သင်ဟာဓာတ်ပုံရိုက်ကူးရတာကို ဝါသနာပါတဲ့သူတစ်ယောက်လား ? ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးက သင့်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘဟ်လိုဓာတ်ပုံဆရာမျိုးက ဘယ်လိုမျိုးမတူညီတဲ့ ရှုထောင့်တွေကနေ လက်စွမ်းပြထားသလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com
၁။ ဒီခွေးလေးကို ကြည့်လိုက်ပါဦး။ အမှတ်တမဲ့ကြည့်မယ်ဆိုရင် ဆပ်ပြာပူဖောင်းထဲက ခွေးလေးလို့ သင့်ကိုအထင်မှားစေမှာပါ။ shwekhitonlinetv.com

၂။ ဒါကတော့ လမ်းလျှောက်နေတဲ့ အဖိုးအိုနဲ့ နံရံပေါ်က ဂရပ်ဖစ်တီပုံရိပ်ကို အထာကျကျ ချိန်သားကိုက်ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒီပုံလေးကတော့ ရယ်ရွှင်ဖွယ်ကောင်းပါလိမ့်မယ်။ မင်္ဂလာပွဲတစ်ခုအတွင်းကို ဇီးကွက်တစ်ကောင်ဖြတ်ပျံချိန်မှာ ရိုက်ကူးမိတဲ့ပုံဖြစ်ပါတယ်။ သတို့သမီးက ဇီးကွက်နဲ့ မင်္ဂလာဆောင်တာတော့ မဟုတ်လောက်ပါဘူးနော်။ shwekhitonlinetv.com

၄။ ဒီပုံကတော့ Super Moon ဖြစ်စဥ်ကို ဒူဘိုင်းက Burj Al Arab Hotel နဲ့ ယှဥ်တွဲပြီး ဆန်းသစ်တဲ့အမြင်ရှုထောင့်ကနေ အကောင်းဆုံး ရိုက်ကူးထားနိုင်တဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဒီပုံကလည်း အတော်လေးကို ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဥ်အနေအထားကို အမိအရရိုက်ကူးထားတဲ့ပုံပဲဖြစ်ပါတယ်။ နဂါးတစ်ကောင် ကောင်းကင်ယံမှာ မီးမှုတ်နေတဲ့ အသွင်ပါပဲနော်။ shwekhitonlinetv.com

၆။ ခြေထောက်မှာ ပုစဥ်းပုံစံတက်တူးထိုးထားတဲ့လူတစ်ယောက်ရဲ့ ခြေထောက်ပေါ်ကိုမှ တိုက်ဆိုင်စွာ ပုစဥ်းတစ်ကောင်လာနားတဲ့အချိန် အမိအရရိုက်ကူးထားတာဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပုစဥ်းရဲ့ပုံရိပ်ထင်ဟပ်နေသယောင်ပါပဲ။ shwekhitonlinetv.com

၇။ ဒီပုံကိုအမှတ်တမဲ့ ကြည့်ပြီး အတော်လေးကို ခေါင်းရှုပ်သွားပါတယ်။ သေချာပြန်ကြည့်မှသာ သာမန် ခွေးမလေးတစ်ကောင်မှန်း သိခဲ့ရပါတယ်။ shwekhitonlinetv.com

၈။ ဒီ ရိုလာကိုစတာကကော အာကာသထဲအထိ ထွက်ခွာသွားတာများလား။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေကို လိုက်ပြီး အကောင်းဆုံးဖန်တီးနိုင်တဲ့ ဓာတ်ပုံဆရာပါပဲနော်။ shwekhitonlinetv.com

၉။ ဒါက နေကြတ်တဲ့ ဖြစ်စဥ် ဖြစ်ပွားနေတာမဟုတ်ပါဘူး။ လူငယ်တစ်ချို့ဘက်စကတ်ဘော ကစာနေချိန်မှာ ချိန်သားကိုက် အမိအရရိုက်ကူး လိုက်နိုင်တဲ့ ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ လေတပ်တစ်ခုရဲ့ စစ်ရေးပြစွမ်းရည်မှာ ငှက်တစ်ကောင်ပါ ပါဝင်နေတာများလား။ ဓာတ်ပုံဆရာရဲ့ ချိန်သားကိုက် ရိုက်ကူးမှုကတော့ လက်ဖျားခါလောက်ပါရဲ့နော်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဓာတ်ပုံဆရာတွေရဲ့ ချိန်သားကိုက်လက်စွမ်းပြရိုက်ကူးထားတဲ့ ရှုမငြီးဖွယ်ဓာတ်ပုံအချို့ပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ်ရာတွေကို ထပ်မံတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော် ….. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။