Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တန်ဖိုးကြီး ပစ္စည်းတွေကို မမျှော်လင့်ပဲ ရှာဖွေတွေ့ရှိရာကနေ ချမ်းသာသွားသူ တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်လေ ကံတရားက မျက်နှာသာပေးခြင်းကို ခံရတဲ့အခါ ဘယ်လိုတောင် ကံကောင်းသွားကြလဲဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁ ။ ကိုကာ ကိုလာ ရှယ်ယာ များ
Tony Marohn ဆိုတဲ့ အမျိုးသားဟာ ( ၂၀၀၈ ) ခုနှစ်တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်က ဓာတ်ဆီဆိုင် တစ်ဆိုင်မှာ ရေနံ စတော့ ရှယ်ယာ အဟောင်းတွေ ထည့်ထားတဲ့ သေတ္တာတစ်ခုကို ( ၅ ) ဒေါ်လာ နဲ့ ဝယ်ယူခဲ့ပါတယ် ။ ဒီလိုနဲ့ သူ့အိမ်ရောက်ပြီး စာရွက်တစ်ရွက်ချင်းစီကို ကြည့်လိုက်တဲ့အခါမှာတော့ Palmer Union ရေနံ ကုမ္ပဏီရဲ့ အစုရှယ်ယာ စာရွက်ပေါင်း ( ၁၆၅၀ ) ကို ရှာတွေခဲ့ပါတော့တယ် ။ shwekhitonlinetv.com


မှတ်တမ်းတွေအရ ( ၁၉၇၇ ) ခုနှစ် မှာ Palmer ရေနံ နဲ့ ကိုကာ ကိုလာ တို့ဟာ ကုမ္ပဏီနှစ်ခုချင်း အကျိူးတူ ပူပေါင်းထားတာကြောင့် Tony Marohn မှာရှိတဲ့ အစုရှယ်ယာတွေဟာ ဒေါ်လာ ( ၁.၈ ) မီလျံတန်တဲ့ ကိုကာကိုလာ ရှယ်ယာတွေ ဖြစ်လာခဲ့ပါတယ် ။ နောက်ထပ် စာရင်းတွေအရ Tony ပိုင်ဆိုင်ထားတဲ့ ကိုကာကိုလာ ရှယ်ယာ ပမာဏဟာ ယနေ့ ပေါက်စျေးနဲ့ ဆိုရင် ဒေါ်လာ ( ၁၃၀ ) မီလျံ အထိကို တန်ကြေးရှိတာပါ ။ shwekhitonlinetv.com


၂ ။ သဘာ၀ ပုလဲ တုံးကြီး
ဖိလစ်ပိုင် ငါးဖမ်းသမား တစ်ယောက်ဟာ Palawan ကျွန်း အနားမှာ ငါးဖမ်းအပြီး ကျောက်ဆူးကြိုးကို နှုတ်လိုက်တဲ့အခါမှာတော့ ကျောက်တုံးတွေ ကြားထဲကနေ ပုလဲ တုံးကြီးကို ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။ သူတွေ့ခဲ့တဲ့ ပုလဲလုံးကြီးရဲ့ အလေးချိန်ဟာ ၃၄ ကီလိုဂရမ် ရှိပြီး ငါးဖမ်းသမားကြီးကတော့ သူ တွေ့ခဲ့တဲ့ ပုလဲ တုံး ကြီးရဲ့ တန်ဖိုးကို မသိရှာပဲ အိပ်ယာအောက်ထဲမှာ ( ၁၀ ) နှစ်ကျော်ကြာ ဖွက်ထားခဲ့တာပါတဲ့ ။ နောက်ပိုင်းမှသာ ဒီပုလဲလုံးကြီးကို ထုတ်ပြခဲ့တာဖြစ်ပြီး တန်ဖိုးကို တွက်ချက်ကြည့်လိုက်တဲ့ အခါ မှာတော့ ဒေါ်လာ ( ၃၆ မီလျံ ) တန်ကြေး ရှိမှန်း သိသွားရပါတော့တယ် ။ shwekhitonlinetv.com



၃ ။ နီကိုလပ်စ် ( ၂ ) ရုပ်တု အသေးစား
နယူးယောခ့် မြို့မှာ နေထိုင်တဲ့ George နဲ့ Betty Davis တို့ဟာ အိမ်ထပ်ခိုးကို ရှင်းလင်းရေး လုပ်ရာကနေ တန်ဖိုးရှိမယ်လို့ ထင်ရတဲ့ အရုပ်လေး တစ်ရုပ်ကို ရှာတွေ့ခဲ့ပါတယ် ။ တစ်ကယ်လည်း ဒီအရုပ်လေးဟာ တန်ကြေး ရှိပြီး Fabergé ရတနာ လုပ်ငန်းတစ်ခုက ရုရှားဘုရင် နီကိုလပ်စ် ( ၂ ) အတွက် ဖန်တီးပေးထားတဲ့ ပုံစံတူ အရုပ်ကလေးပဲ ဖြစ်ပါတယ် ။ George နဲ့ Betty တို့ဟာ ထို အရုပ်ကလေးကို လေလံတင်ခဲ့ပြီး ဒေါ်လာ ( ၅.၂ ) မီလျံ နဲ့ ရောင်းချခဲ့ပါတယ် ။ shwekhitonlinetv.com



