ကမ္ဘာ့လူဦးရေဟာ နှစ်စဥ်နှစ်တိုင်းတိုးပွားနေသလို တစ်ဖက်မှာလည်း ရောဂါဘယတွေ သဘာဝကပ်ဘေးတွေ စစ်ပွဲတွေ စတာတွေကြောင့် သေကျေပျက်စီးရတဲ့ ပမာဏဟာလည်း တိုးမြင့်လို့နေပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကပ်ဆိုးတွေကို ခဏဘေးဖယ်ပြီး နှစ်စဥ်နှစ်တိုင်း ပုံမှန်လိုလို လူသားတွေကိုမျိုးဖြုတ်နေတဲ့ အရာတွေကို ရှာဖွေ ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ …. shwekhitonlinetv.com
၁၁။ Crocodiles

စစ်တမ်းတွေအရဆိုရင် နှစ်စဥ်နှစ်တိုင်း လူဦးရေ (၁,၀၀၀) ကျော်လောက်ဟာ မိချောင်းတွေရဲ့ တိုက်ခိုက်မှုကို ခံရပြီး သ-ဆုံးနေရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၁၀။ Tapeworms

Tapeworm လို့ခေါ်တဲ့ တုတ်ပြားကောင်တွေကတဆင့် ဖြစ်ပွားတဲ့ရောဂါတွေကနေ သ-ဆုံးရတဲ့ လူဦးရေကတော့ တစ်နှစ်ကို ပျမ်းမျှ (၂,၀၀၀) ရှိပါတယ်။ shwekhitonlinetv.com
၉။ Ascaris roundworms

သန်ကောင်တွေကလည်း တုတ်ကောင်တွေလိုပါပဲ နှစ်စဥ် အယောက် (၂,၅၀၀) လောက် လူသားတွေရဲ့ အသက်ဇီဝိန်ကိုခြွေလျက်ရှိပါတယ်။ ငန်ကောင်တွေကတစ်ဆင့်ဖြစ်ပွားတဲ့ အာဟာရချို့တဲ့ခြင်း၊ အစာအိမ်အူလမ်းကြောင်း စတဲ့ရောဂါဝေဒနာတွေနဲ့ သ-ဆုံးကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Scorpions

Scoripion လို့ခေါ်တဲ့ ကင်းမြီးကောက်တွေကတော့ သူတို့ရဲ့ အဆိပ်တွေနဲ့ နှစ်စဥ်ပျမ်းမျှ လူ (၃,၂၅၀) လောက်ကိုသ-စေလျက်ရှိပါတယ်။ အထူးသဖြင့်တော့ အရှေ့အလယ်ပိုင်းမှာ နေထိုင်တဲ့ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တွေကြောင့်လူသားတွေ သ-ဆုံးရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Freshwater Snails

ဒီခရုလေးတွေကတော့ သူတို့ကိုစားသုံးမိတဲ့သူတွေ သ-ဆုံးရတာများပါတယ်။ သူတို့ကိုစားသုံးမိရာကနေ Snail Fever လို့ခေါ်တဲ့ တုပ်ကွေးမျိုးနဲ့ Bilharzia လို့ခေါ်တဲ့ဝေဒနာမျိုးတွေခံစားရပြီးသ-ဆုံးရတာဖြစ်ပါတယ်။ Bilharzia ဆိုတာကတော့ ကပ်ပါးကောင်တွေကတစ်ဆင့် ဖြစ်ပွားတဲ့ရောဂါတွေဖြစ်ပြီး အဓိကကတော့ အစာအိမ်အူလမ်းကြောင်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးတာဖြစ်ပါတယ်။ သူ့ကြောင့်သ-ဆုံးရတဲ့ လူဦးရေကလည်း နှစ်စဥ် (၁၀,၀၀၀) နီးပါးရှိပါတယ်။ shwekhitonlinetv.com
၆။ Assassin Bugs

ဒါကတော့ ကြမ်းပိုးတစ်မျိုးလို့ အလွယ်သတ်မှတ်နိုင်တဲ့ သတ္တဝါဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ တွေ့မြင်ရဖို့အတော်လေး အခွင့်အရေးနည်းပါးလှပါတယ်။ ဥရောပနဲ့ အမေရိက နိုင်ငံတွေမှာတော့ ဒီလိုအကောင်တွေကတတစ်ဆင့်ဖြစ်ပွားတဲ့ Chagas disease ရောဂါကြောင့် သ-ဆုံးသူက နှစ်စဥ် အယောက် (၁၀,၀၀၀) လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၅။ Tsetse Flies

အာဖရိကတိုက်လို အပူပိုင်းဒေသတွေမှာ ပေါက်ဖွားနေထိုင်ကြတဲ့ စီစီယင် (Tsetse Flies) ကြောင့် သ-ဆုံးရတဲ့ လူဦးရေကလည်း နှစ်စဥ် (၁၀,၀၀၀) ကျော်ရှိပါတယ်။ သူတို့ကတော့ လူတွေကို African sleeping sickness လို့ခေါ်တဲ့ အဖျားဝေဒနာကိုခံစားစေနိုင်တဲ့ ယင်ကောင်တွေဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Dogs
ခွေးတွေကတော့ ဒီစာရင်းမှာ အဆင့် (၄) နေရာမှာရှိပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ (၂၅,၀၀၀) လောက်ဟာ ခွေးကိုက်ခြင်းကတစ်ဆင့်ဖြစ်ပွားတဲ့ ခွေးရူးပြန်ရောဂါကြောင့် သ-ဆုံးနေရတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ shwekhitonlinetv.com
၃။ Snakes
မြွေတွေကတော့ ခွေးတွေထက်ပိုပြီး လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြွေကိုက်လို့ မြွေဆိပ်မိပြီးသ-ဆုံးတဲ့ တဲ့ လူဦးရေက နှစ်စဥ်အယောက် (၅၀,၀၀၀) လောက်ရှိနေလို့ပါပဲ။ shwekhitonlinetv.com
၂။ Humans

လူ လူချင်းသ- တ်ဖြတ်မှုကြောင့်သေဆုံးရတဲ့ အရေအတွက်ကတော့ ကျန်တဲ့ သက်ရှိတွေကြောင့်သေဆုံးရတဲ့ အရေအတွက်နဲ့ ယှဥ်ရင် အတော်လေးကိုများပြားလို့နေပါတယ်။ နှစ်စဥ်နှစ်တိုင်း လူသားတွေရဲ့ ပယောဂကြောင့်သ-ဆုံးရတဲ့ လူဦးရေဟာ ပျမ်းမျှ (၄၇၅,၀၀၀) ဦးရှိနေပါတယ်။ shwekhitonlinetv.com
၁။ Mosquitoes

ခြင်တွေဟာ ကမ္ဘာပေါ်မှာ အပေါများဆုံးအင်းဆက်တွေထဲကတစ်မျိုးဖြစ်သလို လူသားတွေကိုနှစ်စဥ် နှစ်တိုင်းအများပြားဆုံးသ- ဖြတ်နေကြသူတွေလည်းဖြစ်ပါတယ်။ ခြင်ကိုက်ရာကတစ်ဆင့်ဖြစ်ပွားတဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် သ-ဆုံးနေရတဲ့ လူဦးရေကတော့နှစ်စဥ် ပျမ်းမျှ (၁,၀၀၀,၀၀၀) နီးပါးရှိနေပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။