တစ်ခါတစ်ရံမှာတော့ သဘာဝတရားကြီးရဲ့ မြင်ကွင်းတွေ၊ ဖြစ်စဉ်တွေက ထူးခြားဆန်းကြယ်လွန်းပြီး လူသားတွေရဲ့ အမြင်အာရုံကို အမှန်တစ်ကယ်ပဲ ဖမ်းစားနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ တစ်သက်မှာ တစ်ခါလောက် မြင်တွေ့သွားသင့်တဲ့ သဘာဝတရားရဲ့ ထူးခြားလှပတဲ့ မြင်ကွင်းဓာတ်ပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ ဒီပုံလေးကိုတော့ အီတလီနိုင်ငံက ဓာတ်ပုံဆရာတစ်ဦးကရိုက်ကူးခဲ့တာဖြစ်ပြီး ဒီပုံရဲ့အမည်ကိုတော့ နေမင်းရဲ့အနမ်းတစ်ပွင့် “A Kiss of the sun” လို့ ပေးထားပါတယ်။ shwekhitonlinetv.com

၂။ ဒါကတော့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တစ်နေရာမှာ တိမ်ထူထပ်ပြီး ကွက်ကျားမိုးရွာသွန်း နေတဲ့ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အမေရိကန်နိုင်ငံ ပို့တ်လန်းပြည်နယ်က နေရာတစ်ခုရဲ့ ဆောင်းဦးရာသီ မြင်ကွင်းအလှဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ မိုးရွာနေချိန် မှာ မှိုပွင့်လေးအောက် မိုးဝင်ခိုနေရှာတဲ့ ငှက်ကလေးကိုကြည့်ရတာ ငယ်စဉ်ကကြည့်ခဲ့ဖူးတဲ့ တိုးတိုးရော (တိုတိုရို) ကာတွန်းလေးကို အမှတ်ရစရာပါပဲ။ shwekhitonlinetv.com

၅။ မြူခိုးတွေဆိုင်းနေချိန် မြင်တွေ့ရတဲ့ ဒိန်းမတ်နိုင်ငံက လေရဟတ်တွေကလည်း တစ်မျိုးတစ်ဖုံ ကြည့်လို့ကောင်းနေတာအမှန်ပါပဲ။ shwekhitonlinetv.com

၆။ ဒီလိုမျိုး အာရုံတက်ချိန်ရဲ့ အလှမြင်ကွင်းကို တစ်သက်မှာတစ်ခါလောက်တော့ ခံစားကြည့်ဖူးချင်မိတာအမှန်ပါပဲ ပရိသတ်ကြီးရေ။ shwekhitonlinetv.com

၇။ ထူးခြားတဲ့ အရောင်အဆင်း အသွေးအမွေး နဲ့ ဒီကြောင်ကလေးကလဲ ရုတ်တရက်ကြည့်မယ်ဆိုရင် ကျားဖြူလေးလို့ ထင်ချင်စရာပါ။ shwekhitonlinetv.com

၈။ ဒီပုံလေးကိုတော့ ဓာတ်ပုံဆရာက “Ancient Horrors” လို့အမည်ပေးထားပါတယ်။ ဒီပုံကိုကြည့်ပြီး အတိတ်ကထိတ်လန့်ကြောက်ရွံ့ဖွယ် ပုံရိပ်တွေထင်ဟပ်နေလို့ အခုလိုအမည်ပေးခဲ့လေသလားတော့ မပြောတက်ပါဘူး။ shwekhitonlinetv.com

၉။ ဒီပုံကတော့ အီတလီနီုင်ငံ ဂျီနိုအာဆိပ်ကမ်းမြို့ကလေးဆီကို လေဆင်နှာမောင်းတစ်ခုရွေ့လျားလာချိန်မှာ အမိအရရိုက်ကူးထားတဲ့ ပုံလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဒီပုံလေးကတော့ ဆွီဒင်နိုင်ငံရဲ့ တစ်နေရာက ဆောင်းရာသီ မြင်ကွင်းဖြစ်ပါတယ်။ အတော်လေးကို လွမ်းမော ဆွေးမြည့်ဖွယ်ရာကောင်းတဲ့ မြင်ကွင်းလေးလဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီပုံလေးတွေထဲက ရွှေခေတ်ပရိသတ်တွေအနေနဲ့ ဘယ်ပုံကို သဘောအကျဆုံးလဲ ဆိုတာလဲ ကွန်းမန့်မှာ ပြောပြပေးသွားခဲ့ပါဦးနော်။ နောက်ထပ်လည်းဒီထက်စိတ်ဝင်စားဖွယ်အကြောင်း အရာလေးတွေရှာဖွေတင်ဆက်ပေးသွားပါဦးမယ်နော်။ shwekhitonlinetv.com
(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။)