Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါမှာတော့ ဗဟုသုတရစရာ အကြောင်းအရာလေးတစ်ခုနဲ့ ပြောပြပေးချင်ပါတယ်။ ဒါကတော့ လူသားတွေ မရှိခင်ကတည်းက ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြပြီဖြစ်တဲ့ သတ္တဝါတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာမှ ဘယ်လိုသတ္တဝါတွေ ပါမလဲဆိုတာကိုတော့ အောာက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ ရေမြင်း ( နှစ်သန်းပေါင်း ၁၆ သန်း )

လေ့လာချက်တွေအရ ရေမြင်းတွေဟာ နို့တိုက်သတ္တဝါဝင် အုပ်စုထဲမှာ ပါဝင်သော ဝေလငါးတွေ နဲ့ ဆက်စပ်မှု ရှိတာကို တွေ့ရှိခဲ့ကြပါတယ် ။ ကမ္ဘာဦးအစတုန်းက ရှိခဲ့တဲ့ ဝေလငါး မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ( ၅၀ ) ကျော်လောက်တည်းက စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ရေမြင်းတွေကတော့ နှစ်သန်းပေါင်း ( ၁၆ ) သန်းလောက်မှသာ ပေါ်ပေါက်ခဲ့တာပါ ။ ဒါ့ကြောင့် ဝေလငါးမျိုးစိတ်တွေရဲ့ ဘိုးဘေးတွေ နဲ့ ရေမြင်းတွေရဲ့ ကြားထဲမှာ နှစ် သန်းပေါင်း ( ၄၀ ) လောက် ခြားနားနေတာကို တွေ့ခဲ့ကြပါတယ် ။ shwekhitonlinetv.com

၂။ ပုရွက်ဆိတ် ( နှစ်သန်းပေါင်း ၁၄၀ – ၁၆၈ သန်း )

ပထမဦးဆုံး ပုရွက်စိတ် မျိုးစိတ်တွေဟာ နှစ်သန်းပေါင်း ၁၄၀ ကနေ ၁၆၈ နှစ် အတွင်းမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပြထားပါတယ် ။ ဒီသက်တမ်းဟာဆိုရင် ဒိုင်နိုဆောတွေ ဖြစ်တည်လာတဲ့ သက်တမ်းနဲ့ အတူတူ ပဲလို့တောင် ပြောရမှာပါ ။ shwekhitonlinetv.com

ဒါပေမယ့်လည်း အပင်တွေ မရှိသေးတဲ့အချိန်တည်းက ပန်းပွင့် တေ ွဖြစ်တည်နေသော်လည်း ကျယ်ကျယ်ပြန့်ပြန့် မရှိကြသေးပါဘူး ။ နောက်ပိုင်း ပန်းပွင့်တွေ များပြားစွာ ပေါက်ရောက်လာတဲ့ အခါမှာတော့ ပုရွက်ဆိတ်တွေရဲ့ အရေအတွက်ဟာလည်း တစ်ဖြည်းဖြည်းနဲ့ များပြားလာခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၃။ ဖွတ်ပုတက် ( နှစ်သန်းပေါင်း ၂၀၀ )

ယနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ ဖွတ်ပုတက်တွေ ဟာဆိုရင် ဒိုင်နိုဆောတွေ ကမ္ဘာမြေပေါ်မှာ လှည့်လည်သွားလာနေတဲ့ အချိန်ကတည်းက ရှေးဟောင်း တွားသွား သတ္တဝါမျိုးစိတ် တစ်ခုအဖြစ်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်နေကြတဲ့ သက်တမ်းဟာ နှစ်ပေါင်း သန်း ၂၀၀ လောက်ရှိပြီ ဖြစ်ပြီး ယနေ့အချိန်အထိလည်း မျိုးမတုန်းပဲ အသက်ရှင်နိုင်နေဆဲ ဖြစ်ပါတယ်။ ဖွတ်ပုတက်တွေဟာ မျိုးစိတ်ပေါင်း ( ၄၆၇၅ မျိုး ကျော် ) ရှိပြီး ဒီမျိုးစိတ်တွေထဲမှာ ကင်းလိပ်ချော ၊ ဂီလာ မွန်းစတား ၊ တောက်တဲ့ ၊ ပုတ်သင်ညို နဲ့ ဖွတ် တို့ ပါဝင်ပါတယ် ။ shwekhitonlinetv.com
၄။ လိပ် ( နှစ်သန်းပေါင်း ၃၀၀ ကနေ ၄၀၀ )

