ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကျော် ဘောလုံးကစားသမား တစ်ယောက် ဖြစ်တဲ့ ရော်နယ်လ်ဒို ရဲ့ ငယ်ဘ၀ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဒို ရဲ့ ငယ်ဘ၀ အကြောင်းအရာလေးတွေထဲက လူတိုင်းမသိလောက်သေးတဲ့ အကြောင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com
၁ ။ ရော်နယ်လ်ဒို နာမည်အရင်း
ဘောလုံးချစ် ပရိသတ်တွေ နဲ့ သူ့ရဲ့ Fan တော်တော်များများ က ခရစ်စတီယာ ရော်နယ်လ်ဒို လို့ပဲ သိကြတာပါ ။ တစ်ကယ်တော့ ရော်နယ်လ်ဒို ရဲ့ နာမည် အရှည်ကောက်က Cristiano Ronaldo dos Santos Aveiro လို့ အမည်ရပါတယ် ။ ဒီနာမည်ကို ပေးရတဲ့ အကြောင်းအရင်းကတော့ ရော်နယ်လ်ဒို ရဲ့ ဖခင်ဖြစ်သူဟာ သူသဘောကျခဲ့တဲ့ အမေရိကန် သမ္မတဟောင်း တစ်ဦးဖြစ်သူ Ronald Regan ရဲ့ နာမည်ကို အစွဲပြုပြီး ပေးထားတာဖြစ်ပါတယ်တဲ့ …. shwekhitonlinetv.com
၂ ။ ရော်နယ်လ်ဒို မွေးနေ့နဲ့ မိသားစု ကိုယ်ရေး အကျဉ်း
ရော်နယ်လ်ဒို ရဲ့ မွေးနေ့ကတော့ ( ၁၉၈၅ ) ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၅ ) ရက်နေ့ဖြစ်ပြီး မွေးချင်း မောင်နှမ ( ၄ ) ယောက်ထဲ မှာ အငယ်ဆုံးသားလည်း ဖြစ်ပါတယ် ။ ဖခင် နာမည်ကတော့ Jose ဖြစ်ပြီး ဥယျာဉ်မှုး တစ်ယောက်ဖြစ်သလို ဘောလုံးသမား အဖြစ်လည်း ကစားခဲ့သူ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူ Maria ကတော့ မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေ ရှာနိုင်ဖို့ အတွက် အိမ်အကူ ၊ ထမင်းချက် အလုပ်ကို ညမနက်ခင်အထိ လုပ်ကိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၃ ။ ရော်နယ်လ်ဒို ရဲ့ အမည်ပြောင်
ရော်နယ်လ်ဒို တစ်ယောက် အရွယ်ရောက်လာတဲ့ အခါ ဘောလုံးကွင်းထဲမှာ သူ့ကို ခေါ်ကြတဲ့ အမည်ပြောင်တွေကတော့ “cry baby” နဲ့ “Little Bee” လို့ ခေါ်ကြပါတယ်တဲ့ ။ Cry Baby လို့ ခေါ်ရတဲ့ အကြောင်းရင်းက ရော်နယ်လ်ဒို ဟာ ငယ်စဉ်ကတည်းက သူဖြစ်ချင်တဲ့ ပုံစံအတိုင်း ဖြစ်မလာဘူးဆိုရင် မကြာခဏ ငိုတတ်လေ့ ရှိလို့ပဲ ဖြစ်ပါတယ် ။ တစ်ခြားသော ကလေးတွေက ဘောလုံးကွင်းထဲမှာ မပြေလည်ရင် အချင်းချင်း တိုက်ခိုက်လေ့ရှိပေမယ့် ရော်နယ်လ်ဒို တစ်ယောက်ကတော့ အသင်းဖော်တွေနဲ့ သဘောထားကွဲလွဲတဲ့အခါတိုင်း မကြာခဏဆိုသလို ငိုလေ့ရှိပါတယ်တဲ့ ။ shwekhitonlinetv.com
နောက်ထပ် နာမည်ပြောင်တစ်ခုဖြစ်တဲ့ “Little Bee” လို့ ခေါ်ရတဲ့ အကြောင်းကတော့ ကွင်းထဲမှာ ဘောလုံးကစားတဲ့ အခါတိုင်း ပျားတစ်ကောင်လို လျှင်မြန်စွာ လှုပ်ရှားနိုင်လို့ပဲ ဖြစ်ပါတယ် ။ ဘောလုံးက သူ့ခြေထဲရှိနေတဲ့ အချိန်မှာတော့ အရှိန်ကို အနည်းငယ် လျော့ချပြီး Skill သုံးကာ ပြိုင်ဘက်အသင်းကို ထိုးဖောက်တတ်သူ တစ်ယောက် ဖြစ်သွားပါတော့တယ် ။ shwekhitonlinetv.com
၄ ။ ရော်နယ်လ်ဒို ရဲ့ ငယ်သူငယ်ချင်း
