ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တာကတော့ သဘာဝတရားကြီးက ဖန်တီးပြုလုပ်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေပဲဖြစ်ပါတယ်။ ဘယ်လိုအံ့သြဖွယ်ရာ အရာတွေများဖြစ်မလဲဆိုတာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် ……shwekhitonlinetv.com
၁။ ဒီသစ်ဥ သစ်ဖုလေးတစ်ခုကတော့ ပုရွက်ဆိတ်တစ်ကောင်ရဲ့ ပုံသဏ္ဍာန်ဖြစ်တည်နေပါတယ်။ ဘယ်အပင်ရဲ့ အစိတ်အပိုင်းများဖြစ်မလဲဆိုတာသိရင်ပြောပြပေးသွားဦးနော် …shwekhitonlinetv.com

၂။ ဒါကတော့ အိန်ဂျလာ ငါးတစ်ကောင်ရဲ့ပုံသဏ္ဍာန်နဲ့တူညီနေတဲ့ ထူးထူးဆန်းဆန်းမုန်လာဥကြီးဖြစ်ပါတယ်။shwekhitonlinetv.com

၃။ ဒီရေခဲတုံးလေးကနေ သဘာဝအတိုင်းဖြစ်တည်နေတဲ့ ပုံသဏ္ဍာန်လေးကလဲ တောအုပ်လေးတစ်ခုနဲ့တောင် ဆင်တူနေပါရဲ့။shwekhitonlinetv.com

၄။ အမယ် ဒီသစ်ပင်ကြီးက နားရွက်တွေဘာတွေနဲ့နော် …shwekhitonlinetv.com

၅။ ဝိုးးး …. ဒီသစ်ပင်ကြီးကကျတော့လည်း နှာခေါင်းပါရှိနေပါတယ်။shwekhitonlinetv.com

၆။ ဒီပိုးတောင့်မာကလည်း ထူးထူးဆန်းဆန်း လူမျက်နှာပုံပေါ်နေပါတယ်။shwekhitonlinetv.com

၇။ ဒါကတော့ ပေါက်ပေါက်ဆုပ်နဲ့ တူတဲ့ မှိုပွင့်လေးပဲဖြစ်ပါတယ်။shwekhitonlinetv.com

၈။ ဒီကန်စွန်းဥကလည်း ထူးထူးဆန်းဆန်းလက်ချောင်းပုံ ပေါ်နေပါတယ်။ လက်သည်းခွံလိုပုံသဏ္ဍာန် လေးတောင် ထိပ်မှာပါသေးတယ်နော်။shwekhitonlinetv.com

၉။ ဒီပုံကို အမှတ်တမဲ့ ကြည့်ရင်ကားပေါ်မှာ တာဝါတစ်ခုတင်ထားတယ်လို့ထင်မိမှာအမှန်ပါပဲ။ ဒါပေမယ့်သေချာကြည့်ရင်တော့ တာဝါတစ်ခုမဟုတ်ဘဲ ဆီးနှင်းတွေဆိုတာ သင်တွေ့ရပါလိမ့်မယ်။shwekhitonlinetv.com

၁၀။ ဒါကတော့ ရေခဲနေတဲ့ ကျောက်တုံးတစ်တုံးဖြစ်ပါတယ်။ သူ့ရဲ့ပုံသဏ္ဍာန်က လူတစ်ယောက်ရဲ့ နှလုံးနဲ့တူနေပါတယ်။ တမင်ဖန်တီးထားတာလား သဘာဝအတိုင်းဖြစ်နေတာလားဆိုတာတော့ ဝေခွဲမရအောင်ပါပဲ။shwekhitonlinetv.com

၁၁။ ပင်လယ်ရေတံခွန်လို့ခေါ်ကြတဲ့ ဒီအရာလေးရဲ့ ပုံစံကတော့ Kenny McCormick ဆိုတဲ့ Animation ကာတွန်းဇာတ်ကောင်လေးနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။shwekhitonlinetv.com

၁၂။ ဒါကတော့ အိုပယ်လို့ခေါ်တဲ့ကျောက်တစ်မျိုးဖြစ်ပါတယ်။ သူ့မှာပေါ်နေတဲ့ပုံကတော့ နှင်းကျနေတဲ့တောအုပ်ကလေးတစ်ခုနဲ့ အလားသဏ္ဍာန်တူနေပါတယ်။shwekhitonlinetv.com

၁၃။ ဒီသစ်ပင်ရဲ့အမြစ်ကလည်း အရည်ပျော်ကျနေတဲ့ပုံသဏ္ဍာန် ဘာကြောင့်ဖြစ်တည်နေလဲဆိုတာကို စဉ်းစားလို့မရအောင်ပါဘဲ။shwekhitonlinetv.com

၁၄။ ဒါကအသားကင်နေတာမဟုတ်ပါဘူး။ အသားတုံးပုံစံ ကျောက်စရစ်တုံးတစ်တုံးကို ထင်ယောင်ထင်မှား ဖြစ်အောင် အသားကင်တဲ့ဖိုပေါ်တင်ထားတာဖြစ်ပါတယ်။shwekhitonlinetv.com

၁၅။ ဒီပန်းလေးတွေရဲ့ ပုံသဏ္ဍာန်ကတော့ 3D ကာတွန်းကားတွေထဲက မျက်မှန်တပ်ထားတဲ့ ကြက်အုပ်စုလေးနဲ့ သွားတူနေပါတယ်။shwekhitonlinetv.com

ကဲ …… ပုံလေးတွေအားလုံးကို ကြည့်ရှုပြီးသွားပြီဆိုရင်တော့ ဘယ်တစ်ပုံကို သဘောကျအနှစ်သက်ဆုံးလဲ ဆိုတာကို ပြောပြပေးသွားဦးနော် …..shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။