ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးတဲ့သူတွေဟာ လည်းသာမန်လူသားတွေပဲဖြစ်ပါတယ်။ လောကမှာလူဆိုတာ အမှားနဲ့မကင်းကြတဲ့ သဘောသဘာဝရှိတာမို့လို့ သူတို့ဟာလည်း အနည်းနဲ့အများဆိုသလို အမှားတွေလုပ်ခဲ့ကြပါတယ်။
ဒီနေရာမှာ တစ်ချို့အမှားတွေက မသိသာပေမယ့် တစ်ချို့အမှားတွေကတော့ သိသာလွန်းပြီး ရယ်ရွှင်ဖွယ်ကောင်းလွန်းပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်ဇာတ်ကား အချို့ရဲ့ ဟာသဆန်ဆန် မှားယွင်းပေါ့ဆမိခဲ့တဲ့ ဇာတ်ဝင်ခန်းအချို့အကြောင်း တင်ဆက်ပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ Game of Thrones

Game of Throne ဆိုတဲ့ ဇာတ်ကားက အလယ်ခေတ်ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ပုံတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ စီးရီးဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရယ်ရွှင်ဖွယ်အမှားတစ်ခုအနေနဲ့ ဒီကားရဲ့ဇာတ်ဝင်ခန်းတစ်ခုမှာ ဒီဘက်ခေတ်နာမည်ကျော် Starbuck ကော်ဖီခွက်ကို စားပွဲပေါ်တင်ထားတာကို မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Pirates of the Caribbean

နာမည်ကျော် ဇာတ်ကားတစ်ကားဖြစ်တဲ့ Pirates of the Caribbean မှာလည်း ကပ္ပတိန် ဂျက်စပဲရိုးရဲ့ သင်္ဘောပေါ်ကို Cow Boy ဦးထုပ်နဲ့ အထာကျကျ သင်္ဘောသားတစ်ဦးရောက်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ The Usual Suspect

ဒီဇာတ်ကားရဲ့ လွဲချော်မှုကတော့ အတော်လေးကို ရုပ်ပေါက်တယ်လို့ဆိုနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ Boeing (747) လေယာဉ်ကြီးဟာ လေယာဉ်ကွင်းကပျံတက်သွားချိန်မှာ အင်ဂျင် (၄) ခုပါဝင်ပေမယ့် နောက်ထပ်တစ်ခန်းကို ရိုက်ပြချိန်မှာတော့ အင်ဂျင် (၂) လုံးသာကျန်ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Game of Thrones

ဒါကလည်း Game of Thrones ဇာတ်ကားထဲကနောက်ထပ်အမှားတစ်ခုဖြစ်ပါတယ်။ ပုံထဲမှာ ပြထားသလိုထိုင်ခုံမှာထိုင်နေတဲ့ အစွန်ဆုံးလူရဲ့ ခြေထောက်နားမှာ ပလက်စတစ် သောက်ရေသန့်ဘူးလေး ထောင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Dallas Buyers Club

ဒီဇာတ်လမ်းကလည်း ၁၉၈၀ ခုနှစ်တွေလောက်က အချိန်တွေကို ပြန်ပြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ အနောက်က လန်ဘော်ဂီနီ ကားအမျိုးအစားပုံ ပိုစတာကြီးကို ဖြုတ်ဖို့မေ့သွားပုံပါပဲ။ shwekhitonlinetv.com
၆။ The Simpsons

ဒီကာတွန်းကားလေးမှာလည်း အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Homer နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Marge ကိုပုံပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာ Marge က သူ့တို့ရဲ့ ရင်သွေးလေး Maggie ရဲ့ ကိုယ်ဝန်ကိုလွယ်ထားရချိန်ဖြစ်ပေမယ့် နောက်ကနံရံပေါ်မှာတော့ Maggie ရဲ့ ဓာတ်ပုံကြီးချိတ်ဆွဲထားတာ ဖြစ်ပါတယ်။ သူတို့မွေးမယ့်ကလေးက ပုံကိုကြိုသိနေကြတာလားပဲနော် … shwekhitonlinetv.com
၇။ Bad Boy

ဒီဇာတ်လမ်းရဲ့ ဖိုက်တင်ခန်းတစ်ခုမှာတော့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ရဲ့ ကင်မရာမန်းအချို့ကိုပါ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဖြတ်၊ ညှပ်၊ ကပ် လုပ်ဖို့မေ့ခဲ့တယ်ထင်ပါရဲ့ … shwekhitonlinetv.com
၈။ Inglourious Basterds

ဒီဇာတ်ကားမှာတော့ ဂျာမန်တပ်ကြပ်ကြီး Werner Rachtman ရဲ့ ရင်ထိုးတံဆိပ်အပြောင်းအလဲကို သိသိသာသာမြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမပုံမှာ ဘယ်ဘက်အိပ်ကပ်ပေါ်မှာ ဘာမှမရှိပေမယ့် ဒုတိယပုံမှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ရင်ထိုးတံဆိပ်တစ်ခုကို ဘယ်ဘက်အိပ်ကပ်ပေါ်မှာတွေ့မြင်ရ မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Game of Thrones

Game of Thrones ဇာတ်ကားက အလယ်ခေတ်အစောပိုင်းကာလတွေကို အခြေခံပေမယ့် အတော်ခေတ်မီတဲ့ ဇာတ်ကားလို့ ဆိုရမလိုပါပဲ။ ဒီဇာတ်ဝင်ခန်းမှာလည်း သစ်ပင်ကိုမှီပြီး လဲကျနေသူရဲ့ ခြေထောက်နားမှာ ဘာအတွက်မှန်း သေချာမသိတဲ့ အားသွင်းတုံး (Charging) တစ်ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။