ရော်နယ်လ်ဒို က သူအခုလို အောင်မြင်လာရတဲ့ အကြောင်းအရင်း နောက်ကွယ် တွေထဲမှာ ငယ်သူချင်းဖြစ်သူ Albert Fantrau နဲ့လည်း သက်ဆိုင်တယ်လို့ ပြောကြားဖူးပါတယ် ။ အကြောင်းကတော့ ရော်နယ်လ်ဒို ငယ်စဉ်တုန်းက ဘောလုံးအကယ်ဒမီ တစ်ခုဟာ သူ့ရဲ့ သူငယ်ချင်း ဖြစ်သူ Albert Fantaru ကို ရွေးချယ်ခဲ့ပေမယ့်လည်း Albert က ငြင်းပယ်ခဲ့တာကြောင့် ရော်နယ်လ်ဒို ကိုပဲ အကယ်ဒမီက ရွေးချယ်လိုက်ပါတော့တယ် ။ ဒီအချိန်မှာ ရော်နယ်လ်ဒိုက “ မင်းဘာကြောင့် ငြင်းလိုက်တာလဲလို့ ” မေးလိုက်ချိန်မှာတော့ သူငယ်ချင်းဖြစ်သူ Albert ကဖြေခဲ့တာကတော့ “ မင်းက ငါ့ထက် ပိုကောင်းပါတယ် ” လို့သာ ရိုးရိုးလေး ဖြေခဲ့ပါတယ်တဲ့…. shwekhitonlinetv.com
၅ ။ ငယ်စဉ်ကတည်းက Ferrari ကားဝယ်ဖို့ စိတ်ကူးခဲ့တဲ့ ရော်နယ်လ်ဒို
ရော်နယ်လ်ဒို တစ်ယောက် Sporting အကယ်ဒမီမှာ တက်ရောက်နေစဉ် တစ်နေ့မှာတော့ အပြစ်ပေးခံရပြီး အပြစ်ဒဏ်ကတော့ အမှိုက်ပုံး သယ်ပြီး အမှိုက် ပစ်ရတာပဲ ဖြစ်ပါတယ် ။ ဒါကို သူ့ရဲ့ အသင်းဖော်တွေ မြင်ပြီး ရော်နယ်လ်ဒိုကို လှောင်ပြောင် ရယ်မောချိန်မှာတော့ ရော်နယ်လ်ဒိုက “ တစ်နေ့ကျရင် ငါ က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာမှာ ပြီးရင် Ferrari ကားတွေ အများကြီးလည်း ဝယ်ပစ်မှာ ” လို့ အသင်းဖော်တွေကို အော်ပြောခဲ့ဖူးပါတယ်တဲ့ ။ shwekhitonlinetv.com
၆ ။ ငယ်စဉ်က နှလုံးရောဂါရှိခဲ့တဲ့ ရော်နယ်လ်ဒို
ရော်နယ်လ်ဒို ရဲ့ ငယ်ဘ၀ ဟာ ခက်ခဲကြမ်းတမ်းမှု မျိုးစုံကို တွေ့ကြုံ ဖြတ်သန်းလာခဲ့ရတာကြောင့် ကလေးငယ်တစ်ယောက် အနေနဲ့ စိတ်ဝေဒနာ ရသွားပြီး နှလုံးရောဂါ ကို ခံစားခဲ့ရပါတယ် ။ ဒီ နှလုံးရောဂါကြောင့်ပဲ ရော်နယ်လ်ဒို ဟာ သူ့ရဲ့ ဘောလုံးကစားသမား ဘ၀ကို စွန့်လွှတ်ခံရခါနီးအထိ ဖြစ်ခဲ့ရတာပါ ။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ Sporting အသင်းမှာ ရှိတဲ့ ကျန်းမာရေး အဖွဲ့တွေက ရော်နယ်လ်ဒို ရဲ့ နှလုံးကို ခွံစိတ်ကုသပေးဖို့ အတွက် သူ့ရဲ့ မိဘတွေဆီကနေ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ် ။ shwekhitonlinetv.com
ခွဲစိတ်ခဲ့ပုံတော့ ဆရာဝန်တွေဟာ ရော်နယ်လ်ဒို နှလုံးအတွင်းက သွေးလမ်းကြောင်းတွေကို လေဆာ အသုံးပြုပြပြီး တိုးမြှင့်ပေးခဲ့ပါတယ် ။ ဒီလို လုပ်ပေးလိုက်ခြင်းဖြင့် သူ့ရဲ့ နှလုံး အတွင်းမှာရှိတဲ့ သွေးလည်ပတ်မှု စနစ်ဟာ ပုံမှန်အတိုင်း ပြန်ကောင်းလာပါတော့တယ် ။ ဆရာဝန်တွေရဲ့ ကြိုးစားပမ်းစား ကုသပေးခဲ့မှုတွေကြောင့် ရော်နယ်လ်ဒို ယနေ့အချိန်မှာတော့ မြက်ခင်းစိမ်းတွေပေါ်မှာ အောင်မြင်မှုတွေကို ရယူနိုင်နေပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးခဲ့တာကတော့ ရော်နယ်လ်ဒို နဲ့ ပတ်သတ်ပြီး လူတိုင်းမသိကြသေးတဲ့ ငယ်ဘဝက အကြောင်းအရာလေး တစ်ချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်…. shwekhitonlinetv.com