လိပ်မျိုးစိတ်တွေ ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ အချိန်ဟာ နှစ်သန်းပေါင်း ၃၀၀ ကနေ ၄၀၀ အတွင်း ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် လိပ်တွေဟာ အတော်ကို ရှေးကျတဲ့ မျိုးစိတ်ဖြစ်ပြီး လူသားမျိုးစိတ်တွေ နဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်လေးကို ရှေးကျနေတယ်လို့တောင် ပြောရမှာပါ ။ shwekhitonlinetv.com

လေ့လာရေး ပညာရှင်တွေဟာဆိုရင် ရှေးအကျဆုံး လိပ်ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ်နိုင်ငံ ၊ Guizhou ပြည်နယ်မှာ တွေ့ရှိခဲ့ကြပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ နှစ်သန်းပေါင်း ( ၂၂၀ ) ခန့် ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ် ။ shwekhitonlinetv.com
၅။ ဖား ( နှစ်သန်းပေါင်း ၂၆၅ သန်း )

ပညာရှင်တွေဟာဆိုရင် သက်တမ်း အရင့်ဆုံး ဖား ကျောက်ဖြစ်ရုပ်ကြွင်းကို မာဒါကာစကာ မှာ တွေ့ရှိခဲ့ပြီး သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၂၆၅ သန်း ရှိပြီ ဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ် ။ ယနေ့ခေတ် အခါမှာတော့ မတူညီတဲ့ ဖားမျိုးစိတ်တွေဟာ ကမ္ဘာအနှံ့မှာ ရှင်သန်နေကြတာ ဖြစ်ပြီး အပူပိုင်း မိုးသစ်တောတွေမှာ အများဆုံး ရှာတွေ့နိုင်ပါတယ် ။ shwekhitonlinetv.com

၆။ ကင်းနားသန် (သို့) ရထားကောင် ( နှစ်သန်းပေါင်း ၄၂၀ )

ရထားကောင်တွေဟာဆိုရင် သဘာ၀ တရားကြီးရဲ့ ဘေးဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်တဲ့ မျိုးစိတ်တွေထဲက တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ် ။ သူတို့တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ( ၄၂၀ ) လောက်ကတည်းက စွန့်ပစ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပြီး အသက်ရှင် နေထိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အချက်အလက်တွေအရ ရထားကောင်တွေဟာ ကုန်းပေါ်ကို ရွှေ့ပြောင်းနေထိုင်လာကြတဲ့ မျိုးစိတ်တွေထဲမှာ ရှေးအကျဆုံး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်တယ်လို့လည်း သိရပါတယ် ။ ယနေ့ခေတ်အခါမှာတော့ ရထားကောင်တွေရဲ့ မျိုးစိတ်ပေါင်း ( ၁၃၀၀၀ ကျော် ) ရှိပြီး အန္တာတိက တိုက်က လွဲပြီး တစ်ခြား တိုက်ကြီးတွေမှာ တွေ့ရှိနိုင်ပါတယ် ။ shwekhitonlinetv.com
၇။ ငါးမန်း ( နှစ်သန်းပေါင်း ၄၅၀ )

ပညာရှင်တွေရဲ့ ပြောကြားချက်အရ ရှေးအကျဆုံး ငါးမန်းတစ်ကောင် ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သက်တမ်းဟာ နှစ် သန်းပေါင်း ( ၄၅၀ ) ရှိတယ်လို့ သိရပါတယ် ။ ဒီသက်တမ်းဟာ ဒိုင်နိုဆောတွေရဲ့ သက်တမ်းထက်တောင် ပိုရှေးကျတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ( ၄၃၉ သန်း) တည်းက ငါးမန်းတွေဟာ ကြီးမားတဲ့ မျိုးတုန်း အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အသက်ရှင်နိုင်အောင် ကျော်လွှားနိုင်ခဲ့ကြပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ လူသားတွေထက် ကမ္ဘာမြေပေါ်မှာ ရှေးကျစွာ နေထိုင်နိုင်ခဲ့ကြတဲ့ သတ္တဝါတွေ အကြောင်းကို ဗဟုသုတ ရစေရန်အတွက် စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။