မှော်ဆရာတွေဆိုတာကတော့ သာမန်လူတွေထက်တော့ ပိုပြီးထူးဆန်းတဲ့ အစွမ်းတွေရှိသလို အလိုရှိတဲ့ အရာအတော်များများကိုလည်းဖန်တီးလုပ်ယူနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့အစွမ်းထက်လှပါတယ် ဆိုတာက သဘာဝတရားကြီးနဲ့ ယှဉ်တဲ့အခါမှာတော့ ဘာမှမပြောပလောက် တော့ဘူးဆိုတာကို အခုတစ်ခေါက်တင်ဆက်ပေးသွားမယ့် ပုံလေးတွေက အကောင်းဆုံးသက်သေ ပြလို့နေပါတယ်။ အဲ့ဒီအရာတွေကတော့ … shwekhitonlinetv.com
၁။ ဒီ မုန်လာဥနီလေးကတော့ အတော်လေးကို ဖော်ရွေပြီးနှစ်လိုဖွယ်ကောင်းမယ့်ပုံပါပဲ ပရိသတ်ကြီးရေ … ကြည့်ပါဦး သူပုံစံက Nice To Meet You ဆိုတဲ့အထာနဲ့ လက်ကမ်းနှုတ်ဆက်နေသလိုပဲနော် ။ shwekhitonlinetv.com

၂။ ပုံမှန်ဆိုရင်တော့ ကြက်သွန်နီတွေက လူသားတွေကို ငိုအောင်လုပ်နိုင်တဲ့သူတွေပါ။ ဒါပေမယ့် ဒီတစ်ခုကတော့ သူကိုယ်တိုင်ပါ ဝမ်းနည်းငိုကြွေးနေပါတယ်။ သူ့မှာ ဘယ်လို ဝမ်းနည်းနာကျင် စရာကိစ္စတွေများရှိနေလို့ပါလိမ့်။ shwekhitonlinetv.com

၃။ ချစ်စရာကောင်းပြီး အပျင်းထူလွန်းတဲ့ စလော့ (Sloth) ဆိုတဲ့ သတ္တဝါလေးတွေကိုတော့ ရွှေခေတ်ပရိသတ်တွေ မြင်ဖူူူးကြမယ်ထင်ပါတယ်။ ဒီအာလူးရဲ့ ပုံသဏ္ဍာန်ကလည်း ရုတ်တရက်ကြည့်လိုက်ရင် ခေါင်းကြီးကြီးနဲ့ စလော့လေးက ကိုယ့်ကိုလှမ်းပြုံးပြနေ သလိုပါပဲ။ shwekhitonlinetv.com

၄။ လက်သီးစုပ်ထားတဲ့ ပုံသဏ္ဍာန်ရှိတဲ့ ဒီငရုတ်သီးလေးကလည်း တစ်ကမ္ဘာလုံးမှာ တစ်ခုပဲရှိနိုင်လောက် အောင်ကို ထူးခြားနေတာဖြစ်ပါတယ်။ ဒါပေမယ့် လက်သီးကြီးကတော့ အတော်အားပြင်းမယ့် ပုံစံပါပဲနော်။ shwekhitonlinetv.com

၅။ ဝိုး … အပေါ်က ငရုတ်သီးလေးရဲ့ ပြိုင်ဘက်ကိုတွေ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် အနေအထားကလည်း အတော်လေးကို အထာကျလွန်းတာ အမှန်ပါပဲ။ shwekhitonlinetv.com

၆။ ဒီ သံပယိုသီး (Lemon) လေးကတော့ ချစ်စရာကောင်းလှသလို ပန်းပုဆရာတစ်ယောက်က တမင်တကာ ဆင်လေးတစ်ကောင်ပုံ ထုလုပ်ထားသလားလို့ အောက်မေ့ရလောက်အောင်ကို အဆစ်အပေါက်ကျ လို့နေပါတယ်။ shwekhitonlinetv.com

၇။ ဒီဖရုံသီးလေးကိုမြင်တော့ ငယ်ငယ်ကကြည့်ဖူးတဲ့ ကာတွန်းကားထဲက စကားများလွန်းတဲ့ ဘဲကလေးကိုတောင် သွားသတိရမိပါတယ်။ ဘယ်လိုကြောင့်များ ဒီလို ပုံသဏ္ဍာန် သီးပွင့်လာရသလဲ ဆိုတာ သိချင်လိုက်တာနော် … shwekhitonlinetv.com

၈။ ချစ်ဖို့ကောင်းလွန်းတဲ့ ယုန်ကလေးတစ်ကောင် ပုံပေါက်နေတဲ့ ထူးထူးခြာခြား ခရမ်းချဉ်သီးလေးပါလား။ ဟင်းချက်ဖို့အတွက် ဟင်းအိုးထဲတောင် မထည့်ရက်တော့ပါဘူး ကလေးရယ် … shwekhitonlinetv.com

၉။ အပေါ်က ယုန်ကလေးလိုပဲ ဒီလိပ်ပြာလေးကိုလည်း ဘယ်လိုစားဖိုမှုးကမှ ဟင်းချက်ပစ်မယ်လို့ မထင်ပါဘူး။ လိပ်ပြာတစ်ကောင်မှာ ပါရှိရမယ့် အစိတ်အပိုင်းတွေအတိုင်း တူလွန်းနေတာကို တော့မအံ့သြဘဲ မနေနိုင်တာ အမှန်ပါ။ shwekhitonlinetv.com

၁၀။ နောက်ဆုံးဖော်ပြပေးချင်တဲ့ တစ်ပုံကလည်း အတော်လေးကို ထူးဆန်းလို့နေပါတယ်။ ဒီနေကြာပန်းလေးရဲ့ ရယ်ပြုံးနေတဲ့ ပုံသဏ္ဍာန်က လူလုပ်ထားတာမဟုတ်ဘဲ သဘာဝအတိုင်းအစေ့ တွေရဲ့အရောင်ကွဲပြားမှုကတစ်ဆင့် ဖြစ်ပေါ်လာတာလို့ သိရပါတယ်။ shwekhitonlinetv.com

ဒီပုံလေးတွေအကုန်လုံးက သမရိုးကျမျိုးစေ့တွေကနေစိုက်ပျိုးပြီး ထူးခြားတဲ့ ပုံသဏ္ဍာန်အသီးအပွင့်တွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရွှေခေတ်ပရိသတ်တွေထဲမှာလည်း စိုက်ပျိုးရေး ဝါသနာပါသူတွေ ရှိတယ်ဆိုရင် မိမိတို့စိုက်ခင်းက သီးနှံစားပင်ပုံလေးတွေ မန့်သွားပေးလို့ ရပါတယ်နော် … shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။