျတဲ့ စရိတ်တွေကများပြားလွန်းလှသလို ပီပြင်စွာရိုက်ကူးနိုင်ဖို့ သရုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ shwekhitonlinetv.com
ဒီလို အဘက်ဘက်ကနေအကောင်းဆုံးအားသိုက်ထုတ်ပြီးရိုက်ကူးထားပြီး အမြတ်အစွန်းအများအပြားပြန်လည်ရရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေရှိသလို များစွာအရှုံးပေါ်ခဲ့တဲ့ ဇာတ်ကားတွေကလည်းဒုနဲ့ဒေးပါပဲ။ အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ကမ္ဘာရုပ်ရှင်သမိုင်းမှာ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ရုပ်ရှင်ဇာတ်ကား (၁၀) ကားအကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာဘယ်ကားတွေ ပါဝင်မလဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော် … shwekhitonlinetv.com
၁၀။ Frozen II – ($1,450,026,933)

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကမှ ရုံတင်ပြသခဲ့တဲ့ Frozen II ကာတွန်းကားလေးကတော့ မယုံကြည်နိုင်စရာကောင်းလောက်အောင်ကိုပဲ ဝင်ငွေတွေရရှိခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ဒါရိုက်တာ Jennifer Lee နဲ့ Chris Buck တို့ရိုက်ကူးခဲ့တဲ့ ဒီကာတွန်းဇာတ်ကားလေးဟာ ကုန်ကျစရိတ်စုစုပေါင်း ဒေါ်လာ သန်း (၁၅၀) လောက်ရှိခဲ့ပေမယ့် ပြန်လည်ရရှိတဲ့ ဝင်ငွေကတော့ ကုန်ကျစရိတ်ရဲ့ (၁၀) ဆ နီးပါးလောက် ရှိခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Furious 7 – ($1,515,048,151)

Fast & Furious ဇာတ်လမ်းတွေရဲ့ သတ္တမမြောက် ဇာတ်ကားဖြစ်တဲ့ Futious 7 ကတော့ ပရိသတ်တွေအတွက် အမှတ်တရရှိနေမယ့် ဇာန်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Paul Walker ဟာ ဇာတ်ကားရိုက်ကူးမှု မပြီးဆုံးခင် မတော်တစ်ဆမှုတစ်ခုနဲ့ သေဆုံးခဲ့လို့ သူ့ရဲ့ ညီဖြစ်တဲ့ Cody Walker ကိုအစားထိုးရိုက်ကူးခဲ့ရတဲ့ကားလေးလဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှ စတင်ပြသခဲ့တဲ့ ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်က ဒေါ်လာသန်း (၁၉၀) လောက်ရှိပေမယ့် ဒေါ်လာ (၁.၅) ဘီလီယံလောက် ပြန်ပြီး ဝင်ငွေရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၈။ The Avengers -( $1,518,815,515)

နောင်တစ်ချိန်မှာအောင်မြင်လာမယ့် Avengers ဇာတ်ကားတွေရဲ့ မူလအစဖြစ်တဲ့ The Avengers ကတော့ ၂၀၁၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးရေးအတွက် ကုန်ကျစရိတ် ဒေါ်လာသန်း (၂၂၀) ဝန်းကျင်ရှိခဲ့ပေမယ့် ပြန်လည်ရရှိတဲ့ အကျိုးအမြတ်ကတော့ များလှပါတယ်။ shwekhitonlinetv.com
၇။ The Lion King – ($1,656,963,790)

၂၀၁၉ မှာ Walt Disney ကနေရိုက်ကူးထုတ်လုပ်ခဲ့တဲ့ The Lion King ဇာတ်ကားလေးဟာလည်း ပရိသတ်တွေကို မတူညီတဲ့ ရသတွေကိုပေးစွမ်းနိုင်ခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကာတွန်းကားလေးကို Animation ဇာတ်ကားပုံစံ အဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကုန်ကျစရိတ်က ဒေါ်လာသန်း (၂၅၀) ကျော်ရှိခဲ့ပေမယ့် ဝင်ငွေစုစုပေါင်းက ဒေါ်လာ (၁.၆) ဘီလီယံကျော်ရှိခဲ့ပါတယ်။ shwekhitonlinetv.com
၆။ Jurassic World – ($1,670,401,444)

