ပရိသတ်ကြီးကို အခုတစ်ခါမှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာမြေကြီးပေါ်က ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရိုက်ကူးထားတဲ့ ပုံတွေ ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ဘယ်လိုထူးဆန်းတဲ့ ပုံတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ Black Swallower ငါး

အခုပုံမှာ မြင်ရတဲ့ ငါးနာမည်ကတော့ Black Swallower ငါးဖြစ်ပြီး အစာကို မျိုချတတ်တဲ့ ငါးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ပိုပြီး ထူးဆန်းတာက ဒီငါးတွေဟာ သူတို့ထက် ( ၁၀ ) ဆ ကြီးတဲ့ အကောင်တွေကိုတောင် မျိုချပြီး စားသောက်နိုင်စွမ်းရှိပါတယ်တဲ့ ။ shwekhitonlinetv.com
၂။ အဆောက်ဦးထဲ ဖောက်ပြီး ဆောက်ထားတဲ့ ရထားလမ်း

ဒီပုံထဲက ရထားလမ်းကတော့ တရုတ်နိုင်ငံ ၊ Chongqing က ရထားလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ သာမန် ရထားလမ်းတွေနဲ့ ကွဲပြားစွာ အဆောက်အဦးကို ဖောက်ပြီး ရထားလမ်း ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ကြည့်တာနဲ့ တင် တစ်ကယ့်ကို အမြင်တစ်မျိုး ဖြစ်စေပါတယ် ။ shwekhitonlinetv.com
၃။ မြွေဟောက် အကောင်ပေါက်လေး

အဆိပ်ပြင်းတဲ့ မြွေအမျိုးစားထဲမှာ ပါတဲ့ မြွေဟောက်ကိုတော့ တော်တော်များများ သိကြမှာပါ ။ အခုပုံလေးကတော့ ဥထဲကနေ ပေါက်လာတဲ့ မြွေဟောက် အကောင်ပေါက်လေး ပါးပျဉ်းထောင်နေတဲ့ ပုံကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄ ။ ဝေလငါးရဲ့ အရိုးခေါင်း

ဒီပုံလေးကတော့ ဝေလငါးတစ်ကောင်ရဲ့ ခေါင်းက ဘယ်လောက်တောင် ကြီးလဲဆိုတာကို နှိုင်းယှဉ်ပြထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး သတ္တဝါစာရင်းထဲမှာပါတဲ့ ဝေလငါးတွေရဲ့ အရွယ်ရောက်ပြီးသား အရွယ်အစားဟာ ပေပေါင်း ( ၁၀၀ ) ကျော်အထိ အရှည်ရှိပြီး အလေးချိန်ကတော့ တန် ( ၉၀ ) လောက် ရှိပါတယ် ။ shwekhitonlinetv.com
၅။ နှစ်ရောင်စပ် ကျောက်ပုဇွန်

ဒီလို နှစ်ရောင်စပ်ပါတဲ့ ကျောက်ပုဇွန်ကတော့ အတော်လေးကို တွေ့ရခဲပြီး ရှားပါးတဲ့ အထဲမှာ ပါပါတယ် ။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ ဒီလို နှစ်ရောင်စပ် ကျောက်ပုဇွန်မျိုးကို ပုဇွန် အကောင် သန်း ( ၅၀ ) ထဲမှာမှ တစ်ကောင်သာ တွေ့နိုင်တယ်လို့ ပြောကြပါတယ် ။ shwekhitonlinetv.com
၆။ မီးတောင် ရေတံခွန်

အခုမြင်ရတာကတော့ ဟာဝိုင်အီ ကျွန်းစုထဲက တောထဲမှာ ဖြစ်ပေါ်နေတဲ့ မီးတောင် ရေတံခွန်ပဲ ဖြစ်ပါတယ်။ မီးတောင်ကို အလှဓာတ်ပုံ ရိုက်တဲ့ ဓာတ်ပုံဆရာ အတော်များများ သဘောကျကြတဲ့ နေရာ တစ်ခု ဖြစ်ပြီး သဘာ၀ တရားရဲ့ ပကတိ အလှတရား တစ်ခုလို့တောင် တင်စားကြပါတယ် ။ shwekhitonlinetv.com
၇။ အပြာရောင် အသားရှိတဲ့ ငါး

Lingcod လို့ ခေါ်တဲ့ ငါးမျိုးစိတ်ဟာ သာမန်ငါးတွေနဲ့ မတူပဲ သူတို့ရဲ့ အသားက အပြာရောင် ရှိတာပဲ ဖြစ်ပါတယ် ။ လူတွေ ပုံမှန်စားနေကျ ငါးတွေအတိုင်း အာဟာရ ဓာတ်များစွာ ပါဝင်တဲ့ အပြင် အဆိပ်လုံး၀ မရှိတဲ့ ငါးအမျိုးအစားပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ မြင်တွေ့ရခဲလှတဲ့ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း ဓာတ်ပုံ အချို့ကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။