၁။ Cruise Train Seven Stars , Japan
ဒီရထားကတော့ ကြယ်ခုနှစ်ပွင့်အဆင့်ရှိတဲ့ ကမ္ဘာ့အကောင်းဆုံးဇိမ်ခံရထားတစ်စီးဖြစ်ပါတယ်။ ရှေးဟောင်းဒီဇိုင်းအသွင်အပြင်ရှိပေမယ့် ခေတ်မီနည်းပညာတွေပါဝင်နေတဲ့ ဒီရထားကိုတော့ (၂၀၁၃) ခုနှစ်မှာစတင်ပြေးဆွဲခဲ့တာပဲဖြစ်ပါတယ်။ ကျူရှုးကျွန်းစုတွေကို (၄) ရက်တာကြာမယ့် ခရီးစဉ်မျိုးပြေးဆွဲပေးလေ့ရှိပြီး (၁) ကြိမ်ကို ခရီးသည် (၂၈) ဦးလိုက်ပါစီးနင်းနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လိုက်ပါစီနင်းဖို့ ကြိုတင်စာရင်းပေးသွင်းတဲ့ ခရီးသည်များပြားလွန်းတာကြောင့် ကံစမ်းမဲစနစ်နဲ့ စီးနင်းခွင့်ရမယ့် ခရီးသည်ကိုရွေးချယ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com







၂။ Venice Simplon-Orient-Express , Europe
ဒီဇိမ်ခံရထားကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကနေ အီတလီနိုင်ငံ ဗင်းနစ် မြို့ကိုပြေးဆွဲတာဖြစ်ပါတယ်။ ကြားမှာတော့ ပြင်သစ်နိုင်ငံပဲရစ်မြို့ နဲ့ အီတလီနိုင်ငံ ဗီရိုနာမြို့တွေမှာ ရပ်နားပေးတယ်လို့သိရပါတယ်။ ရထားပေါ်မှာတော့ Art Deco ပန်းချီကားတွေကို ချိတ်ဆွဲပေးထားပါတယ်။ အစားအစာတွေကို လည်း မိမိ ကြိုက်နှစ်သက်သလို မှာယူစားသောက်နိုင်ဖို့ စုံလင်အောင်စီမံထားပါသတဲ့။ ညနေစာ စားပြီးချိန်မှာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ အေးဆေးစွာတွေ့ဆုံစကားပြောနိုင်မယ့် ရှန်ပိန်ဘားလည်းပါရှိတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ ခရီးတစ်ခုကိုသွားရောက်နေရသလို ခံစားရမှာတော့ အမှန်ပဲဖြစ်ပါတယ်။ ကမ္ဘာကျော် နာဇီခေါင်းဆောင် ဟစ်တလာဟာ ဒီရထားကိုစီးနင်းရတာကို အလွန်နှစ်သက်တဲ့ သူဖြစ်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com





၃။ Golden Eagle Trans-Siberian Express , Russia
Trans-Soberian Express ကတော့ နှစ် (၁၀၀) ကျော်ပြီဖြစ်ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့ကနေ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဗလာဒီဗော့စတော့ခ်အထိ အသွားအပြန်ပြေးဆွဲတဲ့ ရထားဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နိုင်ငံခြားသားခရီးသည်တွေအတွက် သီးသန့် ဘားအခန်းတွေထဲမှာ ရုရှားဘာသာစကား သင်ယူနိုင်သလို နာမည်ကျော် ဂီတပညာရှင်တွေရဲ့ အကအလှ အတီးအမှုတ် ဖျော်ဖြေမှုတွေလည်းပါဝင်ပါတယ်။ (၁၅) ရက်တာကြာမြင့်မယ့် ခရီးစဉ်အတွက် ခရီးသည်တစ်ဦးကို အနိမ့်ဆုံး အမေရိကန်ဒေါ်လာ (၁၆,၉၉၅) ကျသင့်မှာဖြစ်ပါတယ်။ shwekhitonlinetv.com








၄။ The Canadian , Canada
ကျယ်ဝန်းပြီး အေးမြနဲ့ ကနေဒါနိုင်ငံရဲ့နေရာအနှံ့အပြားကို ဖြတ်သန်းမယ့် the Great North ခရီးစဉ်မှာတော့ Le Canadian ကသင့်ကို နွေးထွေးမှုအမှန်တကယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တို မြို့ကနေ အမြဲတမ်းလိုလိုရေခဲနေပြီး ဆောင်းရာသီ အိုလံပစ်ပွဲတွေကျင်းပလေ့ရှိတဲ့ ဗန်ကူးဗားမြို့အထိပြေးဆွဲမှာဖြစ်ပါတယ်။ တကယ်လို့ သင်သာ လမ်းခုလတ်တစ်နေရာရာမှာ မဆင်းခဲ့ဘဲ ခရီးစဉ်စဆုံး လိုက်ပါမယ်ဆိုရင်တော့ မတူခြားနားတဲ့ မြင်ကွင်းတွေကို အံ့သြစရာကောင်းလောက်အောက် မြင်တွေ့ရလိမ့်မယ်ဆိုတာကို အာမခံတယ်လို့လည်း ဆိုထားပါတယ်။ ခရီးသည်တွေအနေနဲ့ ရေတံခွန်တွေ၊ ချစ်စရာကောင်းတဲ့ မြို့ငယ်လေးတွေ၊ အဆုံးမရှိတဲ့ လယ်ကွင်းပြင်တွေ၊ နှင်းတွေဖုံးနေတဲ့ တောင်တွေ လိုမျိုး ရှုမငြီးဖွယ်မြင်ကွင်းတွေကို ဇိမ်ကျကျခံစားနိုင်မှာဖြစ်ပါတယ်။ Le Canadian မှာတော့ Economy , Budget-friendly စသဖြင့် ရွေးချယ်စရာ Classes တွေတော့ပါရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com





၅။ Maharajas Express , India
သင့်ရဲ့အားလပ်ရက်တွေမှာ မီးရထားစီးပြီး အပန်းဖြေချင်တယ်ဆိုရင်တော့ Maharajas Express ကလည်းစဉ်းစားသင့်တဲ့စာရင်းထဲမှာပါဝင်ပါတယ်။ Maharajas Express ဟာ အတွဲတိုင်းမှာ ပုဂ္ဂလိကအတွင်းရေးမှူး (Personal Butler) ပါရှိပါတယ်။ ရထားဆိုက်ရောက်သမျှဘူတာတိုင်းမှာလည်း လှပပြီးအရောင်အသွေးစုံလင်တဲ့ ပန်းကုံးများနဲ့ကြိုဆိုတဲ့ အခမ်းအနားရှိတယ်လို့သိရပါတယ်။ “အိန္ဒိယ အမွေအနှစ်” လို့အမည်ပေးထားတဲ့ ခရီးစဉ်က နာမည်ကျော်ကြားလှပြီး (၈) ရက်ကြာမြင့်ပါတယ်။ ဒီခရီးစဉ်က မွန်ဘိုင်းကနေ ဒေလီမြို့အထိပြေးဆွဲပေးတာဖြစ်ပြီး ကြားမှာ နာမည်ကျော်ပြီး စည်ကားလှတဲ့ မြို့တွေရဲ့ ဘူတာတွေမှာလည်း ရပ်နားပေးတယ်လို့သိရပါတယ်။ shwekhitonlinetv.com








ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။