၄ ။ ( ၁၉၁၇ ) ခုနှစ်ထုတ် ဝီစကီ
နောက်ထပ် ကံကောင်းသူတစ်ယောက်ကတော့ Bryan Fite ဆိုတဲ့ အမျိူးသားတစ်ယောက်ပဲ ဖြစ်ပါတယ် ။ Bryan ဟာ သူ့ရဲ့ အိမ်ထပ်ခိုးမှာ ဝှက်ထားတဲ့ ( ၁၉၁၇ ) ခုနှစ်ထုတ် ဝီစကီ ပုလင်း ( ၁၃ ) လုံးကို ရှာတွေ့ခဲ့တာပါ ။ ကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုအရ ထိုဝီစကီ ပုလင်းတွေရဲ့ ကာလ ပေါက်စျေးဟာ ဒေါ်လာ ( ၂.၆ ) မီလျံတန်ကြေး ရှိတယ်လို့ ပြောခဲ့ပါတယ် ။ ဒါပေမယ့် ထူးဆန်းတာက Bryanဟာ ထို ဝီစကီ ပုလင်းတွေကို လုံး၀ မရောင်းချဘူးလို့ ပြောကြားခဲ့ပြီး သူ့ ရဲ့ သူငယ်ချင်း ဖြစ်သူတွေနဲ့သာ အတူသောက်ဖို့ စီစဉ်ခဲ့ပါတယ်တဲ့ ….. shwekhitonlinetv.com



၅ ။ ( 1974 ) ခုနှစ်က အကြွေစေ့လေး တစ်ပြား
Robert Lawrence လို့ ခေါ်တဲ့ အမျိုးသားဟာ သူ့မိဘတွေ ပိုင်ဆိုင်တဲ့ အကြွေစေ့ဘူးလေးကို အမွေ ရရှိခဲ့ပါတယ် ။ ဒီအထဲမှာမှ Robert ဟာ ( ၁၉၇၄ ) ခုနှစ် ထုတ် အကြွေစေ့လေးတစ်စေ့ကို တွေ့ရှိခဲ့ပြီး အစပိုင်း စျေး သတ်မှတ်ကြည့်တဲ့အခါ ဒေါ်လာ ( ၃၀၀ ) သာ တန်ကြေး ရှိခဲ့ပါတယ် ။ ဒါပေမယ့် သေချာ လေ့လာကြည့်တဲ့ အခါမှာတော့ ထိုအကြွေစေ့လေး ဟာ အလှုမီနီယမ် နဲ့ လုပ်ထားကို တွေ့ရှိခဲ့တဲ့အခါမှာတော့ အကြွေစေ့လေးရဲ့ ဒေါ်လာ ( ၂ ) သန်း အထိ ရှိတဲ့ တန်ကြေးကို ခုန်တက်သွားပါတော့တယ် ။ shwekhitonlinetv.com



၆ ။ ဗင်းဆင့် ဗန်ဂိုး ရဲ့ ပန်းချီကား
အခုတစ်ခေါက် ပြောပြပေးမှာကတော့ မထင်မှတ်ပဲ ကံကောင်းမှုတွေ ရသွားခဲ့တဲ့ စုံတွဲ တစ်တွဲ အကြောင်းပဲ ဖြစ်ပါတယ် ။ ၀စ္စကွန်းဆင်း ပြည်နယ်မှာ နေထိုင်တဲ့ စုံတွဲ တစ်တွဲဟာ နာမည်ကြီး ပန်းချီဆရာ ဗင်းဆင့် ဗန်ကိုး ရဲ့ Vase With Red Poppies အမည်ရှိ ပန်းချီကား ပုံတူ တစ်ခုကို လက်ဆောင် ရရှိခဲ့ပါတယ် ။ သူတို့ လက်ဆောင် ရခဲ့တဲ့ ပုံတူ ပန်းချီကားဟာ မူရင်း ပန်းချီပုံစံ နဲ့ အတော်လေးကို တူလွန်းတာကြောင့် ကျွမ်းကျင်တဲ့ ပညာရှင် တစ်ယောက်ကို ခေါ်ယူပြီး စစ်ဆေးစေခဲ့ပါတယ် ။ စစ်ဆေးကြည့်ပြီးတဲ့အခါမှာတော့ သူတို့ လက်ဆောင်ရခဲ့တဲ့ ပန်းချီကားဟာ ၁၈၈၆ ခုနှစ်က ဗင်းဆင့် ဗန်ဂိုး ရေးဆွဲခဲ့တဲ့ ပန်းချီကား အစစ်ဖြစ်ပြီး ယနေ့ခေတ် တန်ကြေးအရ ဒေါ်လာ ( ၁.၄ ) သန်း တန်ကြေးရှိတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com



အခုဖော်ပြပေးခဲ့တာကတော့ မမျှော်လင့်ပဲ တန်ဖိုးကြီး အရာတွေကို တွေ့ရှိခဲ့တဲ့ ကံအကောင်းဆုံး လူတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com