ပရိသတ်ကြီးကို အခုတစ်ခါ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ သာမန်ကျောင်းတွေနဲ့ မတူတဲ့ ကမ္ဘာပေါ်က ထူးခြားနေတဲ့ ကျောင်းတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို အကြောင်းအရာတွေကြောင့် ထူးခြားရလဲဆိုတာ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ ဖိလစ်ပိုင်နိုင်ငံ က ရေသူမ ရေကူးအကယ်ဒမီကျောင်း

ဒီကျောင်းမှာဆိုရင် သင့်ကို ကာတွန်းဇာတ်ကောင်ထဲက ရေသူမလေး Ariel (ဒါမှမဟုတ် ) ရေနတ်ဘုရား ပိုဆိုက်ဒွန်လိုမျိုး ဖြစ်အောင် သင်ကြားပေးမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ကလေးအငယ်လေးတွေကနေ အရွယ်ရောက်သူတွေအထိ လက်ခံ သင်ကြားပေးပြီး အခြေခံ အဆင့်ကနေ သင်တန်းနည်းပြ ဖြစ်နိုင်တဲ့ အထိ သင်ကြားပေးပြီး အဆင့်အပိုင်းအခြားအလိုက် ကွဲပြားတဲ့ ပရိုဂရမ်တွေနဲ့ သင်ကြားရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၂။ အမေရိကန်နိုင်ငံ က တိရစ္ဆာန်ရုံ စာသင်ကျောင်း

အမေရိကန်နိုင်ငံက San Antonio ဆိုတဲ့ ကျောင်းရဲ့ ရည်မှန်းချက် ကတော့ သူတို့ရဲ့ ကျောင်းသားတွေကို သဘာ၀တရားကို ကာကွယ်ဖို့နဲ့ တန်ဖိုးထားတတ်စေဖို့ အဓိက ထားပြီး သင်ပေးနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒီကျောင်းက ကလေးလေးတွေဟာဆိုရင် စာသင်ချိန် တစ်ဝက်လောက်ကို တိရစ္ဆာန်ရုံထဲမှာ ကစားရင်းနဲ့ တိရစ္ဆာန် ကမ္ဘာထဲက အကောင်တွေကိုလည်း နှံ့နှံ့စပ်စပ် လေ့လာ နိုင်ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၃။ အာဂျင်တီးနားနိုင်ငံ က River Plate ကျောင်း

အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ဗျူနိုအေးရိစ် မြို့မှာဆိုရင် နိုင်ငံရဲ့ ပေါ်ပျုလာ အဖြစ်ဆုံး ဘောလုံးကွင်းကြီး တစ်ကွင်းထဲမှာ ဖွင့်ထားတဲ့ စာသင်ကျောင်း တစ်ခုရှိပါတယ် ။ shwekhitonlinetv.com

ဘယ်လိုတောင် ထူးခြားလဲဆိုရင် ကွင်းထဲ ဘောလုံးပြိုင်ပွဲရှိနေတဲ့ အချိန်မှာတောင် စာသင်ခန်းတွေကို ဖွင့်လှစ်သင်ကြားနေပြီး ကျောင်းသားတွေကလည်း ပြတင်းပေါက်ကနေ ဘောလုံးပြိုင်ပွဲကို ကြည့်လို့ရပါတယ်တဲ့ ။ shwekhitonlinetv.com
၄။ Atule’er ရွာက စာသင်ကျောင်းလေး

Atule’er ဆိုတာ တရုတ်နိုင်ငံထဲမှာ တည်ရှိတဲ့ ရွာလေးတစ်ရွာ ဖြစ်ပြီး ပညာရေး နဲ့ ပတ်သက်ရင် သင်ကြားနိုင်ဖို့အတွက် အတော်လေးကို ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ ဒီမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာဆိုရင် ရွာရဲ့ တစ်ခုတည်းသော စာသင်ကျောင်းကို သွားဖို့အတွက် လှုပ်တိလှုပ်နဲ့ ဖြစ်နေတဲ့ လှေကားတွေကနေ ကျောပိုးအိတ်ကို လွယ်ပြီး မိနစ်ကိုးဆယ် နီးပါးလောက် သွားရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့် နေ့စဉ် အခုလိုမျိုးနဲ့ ကျောင်းတက်ရတာဟာ အန္တရာယ်များလွန်းတာ ကြောင့် ဘော်ဒါကျောင်းအနေနဲ့ ပြောင်းလဲ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားတွေကို တစ်လ ( ၂ ) ကြိမ်လောက်သာ အိမ်ပြန်ခွင့်ပေးထားပါတယ် ။ shwekhitonlinetv.com
၅။ အိန္ဒိယနိုင်ငံက မြွေအလပ္ပါယ် သင်တန်း