၂၀၁၅ ခုနှစ်ကရုံတင်ပြသခဲ့တဲ့ Jurassic World ဆိုတဲ့ ဒိုင်နိုဆောဇာတ်ကားလေးကတော့ ဒီစာရင်းရဲ့ အဆင့် (၆) နေရာမှာရပ်တည်လို့နေပါတယ်။ ဒီဇာတ်ကားလေးအတွက်ကုန်ကျစရိတ်က ဒေါ်လာ သန်း (၁၅၀) ရှိပြီး ဝင်ငွေကတော့ ဒေါ်လာ (၁.၆)ဘီလီယံ ကျော်ပါတယ်။ shwekhitonlinetv.com
၅။ Avenger : Infinity War – ($2,048,359,754)

Avemger ဇာတ်ကားတွေထဲက တတိယမြောက်ဇာတ်ကားဖြစ်ပြီး ဝင်ငွေ (၂) ဘီလီယံကျော်ထိရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီ လထဲမှ စတင်ရုံတင်ပြသခဲ့တဲ့ ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်ကတော့ ဒေါ်လာ သန်း (၃၀၀) ကနေ (၄၀၀) အကြားရှိခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Star War : Episode VII – The Force Awakens ($2,068,224,036)

Star War ဇာတ်ကားတွေထဲက The Force Awakens ကတော့ ကုန်ကျစရိတ် ဒေါ်လာ သန်း (၃၀၀) ဝန်းကျင်သုံးစွဲခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ စတင်ရုံသွင်းပြသခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရရှိခဲ့တဲ့ ဝင်ငွေကတော့ (၂) ဘီလီယံကျော်ပြီး အများစုက အမေရိကန်တစ်နိုင်ငံတည်းကနေ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၃။ Titanic – ($2,195,169,869)

ဒီစာရင်းမှာပါတဲ့ ဇာတ်ကားတွေထဲမှာ သက်တမ်းအရင့်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Titanic ရုပ်ရှင်ကားဟာ ဒီနေ့အချိန်ထိ ကြည့်လို့ မရိုးနိုင်တဲ့ ဇာတ်ကားလို့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ဒီဇာတ်ကားအတွက်ကုန်ကျစရိတ်ဟာ ဒေါ်လာသန်း (၂၀၀) ကျော်ရှိခဲ့ပြီး သူ့ခေတ်သူ့အခါနဲ့ဆိုရင် အတော်လေး အကုန်အကျခံရိုက်ကူးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကုန်ကျခံရကျိုးနပ်အောင်လည်းဝင်ငွေသောက်သောက်လဲ ပြန်လည်ရရှိခဲ့ပြီး ယနေ့တိုင် အောင်မြင်ကျော်ကြားနေဆဲ ဇာတ်ကားပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Avatar – ($2,790,439,092)

နာမည်ကျော် ဒါရိုက်တာ James Cameron ရဲ့လက်ရာဖြစ်ပြီး ခေတ်ရှေ့ပြေး သိပ္ပံစိတ်ကူးယဥ်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးဖို့အတွက် ကုန်ကျစရိတ်စုစုပေါင်း ဒေါ်လာ (၂၄၆) သန်းအထိအသုံးပြုခဲ့ပြီး ပြီးခဲတဲ့ ၂၀၁၉ နှစ်အထိ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Avengers : End Game – ($2,797,800,564)

Avenger ဇာတ်ကားတွေထဲမှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်တဲ့ End Game ကတော့ ဒေါ်လာ (၃၅၆) သန်းအကုန်အကျခံ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၉ ဧပြီလမှာစတင်ရုံတင်ခဲ့ပြီး တစ်နှစ်အကြာမှာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့် နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။