အိန္ဒိယနိုင်ငံအတွင်းက Vadi လို့ခေါ်တဲ့ လူမျိုးတွေဟာဆိုရင် အသက် ( ၂ ) နှစ်သား အရွယ်လောက်ကတည်းက မြွေ ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်ဖို့အတွက် အသက် ( ၁၀ ) နှစ် အရွယ် မြွေ နဲ့ သင်ကြားခဲ့ရပါတယ် ။ shwekhitonlinetv.com

မိန်းကလေးတွေကတော့ မြွေတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သင်ကြားရပြီး ယောကျာ်းလေးတွေကတော့ မြွေအလပ္ပါယ် ဆရာ ဖြစ်ဖို့အတွက် သင်ကြား ကြရပါတယ် ။ shwekhitonlinetv.com
၆။ အမျိုးသမီးတွေ အတွက် ကြင်ယာဖက် ရှာနည်းကို သင်ပေးတဲ့ ကျောင်း

လေ့လာသူတွေရဲ့ စစ်တမ်းတွေအရ ဂျပန်နိုင်ငံက အမျိုးသမီး ( ၃၀ ) ရာခိုင်နှုန်းလောက်ဟာ အလုပ်ချိန်များလောက်အောင် အလုပ်လုပ်ခြင်း ၊ မျှော်လင့်ချက် ကြီးကြီးမားမား ထားခြင်းနဲ့ အွန်းလိုင်ပေါ်ကနေသာ ချိန်းတွေ့တာမျိုးတွေ လုပ်တဲ့အတွက်ကြောင့် Single ပဲ ဖြစ်နေရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတဲ့ ကျောင်းကတော့ အမျိုးသမီးတွေကို သူမတို့ရဲ့ ဘ၀မှာ ဘယ်လို အရာတွေကို ဦးစားပေး သတ်မှတ်ထားရမလဲဆိုတာနဲ့ နောက်ပိုင်းမှာ ကြင်ယာဖက် ရှာပြီး မိသားစုတစ်ခု ဘယ်လို ထူထောင်ရမလဲဆိုတာကို အဓိက ထားပြီး သင်ကြားပေးတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၇။ နီပေါနိုင်ငံ က ဂွန်ဒိုလာ တံတား

နီပေါ နိုင်ငံမှာရှိတဲ့ မြစ်တွေဟာဆိုရင် ရေတိမ်ပေမယ့်လည်း ရေစီးအား သန်လွန်းတဲ့ အခါမျိုးကျ ခြေကျင် ဖြတ်ဖို့ မလွယ်ကူပါဘူး ။ ဒ့ါကြောင့် နီပေါနိုင်ငံက ကျောင်းသားတွေဟာဆိုရင် tarpuls ဝိုင်ယာ ( သို့မဟုတ် ) ဂွန်ဒိုလာ လို့ ခေါ်တဲ့ တံတားကို အသုံးပြုပြီး မြစ်ကို ဖြတ်ကူးရပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း အခုလို နည်းလမ်းနဲ့ သွားတာဟာ လက်ကို ထိခိုက်စေနိုင်တဲ့ အပြင် အသက်အန္တရာယ်ပါ ရှိနိုင်တာလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် ကလေးတွေဟာ အခုလိုအချိန်မျိုးရောက်ရင် တံတားကနေ ဖြတ်ပြီး မကူးနိုင်တဲ့အခါ အိမ်ထဲမှာပဲ တစ်ပတ်လောက် နေရပြီး ရေစီး မသန်တော့တဲ့ အချိန်ကို စောင့်နေကြရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်းက ထူးထူးဆန်းဆန်းနဲ့ အန္တရာယ်ရှိလှတဲ့ ကျောင်းတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။